စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်၊ စီပါကျေးရွာမှာ အာဏာသိမ်း အကြမ်းဖက်စစ်တပ်ရဲ့ လူမဆန်စွာ သတ်ဖြတ်မှုကြောင့် ပြီးခဲ့တဲ့ရက်ပိုင်းက ဒေသခံတွေ သေဆုံးခဲ့ရပြီး သေဆုံးသူတွေအတွက် ပရိတ်တရားနာ ပြုလုပ်ပေးခဲ့တယ်လို့ သိရပါတယ်။

အသတ်ခံရတဲ့ ဒေသခံတွေဟာ ခြေလက် ကိုယ်အင်္ဂါအစိတ်အပိုင်းတွေ ဖြတ်တောက်ခံခဲ့ရပြီး နေအိမ်ခြံစည်းရိုးမှာပါ ချိတ်ဆွဲခံထားရတဲ့ မြင်ကွင်းဓာတ်ပုံတွေကို မြန်မာပြည်သူတွေ စိတ်မချမ်းမြေ့ဖွယ်ရာ တွေ့မြင်ခဲ့ရပါတယ်။

ယနေ့ပြုလုပ်ခဲ့သည့် ပရိတ်တရားနာပွဲ (ဓာတ်ပုံ CJ)
ယနေ့ပြုလုပ်ခဲ့သည့် ပရိတ်တရားနာပွဲ (ဓာတ်ပုံ CJ)

လူမဆန်စွာ ညှင်းပန်းနှိပ်စက် သတ်ခံခဲ့ရတဲ့သူတွေအပြင် ရွာအစပ်တွေမှာပါ မီးရှို့သတ်ဖြတ်ခံရသူတွေလည်း ရှိတယ်။ ကျေးရွာတစ်ခုလုံးလည်း မီးရှို့ဖျက်ဆီးခံထားရပြီး သုသာန်တစ ပုံစံကြီးဖြစ်နေပြီ။ အကြမ်းဖက်စစ်တပ်ရဲ့ သတ်ဖြတ်ခံရမှုကြောင့် သေဆုံးခဲ့ရသူတွေကို ပရိတ်တရားနာ ပြုလုပ်ပေးခဲ့ကြတာဖြစ်ပါတယ်လို့ စစ်ဘေးရှောင် ဒေသခံတစ်ယောက်က ပြောပါတယ်။

စီပါကျေးရွာကို စစ်ကြောင်းထိုးဝင်ရောက်လာတဲ့အကြမ်းဖက်စစ်တပ်ဟာ အောက်တိုဘာလ ၁၁ရက် နေ့ကတည်းက ဘုတလင်မြို့နယ်အတွင်း ဝင်ရောက်ကာ ဒေသခံတချို့ကို သတ်ဖြတ်နေခဲ့တာပါ။  အောက်တိုဘာလ ၁၇ ရက်နေ့မှာ စီပါကျေးရွာကိုဝင်ရောက်ကာ ဒေသခံ ၆ ယောက်ကို ကိုယ်လက်အင်္ဂါ အစိတ်ပိုင်းတွေဖြတ်တောက်ကာ လူမဆန်စွာ သတ်ဖြတ်ခဲ့တာဖြစ်ကြောင်း သိရပါတယ်။

အောက်တိုဘာ ၁၇ ရက်နေ့က အကြမ်းဖက်စစ်တပ်၏ ဖျက်ဆီးမှုများ (ဓာတ်ပုံ CJ)
အောက်တိုဘာ ၁၇ ရက်နေ့က အကြမ်းဖက်စစ်တပ်၏ ဖျက်ဆီးမှုများ (ဓာတ်ပုံ CJ)

အကြမ်းဖက်စစ်တပ်ဟာ ဘုတလင်မြို့နယ်အတွင်းက ကျေးရွာတွေကို ဝင်ရောက်စီးနင်ကာ အောက်တိုဘာလ ၁၁ ရက်ကနေ အောက်တိုဘာ ၂၁ရက်အထိ ဒေသခံအရပ်သား ၂၄ ယောက်အထိ သတ်ဖြတ်ခဲ့ပြီး နယ်မြေအခြေအနေအရ ပျောက်ဆုံးနေသူ အများအပြားလည်း ရှိတယ်လို့ သိရပါတယ်။ လက်ရှိ အဲဒီစစ်ကြောင်းဟာ နမခ ဘက်ကို ပြန်လည်ဆုတ်ခွါသွားပြီး ဒေသခံတချို့ကိုလည်း ဓားစာခံအဖြစ် ခေါ်ဆောင်သွားတယ်လို့ သိရပါတယ်။

(ဓာတ်ပုံ U Pyay)
0 Shares:
You May Also Like
Read More

“ဖိရင်ကြွမယ် ထိရင်ချမယ်” ဆိုတဲ့ ရန်ကုန်မြို့က စစ်အာဏာရှင် ဆန့်ကျင်ရေးလှုပ်ရှားမှု (ဓာတ်ပုံသတင်း)

