မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်မှာ သီတာယုမွန် လက်အောက်ခံပျူစောထီးတွေက ကုန်စုံဆိုင်ပိုင်ရှင်အမျိုးသမီးတစ်ယောက်ကို ဓားပြတိုက်သတ်ဖြတ်ပြီး လက်ဝတ်ရတနာတွေ ယူဆောင်သွားတယ်လို့ မြင်းခြံလူထုလှုပ်ရှားမှုကော်မတီဆီက သိရပါတယ်။
အောက်တိုဘာလ ၂၄ ရက် မနက်အစောပိုင်းက မြင်းခြံမြို့နယ်၊ ကူရွာမှာနေထိုင်တဲ့ ကုန်စုံဆိုင်ပိုင်ရှင်အသက် ၅၅ နှစ်အရွယ် အမျိုးသမီးတစ်ယောက်ကို ဆိုင်ကယ် ၃ စီး နဲ့ လူ ၆ ယောက်က လက်နက်အပြည့်အစုံတွေနဲ့ ဓားပြတိုက်ခိုက်ခဲ့ကြတာ ဖြစ်ပါတယ်။
ဓားပြတွေဟာ နစ်နာသူအမျိုးသမီးဆီက တန်ဖိုးကြီးလက်ဝတ်လက်စားပစ္စည်းတွေ ယူဆောင်သွားသလို လူကိုလည်း ဓားနဲ့အရင်ထိုးသတ်ပြီးမှ သေနတ်တွေနဲ့ ပစ်ခတ်သွားတယ်လို့ သိရပါတယ်။
” မနက်ခင်း ၅ နာရီလောက်မှာ ကူရွာထဲဝင်ပြီးဓားပြတိုက်ကြတာ ။ လူကို ရင်ဝ ဓားနဲ့အရင်ထိုးပြီးမှ သေနတ်နဲ့ ပစ်သတ်သွားကြတယ်ပေါ့။ သူတို့လာတာက ဆိုင်ကယ် ၃ စီး၊ လူ ၆ ယောက်၊ ဒါပေမယ့် သူတို့နောက်မှာ ကားတွေပါပါတယ်။ ခဏနေတော့ ရဲတွေရောက်လာတယ်။ Dead Body ကိုပြန်သယ်သွားတယ်ပေါ့။ မသိရင် PDF ကလုပ်တဲ့ပုံစံလုပ်တာပေါ့။ သီတာယုမွန်တပည့်တွေလုပ်တာပါ။ ကျနော်တို့က စစ်ကြောင်းထိုးမယ်ပဲထင်ပေမယ့် ဓားပြတိုက်လူသတ်သွားတာပါ။ ” လို့ Myingyan Black Tiger ( MBT) အဖွဲ့ခေါင်းဆောင် ဗိုလ်မိုက်ခဲက မောင်းသတင်းဌာနကို ပြောပါတယ်။
ထိတွေ့မှုတွေရှိနေတဲ့ မြင်းခြံခရိုင် ထဲက မြို့နယ်တွေမှာ အကြမ်းဖက်စစ်အုပ်စုလက်ဝေခံ သီတာယုမွန်ခေါင်းဆောင်တဲ့ ပျူစောထီးအဖွဲ့တွေက PDF အယောင်ဆောင်ပြီး မကြာခဏ ဆိုသလို ဓားပြမှု၊ လုယက်မှုတွေ ကျူးလွန်တတ်တယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။
” ကျနော်တို့သိရသလောက်ဆို ပျူတွေက မြင်းခြံခရိုင်ထဲအပြင် ပုဂံ၊ ညောင်ဦးဘက်တွေမှာပါ ဓားပြမှုတွေကျူးလွန်တက်ကြပါတယ်။ တစ်ခါတစ်ရံ မြင်းခြံမြို့ထဲထိတောင်တိုက်တက်ပါတယ်။ ဓားပြတိုက်တဲ့အခါ PDF ယူနီးဖောင်းတွေဝတ်တိုက်တက်တာရှိသလို ကျနော်တပ်ဖွဲ့ဝင်တွေလိုမျိုး ဆင်တူရိုးမှား လည်စီးအနီတွေသုံးလာတာလည်းတွေ့ရပါတယ်။ ဒါပေမယ့်ကျနော်တို့က MBT တံဆိပ်ပါပါတယ်။ ” လို့ Myingyan Black Tiger ( MBT) အဖွဲ့ခေါင်းဆောင် ဗိုလ်မိုက်ခဲက မောင်းကိုပြောပါတယ်။
လက်ရှိမှာ ဓားပြမှုဖြစ်ပွားခဲ့တဲ့ ကူရွာအပြင် ကွမ်းစိုက်၊ ခြေဆေးစတဲ့ကျေးရွာတွေက အရပ်သားတော်တော်များဟာလည်း စစ်အုပ်စုရဲ့လေယာဥ်သုံးမီးရှို့မယ်ဆိုတဲ့ ခြိမ်းခြောက်ရထားတဲ့အတွက် ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေရတယ်လို့လည်း သိရပါတယ်။
ပုံစာ – အကြမ်းဖက်သီတာယုမွန် နဲ့ နောက်လိုက်များ (ပုံဟောင်း)
0 Shares:
You May Also Like
Read More

အာဏာသိမ်းမှု ၄ နှစ်အတွင်း မြို့နယ်ပေါင်း ၂၀၃ ခုမှာ ဆက်သွယ်ရေးလိုင်းပြတ်တောက်မှု အကြိမ် ၄၆၀ အထိ ဖြစ်ပွားခဲ့

