စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်က ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ ခေါင်းဆောင်နဲ့ လူသားစာနာတာဝန်ခံ၊ တိုက်နယ် ပအဖ ခေါင်းဆောင်တွေပ တောင်ယမားဆည်ဆီ သွားရောက်ပြီး ဆည်ရေအခြေအနေ၊ ရေပိုလွှဲကနေ ရေကျော်နေမှုနဲ့ ရေလွှတ်မြောင်းမကြီးက ရေလွှတ်ထားရှိမှုတို့ကို သွားရောက်ကြည့်ရှုခဲ့တယ်လို့ ပုလဲမြို့နယ် ပအဖ က ထုတ်ပြန်ထားပါတယ်။

အောက်တိုဘာ ၂၅ ရက် ဒီနေ့ မွန်းလွဲပိုင်းမှာ ဆည်ရေမှတ် ၆၆၁ ထိ ကျဆင်းသွားပြီး ရေပိုလွှဲကနေ ၈ လက်မခန့်သာ ရေကျော်နေတာကြောင့် တောင်ယမား ချောင်းဘေးဝဲယာမှာ နေထိုင်ကြတဲ့ ပြည်သူတွေအနေနဲ့ စိုးရိမ်စရာ မရှိဘူးလို့ ပုလဲ ပအဖ က ဆိုပါတယ်။

တောင်ယမားဆည် အနီးကပ်စောင့်ရှောက်ရေးအဖွဲ့တို့နဲ့လည်း ပုလဲမြို့နယ် ပအဖ က ဆည်ကြံ့ခိုင်မှု၊ ရေလွှတ်မြောင်းမကြီးကနေ ရေလွှတ်ထားရှိမှုတို့ကို အသေးစိတ်ဆွေးနွေးခဲ့တယ်လို့ ပုလဲ ပအဖ က ဆိုပါတယ်။

ပုလဲမြို့နယ်အတွင်းရှိ ဆည် ၅ ခုမှာ လက်ရှိအချိန်အထိ ဆည်စ်ခုမှ စိုးရိမ်စရာ မရှိဘူးလို့လည်း ပုလဲမြို့နယ် ပအဖ က ထုတ်ပြန်ထားပါတယ်။

 

 

(ဓာတ်ပုံ ပုလဲမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့)

0 Shares:
You May Also Like
Read More

သီပေါရောက် စစ်ရှောင်များကို တအာင်းအမျိုးသမီးအဖွဲ့အစည်း စားနပ်ရိက္ခာ ကူညီထောက်ပံ့

ရှမ်းပြည်နယ်မြောက်ပိုင်း၊ သီပေါမြို့နယ်၊ ဆွတ်လန်းကျေးရွာမှာ ရောက်ရှိနေတဲ့ စစ်ဘေးရှောင်ပြည်သူတွေကို ပြီးခဲ့တဲ့ ဩဂုတ်လ ၂၈ ရက်က လိုအပ်တဲ့ စားနပ်ရိက္ခာတွေ သွားရောက် ကူညီထောက်ပံ့ပေးခဲ့တယ်လို့ တအာင်းအမျိုးသမီးအဖွဲ့အစည်းက ထုတ်ပြန်ပါတယ်။
Read More

Yangon Federal Army က တပ်သားသစ်တွေ ခေါ်ယူနေ

စစ်ကောင်စီကို တွန်းလှန်တိုက်ခိုက်လိုတဲ့ လူငယ်တွေအတွက် အခွင့်အရေးအဖြစ် Yangon Federal Army က တပ်သားသစ်တွေ ခေါ်ယူနေတယ်လို့ ဒီနေ့နိုဝင်ဘာလ ၁၅ ရက်နေ့မှာ အသိပေးထုတ်ပြန်ပါတယ်။
Read More

ယောဗျူဟာက ဂန့်ဂေါခရိုင် တပ်ရင်း ၅ ရင်းကို NUG ကာကွယ်ရေးဝန်ကြီးဌာန လက်နက်တပ်ဆင် (ဓာတ်ပုံသတင်း)

