ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ်မှာ တိုက်ပွဲဝင်ရင်း ထောက်ပို့လုပ်နေတဲ့ စစ်ဒေသအမှတ် ၃ ကျားဖြူစစ်ကြောင်းက ရဲဘော်တစ်ယောက်ဟာ လိုအပ်တဲ့ စားနပ်ရိက္ခာ သယ်ဆောင်ရင်း ကားမတော်တဆမှုကြောင့် သေဆုံးသွားခဲ့တယ်လို့ သိရပါတယ်။

ကျဆုံးသွားခဲ့တဲ့ ရဲဘော် ထွန်းသော်သော် () TK ရဲ့ နာရေးကို ဒီနေ့ အောက်တိုဘာ ၂၅ ရက် နေ့လယ်မှာ ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။

(ဓာတ်ပုံ အင်တာနက်)

အောက်တိုဘာလ ၂၃ရက်နေ့က ကော့ကရိတ်မြို့နယ်ထဲမှာ ရိက္ခာသယ်ဆောင်စဥ် ကားမတော်တဆမှုဖြစ်လို့ ထိုင်းနိုင်ငံမှာ ဆေးကုသမှုခံယူနေရင်း သေဆုံးခဲ့ရတာပါ။ ကော့ကရိတ်မြို့နယ်အတွင်းမှာ အကြမ်းဖက်စစ်တပ်ကို တော်လှန်နေတဲ့ တပ်ဖွဲ့ဝင်တစ်ဦးမို့ သူရဲ့ နာရေးကို နိုင်ငံရေးတက်ကြွလှုပ်ရှားသူတွေ၊ တော်လှန်ရေးတပ်ဖွဲ့တာဝန်ရှိသူတွေ လိုက်ပါပို့ဆောင်ခဲ့ကြပါတယ်။ သက်ဆိုင်ရာ တော်လှန်ရေးတပ်ဖွဲ့ရဲ့ အမိန့်စာပြန်ပြီး မီးသင်္ဂြိုဟ်ခဲ့တယ်လို့ လိုက်ပါပို့ဆောင်တဲ့ နိုင်ငံရေးတက်ကြွလှုပ်ရှားသူတစ်ယောက်က မောင်းကို ပြောပါတယ်။

(ဓာတ်ပုံ အင်တာနက်)

ရဲဘော် ထွန်းသော်သော် () TK က စစ်တပ် အာဏာသိမ်းပြီးနောက် လက်နက်ကိုင်လမ်းစဥ် ရွေးချယ်ပြီး တော်လှန်ရေးတပ်ဖွဲ့တွေနဲ့အတူ ရှေ့တန်းစစ်မြေပြင်တွေမှာ ရွပ်ရွပ်ချွံချွံ တိုက်ပွဲဝင်နေသူတစ်ယောက်ပါလို့ သူနဲ့အတူ တိုက်ပွဲဝင်နေတဲ့ တော်လှန်ရေးတပ်ဖွဲ့ဝင် တစ်ယောက်ကလည်း ပြောပါတယ်။

ကော့ကရိတ်မြို့နယ်အတွင်း အကြမ်းဖက်စစ်တပ်က လက်နက်ရိက္ခာနဲ့ စစ်အင်အား အများအပြားဖြည့်တင်းမှုတွေ ပြုလုပ်နေပြီး အကြမ်းဖက်စစ်တပ်နဲ့ တော်လှန်ရေးတပ်ဖွဲ့တွေအကြား ထိတွေ့တိုက်ပွဲတွေ မကြာခဏဖြစ်ပွားနေတာ ဖြစ်ပါတယ်။

(ဓာတ်ပုံ အင်တာနက်)
(ဓာတ်ပုံ အင်တာနက်)
0 Shares:
You May Also Like
Read More

အပစ်ရပ်ကြေညာထားသည့် စစ်ကောင်စီတပ် နောင်ချိုမြို့နယ်၊ နောင်တောကျေးရွာအတွင်း လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့နယ်၊ ပြည်သူလူထု နေထိုင်ရာ နောင်တောကျေးရွာအတွင်း စစ်ကောင်စီတပ်က တိုက်ပွဲမဖြစ်ပွားဘဲ လက်နက်ကြီးတွေ ရမ်းသမ်းပစ်ခတ်ခဲ့တယ်လို့ ဓနုပြည်သူ့လွတ်မြောက်ရေးတပ်ဦး (DPLF)/ဓနုပြည်သူ့လွတ်မြောက်ရေးတပ်တော်(DPLA) က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