စစ်တပ်က အာဏာသိမ်းထားတဲ့ ၄ နှစ်တာ ကာလအတွင်း နိုင်ငံတစ်ဝန်းက  မြို့နယ်ပေါင်း ၂၀၃ မြို့နယ်မှာ ဆက်သွယ်ရေးလိုင်း ပြတ်တောက်မှု အကြိမ်ရေ ၄၆၀ အထိ ဖြစ်ပွားခဲ့တယ်လို့ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်အရေး လှုပ်ရှားနေတဲ့ အသံအဖွဲ့က မတ် ၁၂ ရက်နေ့မှာ ထုတ်ပြန်လိုက်ပါတယ်။
Read More

ပြည်မြို့တွင် စစ်ကော်မရှင် လက်အောက်ခံ အချင်းချင်း ပေါ်တာမှားဆွဲမှု ဖြစ်ပွား

ပဲခူးတိုင်း၊ ပြည်မြို့မှာ စစ်ကော်မရှင်လက်အောက်ခံ တပ်ဖွဲ့ဝင်အချင်းချင်း ပေါ်တာဆွဲဖမ်းဆီးတာနဲ့ ပတ်သက်ပြီး အချင်းများကာ ရိုက်နှက်ဖမ်းဆီးမှုတွေအထိ ဖြစ်ပွားခဲ့တယ်လို့ ဒေသတွင်း သတင်းရင်းမြစ်တွေဆီက သိရပါတယ်။ 
Read More

စစ်ခေါင်းဆောင်နှင့် အရာရှိများကို ဆဲဆိုဝေဖန်ခဲ့သည့် စစ်တပ်လော်ဘီ ဇော်ဘုန်းဟိန်း အလုပ်နှင့် ထောင်ဒဏ် ၁၁ နှစ် ချမှတ်ခံရ

"ဇော်ဘုန်းဟိန်း ထောင် ၁၁ နှစ်ကျတာ မဖြစ်သင့်ဘူးတဲ့။ ဒါကိုတော့ ကိုယ် လက်ခံတယ်။ လုံးဝ ၁၁ နှစ် မဖြစ်သင့်ဘူး။ without ကားတွေ ဖမ်းမယ်ဆိုမှ without ကား စီးပြတာ။ လက်နက်တွေကို အရေးယူမယ်ဆိုမှ သေနတ်တကားကားနဲ့ TT ဆော့ပြခဲ့တာတွေ ရှိသေးတယ်။ အဲ့ကိစ္စနှစ်ခုအတွက် နောက် နှစ်မှု ထပ်ကပ်သင့်သေးတာ.... အဲ့နှစ်မှု ထပ်ကပ်ပြီး အားလုံး ထောင် ၁၂ နှစ် ခွဲလောက်ဆိုမှ ဖြစ်သင့်တာ..." လို့ သူ့ရဲ့ လူမှုကွန်ရက်စာမျက်နှာမှာ ဖော်ပြရေးသားခဲ့ပါတယ်။
Read More

ရွှေသောင်ယံမြို့နယ်အတွင်းမှာ တိုက်ပွဲဖြစ်ပွားနေရာ အကြမ်းဖက်စစ်တပ်က လေယာဥ်နဲ့ပါ ဗုံးကြဲနေ…

ဧရာဝတီတိုင်း၊ ရွှေသောင်ယံမြို့နယ်အတွင်းမှာ ရက္ခိုင့်တပ်တော် AA ဦးဆောင်တဲ့ ပူပေါင်းတော်လှန်ရေးတပ်ဖွဲ့တွေနဲ့ အကြမ်းဖက်စစ်တပ်တို့ ဇန်နဝါရီလ ၁၆ ရက် ညနေပိုင်းက တိုက်ပွဲ ဖြစ်ပွားခဲ့ရာ အကြမ်းဖက်စစ်တပ်က လေကြောင်းကနေ ဗုံးကြဲတာတွေ လုပ်ဆောင်နေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
Read More

စစ်ကော်မရှင်တပ်သားများ မုဒိမ်းကျင့်၊ လူသတ်၊ ခိုးယူ၊ မီးရှို့မှုများ လုပ်ဆောင်ကြကြောင်း အလင်းဝင်လာသည့် ၂ ပွင့်ဗိုလ် ပြောပြ

ကချင်ပြည်နယ်၊ ဗန်းမော်မြို့ စစ်ကော်မရှင် အမြောက်တပ် (၃၆၆) က ၂ ပွင့်အဆင့်ရှိ ဗိုလ်လောင်းတစ်ယောက် ဒေါင်းညီနောင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံ စက်တင်ဘာ ၆ ရက်မှာ အလင်းဝင်လာတယ်လို့ သိရပါတယ်။
Read More

တီးတိန်မြို့ ခလရ ၂၆၈ က စစ်ကောင်စီတပ်သား လက်နက်နဲ့အတူ အလင်း၀င်ရောက်လာ

ချင်းပြည်နယ်၊ တီးတိန်မြို့ အခြေစိုက် ခလရ ၂၆၈ တပ်ရင်းက တပ်သား ၁ ယောက်ဟာ လက်နက်တွေ ယူဆောင်လာပြီး အလင်းဝင်လာလို့ ငွေကျပ်သိန်း ၅၀ ချီးမြှင့်ခဲ့ကြောင်း ဂန့်ဂေါမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံက သိရပါတယ်။