မကွေးတိုင်းအခြေစိုက် ယောဗျူဟာက ဂန့်ဂေါခရိုင် အမှတ် ၁၃၊ ၁၅၊ ၁၆၊ ၁၇၊ ၁၈ တပ်ရင်းတွေအနေနဲ့ ခရိုင်ကွပ်ကဲမှု လမ်းညွှန်ချက်တွေနဲ့အညီ ဗျူဟာဖွဲ့စည်းခဲ့ပြီး ဗျူဟာအတွက် လိုအပ်တဲ့ လက်နက်ခဲယမ်းတွေကို အမျိုးသားညီညွတ်ရေးအစိုးရ ၊ ကာကွယ်ရေးဝန်ကြီးဌာနက တပ်ဆင်ပေးခဲ့တယ်လို့ သိရပါတယ်။
Read More

ရန်ကုန်မြို့ အသံတိတ်သပိတ် မြင်ကွင်း (ဓာတ်ပုံသတင်း)

ဒီဇင်ဘာ ၁၀ ရက်၊ ဒီနေ့မှာကျရောက်တဲ့ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့မှာ အာဏာသိမ်းစစ်ကော်မရှင်ကို ဆန့်ကျင်ကြောင်း အသံတိတ်သပိတ် Silent Strike ဆင်နွှဲနေကြတဲ့ ရန်ကုန်မြို့ရဲ့ လူသူရှင်းလင်းနေတဲ့ မြင်ကွင်းတွေ ဖြစ်ပါတယ်။ “ငါတို့မြို့၊ ငါတို့ လှုပ်ချင်လှုပ်မယ်၊ ငါတို့ ငြိမ်ချင်ငြိမ်မယ်” ဆိုပြီး မနက် ၁၀ နာရီကနေ ညနေ ၃နာရီအထိ တနိုင်ငံလုံးအတိုင်းအတာနဲ့ အသံတိတ်သပိတ် ဆင်နွှဲကြဖို့ တော်လှန်ရေးအင်အားစုတွေက တိုက်တွန်းထားပါတယ်။
Read More

အင်းတော်မြို့သိမ်းတိုက်ပွဲ အောင်ပွဲရ ရဲဘော်များကို ပြည်သူများ သောင်သောင်းဖျဖျ ကြိုဆို… (ဓာတ်ပုံသတင်း)

စစ်ကိုင်းတိုင်းအထက်ပိုင်း အင်းတော်မြို့သိမ်းတိုက်ပွဲနဲ့အတူ အောင်ပွဲရ ပြင်ဦးလွင်ခရိုင်၊ အမှတ် - ၅၀၉ - ၅၁၀ -၅၁၂၊ ပြင်ဦးလွင်ခရိုင်တပ်ရင်း ၁ - ၂ တို့မှ ပြည်သူ့တော်လှန်ရေးတပ်ဖွဲ့ဝင်တွေကို ပြည်သူများက သောင်းသောင်းဖျဖျ ဂုဏ်ပြုကြိုဆိုခဲ့တယ်လို့ အဆိုပါတပ်ရင်းက ဒီကနေ့ ထုတ်ပြန်ပါတယ်။
Read More

ရေဦးတွင် ကင်းလှည့်ထွက်လာသည့် စစ်ကောင်စီတပ်ကို ဒရုန်းများဖြင့် ဗုံးကြဲတိုက်ခိုက်…

စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်၊ ရေဦးမြို့နယ်မှာ ကင်းပတ်ထွက်လာတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်ကို ဒရုန်းတွေနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ရွှေဘိုခရိုင် အမှတ် (၁၄) တပ်ရင်း - ပြည်သူ့ကာကွယ်ရေးတပ်မတော် (ရေဦး) က ဒီနေ့ ထုတ်ပြန်ပါတယ်။