ရှမ်းပြည်နယ်၊ နောင်ချိုမြို့၊ ဂန့်ဂေါရွာအနီးမှာ ထိတွေ့တိုက်ပွဲတွေဖြစ်ပွားနေချိန် ဘယ်လောက်မှမဝေးတော့တဲ့ ပြင်ဦးလွင်မြို့နယ်မှာ စစ်တပ်အသိုင်းဝိုင်းမိသားစုဝင်တွေ ပြောင်းရွှေ့နေကြသလို စစ်ကောင်စီကလည်း ခုခံစစ်အတွက် အထူးသတိပြုနေကြတယ်လို့ သိရပါတယ်။

အောက်တိုဘာ ၁၉ရက်နေ့က နောင်ချိုမြို့နယ်၊ မန္တလေးလားရှိုးလမ်းမကြီးအနီးက ဂန့်ဂေါကျေးရွာမှာ စစ်ကောင်စီနဲ့တော်လှန်ရေးတပ်တို့ တိုက်ပွဲတွေ ဖြစ်ပွါးနေလို့ စစ်တက္ကသိုလ်တွေရှိရာ မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့မှာလည်း စစ်တပ်အသိုင်းအဝိုင်း မိသားစုတွေကြား ထိတ်လန့်ကြောက်လန့်ပြီး မြို့ကိုစွန့်ခွာနေကြတဲ့သတင်းတွေ ပျံ့နှံ့လာတာလည်း ဖြစ်ပါတယ်။

ဒါ့အပြင် အရပ်သားတွေ မြို့ကိုစွန့်ခွာ ထွက်မသွားစေဖို့ စစ်ကောင်စီက ခြိမ်းခြောက်တာတွေရှိတယ်လို့သိရပါတယ်။

နောင်ချိုနဲ့ ပြင်ဦးလွင် အစပ်မှာ ထိတွေ့မှုတွေ ကြိုကြားကြိုကြားရှိနေတာ စစ်ကောင်စီက သတင်းအမှားတွေလည်း လွှင့်တယ်။ သူတို့တပ်အသိုင်းအဝိုင်း မိသားစုဘက်တော်သားတွေကိုလည်း ပြောင်းရွှေ့ခိုင်းတာတွေ ရှိနေပါတယ်။ ဒါကြောင့်လည်း သတင်းတွေပြန့်သွားတာပါ။ ကျနော်တို့ ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်တွေလည်း ဒီတိုက်ပွဲတွေထဲ ပါဝင်နေပါတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် ၁ယောက်က မောင်းကိုပြောပါတယ်။

ထိတွေ့တိုက်ပွဲတွေရှိနေတဲ့အတွက် ပြင်ဦးလွင်လမ်းပေါ်က ကျေးရွာတွေကို စစ်တပ်က အတင်း ရွှေ့ပြောင်းခိုင်းနေကြောင်းနဲ့ ပြင်ဦးလွင်မြို့ပေါ်နေ တပ်မိသားစုအသိုင်းအဝိုင်းတွေလည်း အလျင်အမြန် ပြောင်းရွှေ့နေကြပြီး လုံခြုံရေးနဲ့ခုခံစစ်အတွက်လည်း စစ်တက္ကသိုလ်တွေမှာ အထူးပြင်ဆင်နေကြကြောင်း Voice Of Mandalay အဖွဲ့က ပြောပါတယ်။

ဩဂုတ်လ ၈ ရက်တွင် မြင်တွေ့ရသည့် ပြင်ဦးလွင်ကို စွန့်ခွာပြီး မန္တလေးသို့ ဦးတည်ထွက်ခွာနေကြသည့် ယာဉ်တန်းရှည် (Photos- CJ)

အောက်တိုဘာ ၁၃ရက်နေ့က ခလရ ၂၃ တပ်ရင်းဌာနချုပ်ကို TNLA ဦးဆောင်တဲ့တော်လှန်ရေးတပ်တွေက အပြီးသတ်တိုက်ခိုက်ရင်း သီပေါမြို့ကိုပါသိမ်းပိုက်လိုက်တာကြောင့် ပြင်ဦးလွင်မြို့ကနေ တပ်မိသားစုတွေ ပြောင်းရွှေ့ကြကြောင်းနဲ့ တပ်မိသားစုတွေအပြင် Non CDM အသိုင်းအဝိုင်းတွေလည်း ပါဝင်ကြောင်း သိရပါတယ်။

