အမှတ် () စစ်ဒေသ ယင်းမာပင်ခရိုင် အမှတ် ၁၁ တပ်ရင်း ကျားသစ်နက်ပြည်သူ့ကာကွယ်‌ရေး တပ်မတော်မှာ တာဝန်ထမ်းဆောင်ရင်း ကျဆုံးခဲ့တဲ့ စခန်းမှူး (ယာယီ) ဗိုလ်မိုက်တီး () ဇော်ရဲမှူး ရဲ့ နာရေးစျာပနကို အောက်တိုဘာ ၁၈ ရက် နေ့လယ်ပိုင်းက ပြုလုပ်ခဲ့တယ်လို့ ယင်းမာပင်ခရိုင်တပ်ရင်း၁၁ထံက သိရပါတယ်။

ဗိုလ်မိုက်တီးဟာ စစ်အာဏာသိမ်းပြီးနောက်ပိုင်း လူထုဆန္ဒပြပွဲတွေမှာ ဦးဆောင်ဦးရွက်ပြုခဲ့သူ တစ်ယောက်ဖြစ်ပြီး ယင်းမာပင်ခရိုင် အမှတ် (၁၁) တပ်ရင်းရဲ့ အခြေခံတပ်ဖွဲ့ဖြစ်တဲ့ ကျားသစ နက်တပ်ဖွဲ့ ဖွဲ့စည်းတည်‌ထောင်စဉ်ကလည်း ပါဝင်ခဲ့တဲ့ ခေါင်း‌ဆောင်တစ်ယောက်ဖြစ်တယ်လို့ သိရပါတယ်။

လက်နက်ကိုင်တော်လှန်ရေးလမ်းစဉ်မှာလည်း တိုက်ပွဲပေါင်း ၁၀၀ ကျော်ကို ရဲစွမ်းသတ္တိအပြည့်နဲ့ ပါဝင်ဆင်နွှဲခဲ့သူဖြစ်ပြီး သူ့ကို ဆုံးရှုံးခဲ့ရမှုဟာ နွေဦးတော်လှန်ရေးအတွက် များစွာဆုံးရှုံးနစ် နာရမှုဖြစ်တယ်လို့ ယင်းမာပင်ခရိုင် အမှတ် (၁၁) တပ်ရင်းက ထုတ်ပြန်ထားပါတယ်။

0 Shares:
You May Also Like
Read More

အထူးစစ်ဆင်ရေးတပ်ဖွဲ့-SOF တာဝန်ခံ ဧရာဝတီသား အောင်စံရှား

"ဧရာဝတီက ဒလန်တိုင်းမဟုတ်ဘူး။ စကစ ရဲ့ စိတ်ဓာတ်စစ်ဆင်ရေး အကြောင်းပြချက်တစ်ခုလည်းဖြစ်တာပေါ့ သွေးခွဲတဲ့ဟာလည်းဖြစ်တယ် နှိမ်တာလည်းပါတာပေါ့။ ဒလန်တိုင်း လုံးဝမဟုတ်ဘူး။ တကယ့်တော်လှန်ရေး စစ်စစ် တကယ့် ဒီမိုကရေစီကို လိုလားသူ တကယ့်အမှန်တရားကို မြတ်နိုးတဲ့လူတွေဖြစ်တယ်။ တကယ်ပဲရိုးရိုးသားသားနဲ့ လက်ရှိတော်လှန်ရေးမှာလည်း အားထုတ်ပြီးတော့ ပါဝင်နေကြတယ်"
Read More

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အတွက် Rဇာနည်၏ မွေးနေ့ဆုတောင်းစကား (ရုပ်/သံ)

မကြာခင် အသက် ၈၀ ပြည့်မြောက်တော့မယ့် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အတွက် တော်လှန်အနုပညာရှင် အဆိုတော် R ဇာနည်က အသက်ရှည်ကျန်းမာပြီး အချုပ်အနှောင်ကနေ အမြန်ဆုံးလွတ်မြောက်ပါစေကြောင်း ‌မွေးနေ့ဆုတောင်းစကား မ ပြောကြားခဲ့ပါတယ်။
Read More

ဆင်ပေါင်ဝဲမြို့နယ်အတွင်း စစ်ကောင်စီယာဉ်တန်းအား မိုင်းဆွဲတိုက်ခိုက်၊ စစ်သားနှင့် ရဲ ၄ ဦး သေ (ရုပ်/သံ)

မကွေးတိုင်း၊ သရက်ခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ်အတွင်း စစ်ကောင်စီယာဉ်တန်းကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်သားနဲ့ ရဲ ၄ ယောက် သေဆုံးခဲ့တယ်လို့ သရက်ခရိုင်၊ အမှတ်- ၅ တပ်ရင်းက သတင်းထုတ်ပြန်ထားပါတယ်။
Read More

စစ်ဘေးရှောင်ရင်း ရေဘေးသင့်နေကြရတဲ့ မိဘမဲ့ကလေးများ (ရုပ်/သံ)

တိုက်ပွဲတွေကြောင့် မိဘမဲ့ဖြစ်ကာ စစ်ဘေးရှောင်ရင်း အခမဲ့ မူလတန်းပညာသင်ယူနေတဲ့ ကလေးငယ်တွေဟာ ရေကြီးရေလျှံမှုတွေကြောင့် စားဝတ်နေရေး အခက်အခဲတွေနဲ့ ရင်ဆိုင်နေကြရပြန်ပါတယ်။
Read More

ပိန္ဒဲပင်ကျေးရွာဘုန်းကြီးကျောင်းမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်သားတွေကို ၆၀ မမ လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက် (ရုပ်/သံ)

မကွေးတိုင်း မင်းဘူးခရိုင် စလင်းမြို့နယ် ပိန္ဒဲပင်ကျေးရွာဘုန်းကြီးကျောင်းမှာ တပ်စွဲထားတဲ့ စစ် ကောင်စီတပ်သားတွေကို ၆၀ မမ လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ မင်းဘူးခရိုင် အမှတ် ၅ တပ်ရင်းမှ သတင်းထုတ်ပြန်ထားပါတယ်။
Read More

သရက်ကန်ပျူစခန်းကို ဝင်ရောက်တိုက်ခိုက်ခံရပြီး ၃ ယောက်သေကာ လက်နက်ခဲယမ်းတချို့ တော်လှန်ရေးတပ်တွေ သိမ်းဆည်းရရှိ (ရုပ်/သံ)

မကွေးတိုင်း၊ မြိုင်မြို့နယ် သရက်ကန်ပျူစခန်းကို တော်လှန်ရေးပူးပေါင်းတပ်တွေ ဝင်ရောက် တိုက်ခိုက်မှုအတွင်း စစ်သားနဲ့ ပျူစောထီး ၃ ယောက်သေပြီး ပြည်သူ ၄၆ ယောက်ကို ကယ်ထုတ်နိုင်ခဲ့ကာ လက်နက်ခဲယမ်းတချို့ သိမ်းဆည်းရရှိခဲ့တယ်လို့ အညာမြေ တပ်ပေါင်းစုထံက သိရပါတယ်။