ပဲခူးတိုင်းအနောက်ခြမ်း၊ အုတ်ဖိုမြို့နယ်က ကျေးရွာတွေကို တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီက မီးရှို့ဖျက်ဆီးနေတာကြောင့် ပြည်သူပိုင်နေအိမ်တချို့မီးလောင်ပျက်စီးမှုတွေ ရှိနေတယ်လို့ ဒေသတွင်းသတင်းရင်းမြစ်တွေကတဆင့် သိရပါတယ်။

မနေ့က အောက်တိုဘာ ၂၃ ရက်  မနက်အစောပိုင်းမှာကြို့ပင်ကောက်မြို့နယ်နဲ့အုတ်ဖိုမြို့နယ်အစပ်ကကျေးရွာဖြစ်တဲ့ကန့်နီရွာကနေခန့်မှန်းအင်အား၃၀နဲ့ထွက်ခွာသွားတဲ့စစ်ကြောင်းဟာဂမုန်းဆည်တဝိုက်မှာမိုင်းတွေထောင်ထားခဲ့တယ်လို့သိရပါတယ်။

အဲဒီနောက်ညနေ၃နာရီဝန်းကျင်အချိန်မှာထပ်မံဖြည့်တင်းထားတဲ့ခန့်မှန်းအင်အား၆၀လောက်နဲ့ကန့်နီကျေးရွာကိုပြန်လည်ဝင်ရောက်လာကာဘော်ဘင်တိုက်ဆိုတဲ့နေရာကပြည်သူပိုင်နေအိမ်တွေကိုမီးရှို့ဖျက်ဆီးခဲ့တယ်လို့သိရပါတဘ်။

အနီးနားက ဆင်တဲကုန်း၊ ကန့်နီ၊ တံငါကုန်း အကုန်မနေရဲတော့ဘဲ အိုးအိမ်မဲ့ ဖြစ်ကုန်တာပေါ့။လို့မြေပြင်စစ်ရေးသတင်းရင်းမြစ်ကမောင်းကိုပြောပါတယ်။

အဲဒီ စစ်ကောင်စီတပ်သားတွေဟာ အင်းမ ၆၆ လက်အောက်ခံတပ်တွေဖြစ်ပြီး မီးရှို့ပြီးနောက်မှာတော့ ဝိုင်းကျေးရွာရဲစခန်းကနေတဆင့် ခမရ ၆ (တိမ်မြုပ်) တပ်ဆီကိုပြန်သွားတယ်လို့ဆိုပါတယ်။

အမျိုးသမီး ၆ယောက်ကို လူသားဒိုင်းအဖြစ် ဝိုင်းရဲစခန်းကို ဖမ်းခေါ်သွာသေးတယ်မနေ့က ညနေကတော့ ၅ယောက်ပြန်လွှတ်ပြီး တစ်ယောက်ကို ခုထိပြန်မလွှတ်သေးပါဘူး။လို့သူကဆက်ပြောပါတယ်။

ပြီးခဲ့တဲ့အောက်တိုဘာ၃ရက်နေ့မှာဂမုန်းဆည်ကိုစစ်ကြောင်းထိုးလာတဲ့စစ်ကောင်စီတပ်သားတွေကိုတော်လှန်ရေးတပ်ဖွဲ့ကတိုက်ခိုက်ခဲ့ရာစစ်ကောင်စီတပ်သား၁၂ယောက်သေဆုံးပြီးလက်နက်တွေသိမ်းဆည်းရရှိခဲ့ပြီးတဲ့နောက်စစ်ကောင်စီကအခုလိုရက်ရက်စက်စက်စစ်ကြောင်းထိုးတိုက်ခိုက်နေတာဖြစ်ပါတယ်။

ဘော်ဘင်တိုက်အား မီးရှို့ဖျက်စီးနေမှုကို အဝေးက မြင်တွေ့ရစဉ် (ဓာတ်ပုံ CJ)
0 Shares:
You May Also Like
Read More

မန္တလေးတိုင်းတွင် ၂၀၂၅ ခုနှစ်အတွင်း အကြမ်းဖက်စစ်အုပ်စု၏ တိုက်ခိုက်မှုတွေကြောင့် အရပ်သားပြည်သူ ၆၅ ဦး သေဆုံးခဲ့

