စစ်ကောင်စီကို ထောက်ပံ့ကူညီနေတဲ့ AVIC ကနေ Airbus ရဲ့ရင်းနှီးမြှုပ်နှံမှုတွေ ဖယ်ရှားဖို့ တော်လှန်ပြည်သူတွေပါ၀င်တဲ့ ဖိအားပေးတောင်းဆိုမယ့် လှုပ်ရှားမှု တစ်ရပ်ကို အောက်တိုဘာလ ၂၅ ရက်နေ့ကစတင်လိုက် ပြီဖြစ်ပါတယ်။
အရပ်ဖက်အဖွဲ့အစည်းအများစု တောက်လျှောက်ဖိအားပေးပြောဆိုနေတဲ့ AVIC ထံကနေ Airbus ရဲ့ ရင်းနှီးမြှုပ်နှံမှုတွေ ထွက်ခွါဖို့ ဖိအားပေးပြောဆိုမှုတွေကနေ ပြည်သူတစ်ရပ်လုံးပါ၀င်တဲ့ လှုပ်ရှားမှုတစ်ရပ်ကိုစတင်လိုက်တာပါ။
လှုပ်ရှားမှုဟာ အောက်တိုဘာလ၂၅ ရက်ကနေ ၃၁ရက်နေ့အထိပြုလုပ်သွားမှာဖြစ်ပြီး အွန်လိုင်းနဲ့မြေပြင်ကမ်ပိန်းများအဓိက ပါ၀င်သွားမှာလည်းဖြစ်ပါတယ်။
စစ်အုပ်စု လေတပ်တစ်ခုလုံးရဲ့ အသက်သွေးကြောဖြစ်တဲ့ တရုတ်နိုင်ငံပိုင် AVIC ကုမ္ပဏီဟာစစ်အုပ်စုအား လေယာဉ်များ၊ လေယာဉ်တပ် လက်နက်များ၊ နည်းပညာများအား ပံ့ပိုးရောင်းချလျက်ရှိပြီး စစ်အုပ်စု၏ လေယာဉ်အားလုံးကို ပြန်လည်ပြုပြင်ထိန်းသိမ်းပေးလျက်ရှိပါတယ်။
တရုတ်အစိုးရ၏ လူ့အခွင့်အရေးဆိုင်ရာ စည်းမျဉ်းစည်းကမ်းများအား လေးစားလိုက်နာမှုမရှိခြင်းများနှင့် စစ်အုပ်စုကို အဓိက အားပေးကူညီနေမှုများကိုအဆုံးသတ်နိုင်ဖို့ တက်ကြွလှုပ်ရှားတဲ့ အရပ်ဖက်အဖွဲ့အစည်းတွေက ဦးဆောင်သွားမှာဖြစ်ပါတယ်။
Airbus to Airstirkes လှုပ်ရှားမှုဟာအရပ်သားပြည်သူများ၏ အသက်အိုးအိမ်ဆုံးရှုံးနစ်နာမှုများကိုကာကွယ်ရန် သာမက စစ်အာဏာရှင်စနစ်ပြုတ်ကျကာ တော်လှန်ရေး တခုလုံး အမြန်ဆုံး အောင်နိုင်ရေးတို့အတွက်ပါ တိုက်ရိုက် သက်ဆိုင်နေလို့ တော်လှန်ပြည်သူများ တက်နိုင်တဲ့ အပိုင်းမှ ပါဝင်ပေးကြပါဖို့ နှိုးဆော် တိုက်တွန်းထားပါတယ်။
0 Shares:
You May Also Like
Read More

သီပေါမှာ စစ်ကောင်စီတပ်ရဲ့ လက်ကျန်မြေမြှုပ်မိုင်းကို အရပ်သား ၂ ယောက်က ဖြုတ်ယူရာမှာ ပေါက်ကွဲပြီး သေဆုံး