အကြမ်းဖက်စစ်ကြောင်းအတွက် ရှေ့ပြေးလာသည့် ပျူခေါင်းဆောင် ဝန တို့အဖွဲ့ တိုက်ခိုက်ခံရပြီး ၁ ဦး သေ

ပဲခူးရိုးမပေါ် စစ်ကြောင်းထိုးလာတဲ့ စစ်ကော်မရှင်တပ်အတွက် ရှေ့ပြေးလာတဲ့ ပျူခေါင်းဆောင် ဝန တို့အဖွဲ့ကို စောင့်ကြိုတိုက်ခိုက်ခဲ့ကြောင်း သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ (၄) မြေအောက်ပြောက်ကျားတပ်ဖွဲ့ - အုတ်ဖို ထံက သိရပါတယ်။
Read More

အရပ်သား ၆ ယောက် သေဆုံးခဲ့တဲ့ မိုးကုတ်မြို့ ကျောက်တွင်းလုပ်ကွက် စစ်တပ်ဗုံးကြဲမှုဖြစ်စဥ် NUG လူ့အခွင့်အရေးဝန်ကြီးဌာန ထုတ်ပြန်

မန္တလေးတိုင်း၊ ပြင်ဦးလွင်ခရိုင်၊ မိုးကုတ်မြို့အနောက်ပိုင်း၊ ဝင်းထရံ ရပ်ကွက်က ကျောက်တွင်းလုပ်ကွက် (ဝင်းထရံလုပ်ကွက်)ကို အကြမ်းဖက်စစ်အုပ်စု လေကြောင်းတိုက်ခိုက်မှုဖြစ်စဥ် အသေးစိတ်ကို အမျိုးသားညီညွတ်ရေးအစိုးရ၊ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနက ဒီနေ့မှာ ထုတ်ပြန်ပါတယ်။
Read More

မရမ်းကုန်းက တပ်ထိန်းတပ် ဂိတ်ပေါက်ဝကို လက်ပစ်ဗုံးဖြင့် တိုက်ခိုက်

ရန်ကုန်တိုင်း၊ မရမ်းကုန်းမြို့နယ်က တပ်ထိန်းတပ် ဂိတ်ပေါက်ဝကို လက်ပစ်ဗုံးတွေနဲ့ ပစ်ခတ် တိုက်ခိုက်ခဲ့တယ်လို့ Yangon UG People Army - YUPA က ထုတ်ပြန်လာပါတယ်။ 
Read More

စစ်ကောင်စီရဲ့ ဘီလူးစစ်ကြောင်း အစုလိုက်အပြုံလိုက် အပြုတ်တိုက်ခံရပြီး အယောက် ၃၀ ကျော်သေကာ ၄၀ ကျော်လက်နက်ချအဖမ်းခံရ

စစ်ကိုင်းတိုင်း၊ မုံရွာခရိုင်၊ ဘုတလင်မြို့နယ်မှာ ကူတော်ပျူရွာကနေ စစ်ကြောင်းဆုတ်လာတဲ့ အကြမ်းဖက်စစ်တပ်နဲ့ တော်လှန်ရေးတပ်တွေ ထိတွေ့တိုက်ပွဲဖြစ်ကာ စစ်ကောင်စီတပ်က ၃၅ယောက်သေပြီး ၄၃ယောက်ကို လက်နက်ခဲယမ်းအမြောက်အမြားနဲ့အတူ အရှင် ဖမ်းဆီးရမိခဲ့တယ်လို့ ဘုတလင်မြို့နယ်ရွေ့လျားစစ်ကြောင်းထံက သိရပါတယ်။
Read More

တီးတိန်မှာ စစ်ကောင်စီရဲ့ သန်းခေါင်စာရင်းကောက်ယူမှုထဲ လိုက်ပါဆောင်ရွက်သူကို PDF Zoland ဖမ်းဆီးထိန်းသိမ်း…

ချင်းပြည်နယ်၊ တီးတိန်မြို့ပေါ်မှာ အကြမ်းဖက်စစ်ကောင်စီရဲ့ သန်းခေါင်စာရင်းကောက်ခံမှုမှာ တက်ကြွစွာ ပါဝင်တဲ့ Kam Lian Thang ကို ဖမ်းဆီးထိန်းသိမ်းထားတယ်လို့ PDF-Zoland က ထုတ်ပြန်ထားပါတယ်။ PDF Zoland နဲ့ Chin…