စစ်ကိုင်းတိုင်း ဘုတလင်မြို့နယ် စိုင်ပြင်လေးကျေးရွာမှာ အကြမ်းဖက်စစ်တပ်စစ်ကြောင်းကို မနေ့က အောက်တိုဘာ ၂၃ ရက် နေ့လည်ပိုင်းက ၄၀ မမ၊ ၆၀ မမ လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက် ခိုက်ခဲ့တယ်လို့ Monywa Inventor အဖွဲ့ထံက သိရပါတယ်။

အကြမ်းဖက်စစ်တပ်စစ်ကြောင်းဟာ စိုင်ပြင်လေးကျေးရွာကို စစ်ကြောင်းထိုးဝင်ရောက်ပြီး အရပ်သားပြည်သူတွေကို နှောင့်ယှက်နေတဲ့အတွက် သွားရောက်တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

တိုက်ခိုက်ခံရတဲ့ အကြမ်းဖက်စစ်သားတွေ ထိခိုက်သေဆုံးမှုရှိခဲ့ပြီး ဒီတိုက်ခိုက်မှုကို Monywa Inventor အဖွဲ့၊ ချင်းတွင်းဒိုင်းနမိုက်အဖွဲ့နဲ့ BLDF အဖွဲ့တို့ ပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

သံတောင်ကြီးမြို့နယ်အတွင်း အကြမ်းဖက်စစ်တပ်နဲ့ KNU တပ်မဟာ ၂ ကော်မာဒိုစစ်ကြောင်းတို့ ၃ ရက်တာ ထိတွေ့တိုက်ပွဲဖြစ်ပွား (ရုပ်/သံ)

ပဲခူးတိုင်း၊ သံတောင်ကြီးမြို့နယ်အတွင်း အကြမ်းဖက်စစ်ကောင်စီတပ်နဲ့ KNU တပ်မဟာ ၂ ကော်မာဒိုစစ်ကြောင်းတို့ ၃ ရက်တာ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ Thawthikho အဖွဲ့ထံက သိရပါတယ်။
Read More

MNDAA ပြန်လည်ဆုတ်ခွာနေသည့် လားရှိုးမြို့မှာ အုပ်ချုပ်ရေးပျက်ယွင်းနေ၊ အထက်တန်းကျောင်းတစ်ကျောင်းမှာ အုပ်စုလိုက် ပစ္စည်းခိုးယူမှုဖြစ်ပွား (ရုပ်/သံ)

တရုတ်အစိုးရရဲ့ ဖိအားကြောင့် MNDAA ဟာ လားရှိုးမြို့ကနေ ပြန်လည်ဆုတ်ခွာနေပြီး မြို့အုပ်ချုပ်ရေး ပျက်ပြားမှုကြောင့် ဒီနေ့ဧပြီ ၂၀ ရက်မှာ လားရှိုး အထက ၅ ကျောင်းအတွင်း အုပ်စုဖွဲ့ ပစ္စည်းခိုးယူမှုတွေဖြစ်ပွားနေတယ်လို့ ဒေသခံက ဗီဒီယိုဖိုင်နဲ့တကွ လူမှုကွန်ရက်မှာ ဖော်ပြခဲ့ပါတယ်။
Read More

ပွင့်ဖြူမြို့နယ်အတွင်း အင်အား ၂၀၀ ခန့်ရှိ အကြမ်းဖက်စစ်တပ်နှင့် တော်လှန်ရေးတပ်များ တိုက်ပွဲဖြစ်ပွား (ရုပ်/သံ)

မကွေးတိုင်း၊ ပွင့်ဖြူမြို့နယ်‌၊ ညောင်ကိုင်းကျေးရွာမှာ အင်အား ၂၀၀ ခန့်ရှိတဲ့ အကြမ်းဖက်စစ်တပ်နဲ့ တော်လှန်ရေးတပ်တွေ တိုက်ပွဲဖြစ်ပွားပြီး စစ်သားအများအပြား ထိခိုက်မှုရှိခဲ့တယ်လို့ COBRA ONE အဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။
Read More

စလင်းမှာ လှည့်ပတ်စစ်ကြောင်းထိုးနေတဲ့ စစ်တပ်နဲ့ တော်လှန်ရေးတပ်တွေ တိုက်ပွဲဖြစ်၊ စစ်သား ၁ ယောက်သေပြီး အများအပြား ဒဏ်ရာရ (ရုပ်/သံ)

မကွေးတိုင်း၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ်ကို စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်ကောင်စီ တပ်သားတွေကို တော်လှန်‌ရေးပူးပေါင်းတပ်တွေက တိုက်ခိုက်ခဲ့ရာ ၁ ယောက်သေပြီး အများအပြား ထိခိုက်ဒဏ်ရာရရှိသွားတယ်လို့ ဗမာ့တပ်တော် - Bamar Army ထံက သိရပါတယ်။
Read More

ဗမာ့တပ်တော် အမှတ် (၃) စစ်ဦးစီးကွပ်ကဲရေးဒေသ အမှတ်စဉ် (၅/၂၀၂၅) အခြေခံစစ်ပညာသင်တန်းဆင်းပွဲ (ရုပ်/သံ)

ဗမာ့တပ်တော်၊ အမှတ် (၃) စစ်ဦးစီးကွပ်ကဲရေးဒေသ၊ အခြေခံစစ်ညာသင်တန်း အမှတ်စဉ် (၅/၂၀၂၅) သင်တန်းဆင်းပွဲအခမ်းအနားကို သြဂုတ် ၅ ရက်မှာ ကျင်းပပြုလုပ်ခဲ့တယ်လို့ ဗမာ့တပ်တော် - Bamar Army က  ရုပ်သံမှတ်တမ်းနဲ့တကွ ထုတ်ပြန်ခဲ့ပါတယ်။
Read More

Defence Of Our Motherland ရဲဘော်တွေအတွက် ဝယ်ယူထားတဲ့ ဝတ်စုံဖိုး ပေးချေနိုင်ဖို့ ကမ့်ပိန်းမဲလက်မှတ်ဝယ်ယူပေးဖို့ မေတ္တာရပ်ခံ (ရုပ်/သံ)

အမှတ် (၁) စစ်ဒေသ ယင်းမာပင်ခရိုင်တပ်ရင်းအမှတ် (၃,၄,၅)၊ ဗျူဟာ အမှတ် (၄၈) တပ်ရင်း (၃) တပ်ခွဲ (၃) Defence Of Our Motherland ရဲဘော်တွေအတွက် ဝယ်ယူထားတဲ့ ဝတ်စုံဖိုးပေးချေနိုင်ဖို့ ကမ့်ပိန်းမဲလက်မှတ်တွေ ရောင်းချနေတယ်လို့ သိရပါတယ်။