မွန်ပြည်နယ်၊ ရေးသိမ်ဇရပ်ကားလမ်းမပေါ်ရှိ စံပြကျေးရွာအနီး တပ်စွဲထားတဲ့ ခမရ ၅၈၈ တပ်စခန်းကို တိုက်ခိုက်ချိန်က ကျဆုံးခဲ့တဲ့ တော်လှန်ရေးရဲဘော် ၂ ယောက်ရဲ့ စျာပနပုံရိပ်တွေကို ပြည်သူ့ကာကွယ်ရေးတပ်မတော် ၊ ဒေါနစစ်ကြောင်းက မနေ့က ထုတ်ပြန်ထားပါတယ်။

အဲ့ဒီတိုက်ပွဲအတွင်း ဗိုလ်ကြီးလှိုင်ဝင်းထွဋ်အပါအ၀င် စစ်ကောင်စီဘက်က ၅ ယောက် သေဆုံးပြီး ၃ ယောက် ဒဏ်ရာရရှိကာ MA1 ၁လက်၊ MA2 ၁လက်ကို သိမ်းဆည်းရမိခဲ့ပေမယ့် တော်လှန်ရေးပူးပေါင်းအဖွဲ့ဘက်က ၂ ယောက် ကျဆုံးကာ ၁ ယောက် ဒဏ်ရာရရှိခဲ့တာဖြစ်ပါတယ်။

 

(ဓာတ်ပုံ ဒေါနစစ်ကြောင်း)

0 Shares:
You May Also Like
Read More

PDF နဲ့ ပကဖတွေက စိုးမိုးနယ်မြေတွေအတွင်း အပတ်စဥ်ထုတ် စစ်သတင်းလွှာ ဖြန့်ဝေနေ

ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ စစ်ရုံးချုပ်အနေနဲ့ စိုးမိုးနယ်မြေတွေအတွင်း အင်တာနက်ပြတ်တောက်နေတဲ့ ပြည်သူတွေနဲ့ တော်လှန်ရေးရဲဘော်တွေ သတင်းအချက်အလက် ရရှိစေဖို့ စစ်သတင်းလွှာကို အပတ်စဥ် ထုတ်ဝေဖြန့်ချိနေတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။
Read More

၂၀၂၅ ခုနှစ်အတွင်း အလင်းဝင်သူနှင့် ဖမ်းမိသူ စစ်ကော်မရှင်တပ်သား ၂၂၀၀ ကျော် ရှိ

၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလကနေ အောက်တိုဘာလကုန် စတုတ္ထပတ်အထိ စစ်ကော်မရှင်တပ်ကနေ အလင်းဝင်ပူးပေါင်းသူနဲ့ လက်နက်ချ စစ်သုံ့ပန်းအရေအတွက် ၂၂၄၆ ယောက်ရှိတယ်လို့ ပြည်သူ့ပန်းတိုင်ထံက သိရပါတယ်။
Read More

ဝမ်းတွင်းမြို့အနီး ဗဟိုပြုပြီး ရစ်ချက်တာစကေး ၄.၂ အဆင့်ရှိ အင်အားအသင့်အတင့်ရှိတဲ့ မြေငလျင်တစ်ခု ထပ်မံလှုပ်ခတ်ခဲ့

မန္တလေးတိုင်း၊ ဝမ်းတွင်းမြို့အနီး မြေအောက်အနက် ၁၀ ကီလိုမီတာကို ဗဟိုပြုပြီး ရစ်ချက်တာစကေး ၄.၂ အဆင့်ရှိ အင်အားအသင့်အတင့်ရှိတဲ့ မြေငလျင်တစ်ခု ဧပြီလ ၁၉ ရက် ဒီနေ့ မနက် ၇နာရီ ၅၀ မိနစ်အချိန်မှာ ထပ်မံလှုပ်ခတ်ခဲ့တယ်လို့ NUG လူသားချင်း စာနာထောက်ထားရေးနဲ့ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဝန်ကြီးဌာနက သတိပေးထုတ်ပြန်ပါတယ်။
Read More

ရွေးကောက်ပွဲဥပဒေဖြင့် မတရား ဖမ်းဆီးခံထားရသူ ၇၇ ဦးထက်မနည်း ရှိပြီဟု AAPP ထုတ်ပြန်

အာဏာသိမ်းစစ်ကော်မရှင်ဟာ သူတို့ကျင်းပမယ့် အတုအယောင် ရွေးကောက်ပွဲနီးကပ်လာလေလေ ဝါဒဖြန့်မှုတွေ ပိုမိုလုပ်ဆောင်လာသလို ရွေးကောက်ပွဲအပေါ် ဝေဖန်သူတွေကိုလည်း ဖိနှိပ်ဖမ်းဆီးမှုတွေ ပိုမိုလုပ်ဆောင်လာရာ အခုဆိုရင် ရွေးကောက်ပွဲဥပဒေနဲ့ ဖမ်းဆီးခံရသူ ၇၇ ယောက်အထိ ရှိပြီလို့ နိုင်ငံရေးအကျဥ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က မနေ့က ထုတ်ပြန်ပါတယ်။
Read More

အကြမ်းဖက်စစ်တပ်ရဲ့ အတင်းအဓမ္မ တပ်သားသစ် စုဆောင်းခံရသူ (၆) ယောက် ဒေါနတပ်ရင်းဆီ အလင်းဝင်

ပြည်သူ့ကာကွယ်ရေးတပ်မတော် ၊ တောင်ပိုင်းတိုင်းစစ်ဒေသခွဲအမှတ် (၃) ၊ ဗျူဟာ(၃၃)၊ ဒေါနတပ်ရင်းနယ်မြေအတွင်းကို စစ်ကောင်စီတပ်က တပ်သား (၆) ယောက် အလင်းဝင်ရောက်ခဲ့တယ်လို့ အဆိုပါတပ်ရင်းက ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

အသက် ၂၀ ကစလို့ တော်လှန်ရေးတာဝန်များ ၄ နှစ်ကြာ ထမ်းဆောင်ပြီးနောက် တပ်စိတ်မှူး ရဲဘော် ပေါက်စ ကျဆုံး

ကရင်နီပြည်နယ်၊ မိုးဗြဲမြို့တစ်နေရာမှာ အကြမ်းဖက်စစ်ကောင်စီတပ်ကို ခုခံတော်လှန်တိုက်ခိုက်ရင်း ကျဆုံးခဲ့တဲ့ ရဲဘော်ပေါက်စရဲ့ စျာပနအခမ်းအနားကို ပြုလုပ်ခဲ့တယ်လို့ ပြည်သူ့လွတ်မြောက်ရေးတပ်ဦး - PLF က ထုတ်ပြန်ထားပါတယ်။