ရှမ်းပြည်နယ်မြောက်ပိုင်း၊ သီပေါမြို့မှာ စစ်ကောင်စီတပ်ရဲ့ လက်ကျန်မြေမြှုပ်မိုင်းကို အရပ်သား အမျိုးသား (၂) ယောက်က ဖြုတ်ယူရာမှာ ပေါက်ကွဲပြီး သေဆုံးသွားခဲ့တယ်လို့ တအာင်းတပ်မတော် TNLA က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ဖယ်ခုံအင်းအရှေ့ခြမ်း PDF အဖြစ် စတင်ဖွဲ့စည်းခဲ့တဲ့ ဖယ်ခုံမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ် တပ်ရင်း-၂ တပ်ရင်းဖွဲ့စည်းမှု (၄)နှစ်ပြည့်ပြီ…

ဖယ်ခုံအင်းအရှေ့ခြမ်း PDF အဖြစ် စတင်ဖွဲ့စည်းခဲ့ပြီး လက်ရှိ အမျိုးသားညီညွှတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန လက်အောက်ခံတပ်ရင်း- ဖယ်ခုံမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ် တပ်ရင်း-၂ (၁၀၀၆တပ်ရင်း) က တပ်ရင်း ဖွဲ့စည်းမှု ၄ နှစ်ပြည့်ပြီဖြစ်တယ်လို့ ထုတ်ပြန်ထားပါတယ်။
Read More

သံလွင်တိုင်းမ် သတင်းဌာန အယ်ဒီတာချုပ်ရဲ့ နေအိမ်ကို စစ်ကောင်စီ ချိတ်ပိတ်

မွန်ပြည်နယ်၊ မော်လမြိုင်၊ ထားဝယ်စုရပ်ကွက်မှာရှိတဲ့ သံလွင်တိုင်းမ်သတင်းဌာန အယ်ဒီတာချုပ်ဖြစ်သူရဲ့ နေအိမ်ကို စစ်ကောင်စီက လာရောက်ချိတ်ပိတ်သွားတယ်လို့ သိရပါတယ်။
Read More

Sky Villa ကွန်ဒိုမှ ရုပ်အလောင်း ၁၀ လောင်း ထပ်မံတွေ့ရှိ

အင်အားပြင်း ငလျင်ကြောင့် ပြိုကျပျက်စီးခဲ့တဲ့ Sky Villa ကွန်ဒိုအဆောက်အဦးကနေ စုစုပေါင်း ရုပ်အလောင်း (၁၀)လောင်းကို ဒီနေ့ ဧပြီလ ၇ ရက်နေ့မှာ ထပ်မံရှာဖွေတွေ့ရှိခဲ့တယ်လို့ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့က ထုတ်ပြန်ပါတယ်။
Read More

ဝမ်ပေါင်ရဲ့ ကြေးနီသယ်ယဉ်တန်းကို လုံခြုံရေးယူပေးတဲ့ စစ်ကောင်စီကားတန်းကို တိုက်ခိုက်ရာ ၂ ယောက် ဒဏ်ရာရပြီး ကား ၂ စီးပျက်စီး…

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်၊ ဝမ်ပေါင်ကနေ ထွက်လာတဲ့ ကြေးနီသယ်ယဉ်တန်းကို လုံခြုံရေးယူပေးတဲ့ စစ်ကောင်စီကားတန်းကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ ၂ ယောက် ဒဏ်ရာရပြီး ကား ၂ စီးပျက်စီးခဲ့တယ်လို့ Black Eagle Defence Force-MMU က သတင်းထုတ်ပြန်လာပါတယ်။
Read More

ပန်ဝါ နယ်ခြားစောင့်တပ်ထံက လက်နက်ခဲယမ်းမျိုးစုံ ၁၀၀ ကျော်ကို သိမ်းဆည်းရရှိ

ကချင်ပြည်နယ် ပန်ဝါဒေသက  စစ်ကောင်စီလက်အောက်ခံ နယ်ခြားစောင့်တပ် (BGF) -၁၀၀၂ တပ်ဌာနချုပ်ကို KIA က တိုက်ခိုက်သိမ်းပိုက်မှုအပြီး လက်နက်ခဲယမ်းမျိုးစုံ ၁၀၀ ကျော် သိမ်းဆည်းရရှိခဲ့ကြောင်း ကချင်စစ်ရေးသတင်းအရင်းအမြစ်တွေက ဖော်ပြလာပါတယ်။