စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်က အကြမ်းဖက်စစ်ကောင်စီရဲ့ ကန့်ဒေါင့်ရဲစခန်းက ရဲတပ်ကြပ် ၁ ယောက် လက်နက်နဲ့အတူ အလင်းဝင်လာတာကြောင့် ငွေကျပ် ၈၁ သိန်း ဆုချီးမြှင့်ခဲ့တယ်လို့ ပုလဲမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့(ပအဖ) က ထုတ်ပြန်ထားပါတယ်။

(ဓာတ်ပုံ ပုလဲမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့)

ပုလဲမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့(ပအဖ)နဲ့ ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) တို့ဆီကို အောက်တိုဘာ ၂၆ ရက် မနေ့က အကြမ်းဖက်စစ်ကောင်စီရဲ့ ကန်ဒေါင့်အခြေစိုက်စခန်းက ရဲတပ်ကြပ်တစ်ယောက်ဟာ G-3 တစ်လက်၊ ကျည်တချို့၊ လက်ပစ်ဗုံး ၁ လုံး တို့နဲ့အတူ အလင်းဝင်လာခဲ့တယ်လို့ သိရပါတယ်။

အလင်းဝင်လာတဲ့ ရဲတပ်ကြပ်ကို ပအဖ နဲ့ ပကဖတို့က ဂုဏ်ပြုဆုငွေကျပ်သိန်း (၈၀)၊ မြို့နယ်လူသားစာနာတာဝန်ခံက ငွေ တစ်သိန်းကျပ်နဲ့ အဝတ်အစားတွေ ထောက်ပံ့ပေးအပ်ခဲ့တယ်လို့ သိရပါတယ်။

(ဓာတ်ပုံ ပုလဲမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့)
0 Shares:
You May Also Like
Read More

အိုးဘိုထောင်မှာ နိုင်ကျဉ်း ၁ ဦး လုံလောက်တဲ့ ဆေးကုသခွင့်မရမှုကြောင့် သေဆုံး

မန္တလေး အိုးဘိုအကျဉ်းထောင်မှာ နိုင်ငံရေးအကျဉ်းသား ၁ယောက် လုံလောက်တဲ့ ဆေးကုသခွင့်မရတာကြောင့် သေဆုံးသွားတယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် PPNM ထံက သိရပါတယ်။ 
Read More

တပ်သားသစ်တွေ ထွက်ပြေးလို့ လိုက်ရှာတဲ့ စစ်တပ်စစ်ကြောင်း တိုက်ခိုက်ခံရ၊ စစ်သား ၂ ဦး သေဆုံး

ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်မှာ စစ်ကောင်စီတပ်တွေဟာ တပ်သားသစ် ၃ ယောက် ထွက်ပြေးတာကို လိုက်ရှာစဉ်မှာ တော်လှန်ရေးတပ်တွေနဲ့ တိုက်ပွဲဖြစ်ပွားပြီး ၂ ယောက်သေဆုံးခဲ့တယ်လို့ သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ က သတင်းထုတ်ပြန်လာပါတယ်။ 
Read More

စစ်ကိုင်းတိုင်းရှိ NUG စိုးမိုးထိန်းချုပ်နယ်‌မြေအတွင်း မူးယစ်ဆေးဝါး ရောင်းဝယ် သုံးစွဲနေသူများကို မြို့နယ် ပလဖ ဖမ်းဆီးထိန်းသိမ်း

စစ်ကိုင်းတိုင်း၊ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) စိုးမိုးထိန်းချုပ်နယ်မြေအတွင်းရှိ မြို့နယ်တစ်ခုမှာ မူးယစ်ဆေးဝါး ဖြန့်ဖြူးရောင်းချနေသူတွေကို မြို့နယ်ပြည်သူ့လုံခြုံရေးတပ်ဖွဲ့က ဖမ်းဆီးရမိခဲ့တယ်လို့ NUG ပြည်ထဲရေးနဲ့ လူမှုဝင်ကြီးကြပ်ရေး ဝန်ကြီးဌာနက ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (K.N.D.O) တပ်ရင်း (၇) ၏ အပတ်စဉ် (၁) သတင်းတန်းဆင်းပွဲ (ဓာတ်ပုံသတင်း)

ကရင်အမျိုးသားအစည်အရုံး (KNU) ၊ မြိတ်−ထားဝယ်ခရိုင်၊ လယ်မူလားမြို့နယ်အတွင်း ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (K.N.D.O) တပ်ရင်း (၇) ရဲ့ အပတ်စဉ် (၁) သင်တန်းဆင်းပွဲကို မေလ (၂၅) ရက်မှာ ပြုလုပ်ခဲ့တယ်လို့ KNU က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

စစ်ရှောင်များအတွက် လှူဒါန်းမှုနှင့် ကျန်းမာရေးစောင့်ရှောက်မှု ပေးခဲ့သည့် ကလလတ ရဲဘော်ရဲမေများ (ဓာတ်ပုံသတင်း)

ကရင်နီပြည် လူမျိုးပေါင်းစုံ ပြည်သူ့လွတ်မြောက်ရေးတပ်ဦး (ကလလတ) စစ်ဗျူဟာ၂ ၊ တပ်ရင်းအမှတ် ၉၄၂၁ တပ်ရင်းက ဆေးမှူးနဲ့အတူ ရဲဘော်ရဲမေတွေ၊ တပ်ရင်းအမှတ် ၉၄၂၅ က ရဲဘော်ရဲမေတွေဟာ ကရင်နီပြည်ရှိ စစ်ရှောင်စခန်း တစ်ခုဆီ အဝတ်အထည်တွေ လှူဒါန်းပေးပြီး ကျန်းမာရေးစောင့်ရှောက်မှုတွေကို အလှူရှင်နဲ့အတူ လုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။
Read More

ဧရာဝတီတိုင်းထဲက ရဲစခန်းတွေ စခန်းတစ်ခုကို ရဲ ၅ယောက်နှုန်း ရခိုင်နယ်စပ် ပို့ပေးနေရ

ဧရာဝတီတိုင်း ၂၆ မြို့နယ်မှာရှိတဲ့ စစ်ကောင်စီလက်အောက်ခံ ရဲတပ်ဖွဲ့ဝင်တွေကို တိုင်းရဲမင်းကြီးအမိန့်နဲ့ ရခိုင်နဲ့ထိစပ်ရာ ဒေသတွေဆီ ပို့ပေးနေရတယ်လို့ ရဲတပ်ဖွဲ့နဲ့ နီးစပ်သူတွေဆီက သိရပါတယ်။