မန္တလေးတိုင်းအတွင်း ၂၀၂၅ ခုနှစ် ပထမ ၆ လတာခန့်မှာ အကြမ်းဖက်စစ်အုပ်စုရဲ့ အရပ်သားပစ်မှတ်ထားတဲ့ တိုက်ခိုက်မှုတွေကြောင့် အရပ်သားပြည်သူ ၆၅ ယောက် သေဆုံးခဲ့တယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က ဒီနေ့ ညနေပိုင်းမှာ ထုတ်ပြန်ပါတယ်။
Read More

ကျောက်မဲမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ)က တပ်သားသစ်တွေ ခေါ်ယူနေ

ရှမ်းပြည်နယ်မြောက်ပိုင်းရှိ ကျောက်မဲမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)က ဒုတိယအကြိမ်အဖြစ် တပ်သားသစ်တွေ ခေါ်ယူနေတယ်လို့ အဆိုပါတပ်ဖွဲ့က ထုတ်ပြန်ကြေညာထားပါတယ်။
Read More

ရန်ကုန်မှာ ငလျင်ကြောင့် ဘဏ်နှင့် ပုဂ္ဂလိကလုပ်ငန်းများ နေ့တစ်ဝက်ရပ်နား၊ ဖုန်းလိုင်းနှင့် အင်တာနက်လိုင်းအများစု ပြတ်တောက်နေ

ကြီးမားတဲ့ ငလျင်လှုပ်ပြီးရင် နောက်ဆက်တွဲ ငလျင်တွေ လှုပ်ခတ်နိုင်တာကြောင့် ရန်ကုန်က  စက်ရုံ၊ အလုပ်ရုံနဲ့ ကုမ္ပဏီတွေကို နေ့တစ်ဝက် ရုံးပိတ်ကာ ဝန်ထမ်းတွေကို ပြန်ခွင့်ပြုနေတယ်လို့ သိရပါတယ်။
Read More

ယင်းမာပင်ခရိုင်တပ်ရင်း (၆)ရဲ့ အပတ်စဥ် (၁) အခြေခံစစ်သင်တန်းဆင်းပွဲ (ဓာတ်ပုံသတင်း)

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ အမှတ် (၁) စစ်ဒေသ ၊ စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင် ပြည်သူ့ကာကွယ်ရေးတပ်မတော် တပ်ရင်း (၆) ရဲ့ အပတ်စဥ် (၁) အခြေခံ စစ်သင်တန်းဆင်းပွဲကို မနေ့က ဒီဇင်ဘာ ၂၄ ရက်မှာ ပြုလုပ်ခဲ့ပါတယ်။
Read More

နတ်အိမ်တောင်စခန်းကို စစ်ကူလာသည့် စစ်တပ် တိုက်ခိုက်ခံရပြီး ၄ ဦး သေကာ ပြန်ဆုတ်သွား၊ ၁ လောင်းနှင့် လက်နက်အချို့ ကျန်ခဲ့

တနင်္သာရီတိုင်း ရေဖြူမြို့နယ်၊ ကလိန်အောင်မြို့ အရှေ့ဘက်ခြမ်းက နတ်အိမ်တောင်စခန်းကို စစ်ကူလာတဲ့ စစ်ကောင်စီစစ်ကြောင်းနဲ့ တော်လှန်ရေးတပ်တွေ့ ထိတွေ့တိုက်ပွဲ ဖြစ်ပွားရာ စစ်ကောင်စီတပ်သား ၄ ယောက် သေဆုံးပြီး စစ်လက်နက်ပစ္စည်းတချို့ကိုလည်း သိမ်းဆည်းရရှိခဲ့တယ်လို့ မွန်ပြည်တော်လှန်ရေးတပ် (MSRF) က သတင်းထုတ်ပြန်ပါတယ်။ 
Read More

ပေါင်းတလည်မှာ အုပ်ချုပ်ရေးမှူးနဲ့ ရာအိမ်မှူး ဒလန်လင်မယားကို ပစ်ခတ်ရှင်းလင်း

ပဲခူးတိုင်း၊ ပြည်ခရိုင်၊ ပေါင်းတလည်မြို့၊ အုပ်ဆွဲအုပ်စု၊ ရေကြည်ကုန်းရွာက ရာအိမ်မှူး ဒလန်လင်မယားကို ပစ်ခတ်ရှင်းလင်းခဲ့တယ်လို့ ၃၆၀၁ PPDFတပ်ရင်းက သတင်းထုတ်ပြန်လာပါတယ်။