စစ်ကောင်စီကို နည်းမျိုးစုံနဲ့တွန်းလှန်နေမှာဖြစ်ကြောင်း တော်လှန်လူငယ်တွေက ရန်ကုန်မြို့တစ်နေရာမှာ အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှုကို မနေ့က အောက်တိုဘာလ ၅ ရက်နေ့မှာ  ကျင်းပပြုလုပ်ခဲ့ကြပါတယ်။
Read More

နေပြည်တော်တိုင်းစစ်ဌာန၊ ဆေးတပ်ဌာနခွဲရဲ့ ရှေ့တန်းစစ်မြေပြင် ဆေးတပ်သားသင်တန်းဆင်းပွဲ (ဓာတ်ပုံသတင်း)

ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်၊ နေပြည်တော်တိုင်းစစ်ဌာန၊  ဆေးတပ်ဌာနခွဲကနေ ဦးစီးပြုလုပ်တဲ့ ရှေ့တန်းစစ်မြေပြင် ဆေးတပ်သားသင်တန်းရဲ့သင်တန်းဆင်း ပွဲအခမ်းအနားကို စက်တင်ဘာ ၂၇ရက်မှာ ပြုလုပ်ခဲ့တယ်လို့ Nay Pyi Taw PDF က ဒီနေ့မှာ သတင်းဓာတ်ပုံတွေ ထုတ်ပြန်လာပါတယ်။
Read More

ဒေါ်ဆောင်ဆန်းစုကြည် နှလုံးပိုင်းဆိုင်ရာ ကျန်းမာရေးအခြေအနေ ဆိုးရွားနေပေမယ့် နှလုံးရောဂါ အထူးကုဆရာဝန်ဖြင့် ပြသခွင့် စစ်တပ် ငြင်းပယ်

အကြမ်းဖက်စစ်အုပ်စု မတရားဖမ်းဆီး အကျဥ်းချထားတဲ့ အသက် (၈၀) အရွယ် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ နှလုံးပိုင်းဆိုင်ရာ ကျန်းမာရေးအခြေအနေ ဆိုးရွားနေတယ်လို့ သားဖြစ်သူ ကင်မ်အဲရစ် (ခ) ကိုထိန်လင်းက ပြောဆိုလိုက်ပါတယ်။
Read More

တောင်ငူမြို့နယ်က တောင်ပိုင်းတိုင်းစစ်ဌာနချုပ်(တပခ) ကို ၁၀၇ မမ ရှော့တိုက်ဒုံးတွေပစ်ခတ်တိုက်မှု အထိအခိုက်များနိုင်

ပဲခူးတိုင်း၊ တောင်ငူမြို့နယ်က အကြမ်းဖက်စစ်ကောင်စီရဲ့တောင်ပိုင်းတိုင်းစစ်ဌာနချုပ် (တပခ) ကို ၁၀၇ မမ ရှော့တိုက်ဒုံးတွေ ပစ်ခတ်တိုက်ခိုက်မှု​မှာ တပခ ဝန်းထဲ ထိခိုက်မှုတွေများနိုင်ကြောင်း Brave Warriors For Myanmar (BWM) တာဝန်ရှိသူက မောင်းကို ပြောပါတယ်။
Read More

စစ်တပ်ကြောင့် ပြည်ပထွက်ပြေးနေရသည့် မြန်မာလုပ်သားများကို လိုက်လံ ကာကွယ်ပေးဦးမည်ဟု ခင်ရီ ပြော

အကြမ်းဖက်စစ်တပ် အာဏာသိမ်းမှုကြောင့် မြန်မာနိုင်ငံသား အများအပြား ပြည်ပနိုင်ငံတွေကို ရွှေ့ပြောင်းနေထိုင်နေရသည့်တိုင် အဆိုပါ အာဏာသိမ်းစစ်ဗိုလ်ချုပ်တွေနဲ့ ဖွဲ့စည်းထားတဲ့ ကြံ့ခိုင်ရေးပါတီက ပြည်ပရောက် မြန်မာလုပ်သားတွေကို ကာကွယ်ပေးဦးမယ်လို့ မဲဆွယ်ပြောကြားနေပါသေးတယ်။
Read More

မန္တလေးမြို့ရှိ၊ Golden City Hotel အဆောက်အအုံအောက်ကနေ အလောင်း ၂ လောင်း ထပ်မံတူးဖော်ရရှိ

စစ်ကိုင်း ငလျင်ကြီးဒဏ်ကြောင့် ပြိုကျခဲ့တဲ့ မန္တလေးမြို့ရှိ Golden City Hotel အဆောက်အအုံကနေ အလောင်း ၂ လောင်း ထပ်မံတူးဖော်ရရှိခဲ့တယ်လို့ စစ်ကောင်စီရဲ့ မီးသတ်တပ်ဖွဲ့က ဒီနေ့ ထုတ်ပြန်ပါတယ်။