ပြီးခဲ့တဲ့ သြဂုတ်လဆန်းပိုင်းကလည်း မိုးကုတ်မြို့တိုက်ပွဲတွေကြောင့် ပြင်ဦးလွင်က စစ်တပ်အသိုင်းအဝိုင်းတွေ ပထမအကြိမ် ပြောင်းရွှေ့ခဲ့ကြရပါသေးတယ်။

ရှမ်းပြည်နယ်၊ နောင်ချိုမြို့နယ်၊ ဂန့်ဂေါကျေးရွာမှာ စစ်ကောင်စီနဲ့ TNLA တို့ အောက်တိုဘာ ၁၉ရက်ကစလို့ ၂၂ရက်နေ့အထိ တွေ့တိုက်ပွဲဖြစ်ပွါးပြီး ရွာစာသင်ကျောင်းနဲ့ ဘုန်းကြီးကျောင်းတို့ကို စစ်ကောင်စီက ဒရုန်းနဲ့ ဗုံး၁၈လုံး ကြဲချတိုက်ခိုက်ခဲ့ပါတယ်။

ဒါ့အပြင်ရှမ်းပြည်နယ်တောင်ပိုင်း၊ ရပ်စောက်မြို့နယ် ကျောက်ဂူကနေ နောင်ချိုမြို့နယ်ဆီ စစ်အင်အားဖြည့်တင်းဖို့လာတဲ့ စစ်ကောင်စီတပ်တွေနဲ့ထိတွေ့မှုဖြစ်ခဲ့တယ်လို့ TNLA က ထုတ်ပြန်ထားပါတယ်။

ထိတွေ့တိုက်ပွဲတွေကြောင့် မန္တလေးကနေ ရှမ်းပြည်နယ်၊ နောင်ချို၊ ကျောက်မဲ၊ သီပေါ၊ လားရှိုးအတက်ကားတွေကို စစ်ကောင်စီက ပြန်လှည့်ခိုင်းနေပြီး ပြင်ဦးလွင်လားရှိုးလမ်းကိုလည်း အခုထိပြန်မဖွင့်ပေးသေးဘူးလို့ သိရပါတယ်။

ဩဂုတ်လ ၈ ရက်တွင် မြင်တွေ့ရသည့် ပြင်ဦးလွင်ကို စွန့်ခွာပြီး မန္တလေးသို့ ဦးတည်ထွက်ခွာနေကြသည့် ယာဉ်တန်းရှည် (Photos- CJ)
0 Shares:
You May Also Like
Read More

ဘုရားသုံးဆူမြို့မစျေးကြီးတွင် တရားမဝင် ရွေးကောက်ပွဲ ဆန့်ကျင်‌ရေး လူထုလှုပ်ရှားမှုသပိတ် ပြုလုပ်ခဲ့ (ဓာတ်ပုံသတင်း)

ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ ဘုရားသုံးဆူမြို့ရှိ မြို့မစျေးကြီးမှာ ပြည်သူတွေ အကြမ်းဖက် စစ်တပ်ရဲ့ တရားမဝင် ရွေးကောက်ပွဲ ဆန့်ကျင်‌ရေး လူထုလှုပ်ရှားမှု သပိတ်ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
Read More

လားရှိုး နားမခေါ်ကားဂိတ်အနီးကို စစ်တပ်က ဗုံးကြဲလို အရပ်သားပြည်သူတစ်ဦးသေဆုံး၊ နှစ်လအတွင်း လေကြောင်းတိုက်ခိုက်မှု ၁၇ ကြိမ်အထိ ရှိလာ

MNDAA ကထိန်းချုပ်ထားတဲ့  လားရှိုးမြို့ကို စစ်ကောင်စီက မနေ့က အောက်တိုဘာ ၁၄ ရက်ညနေပိုင်းမှာ ဗုံးကြဲတိုက်ခိုက်လို့ အရပ်သားပြည်သူတစ်ဦး ပွဲချင်းပြီးသေဆုံးခဲ့ရကြောင်း MNDAA က အသိပေးထုတ်ပြန်ပါတယ်။
Read More

ရေးမြို့နယ်တွင် (၇၅)နှစ်မြောက် ကရင်အမျိုးသား အာဇာနည်နေ့အခမ်းအနား ပြုလုပ်

မွန်ပြည်နယ်၊ ရေးမြို့နယ်မှာ (၇၅)နှစ်မြောက် ကရင်အမျိုးသား အာဇာနည်နေ့အခမ်းအနားကို သြဂုတ်လ ၁၂ ရက်မှာ ပြုလုပ်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံးက ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ဘောလုံးကန်ဖို့ထွက်လာသည့် ၁၇ နှစ်အရွယ် လူငယ်ကို စစ်ကောင်စီတပ်သားများ သေနတ်ဖြင့်ပစ်သတ် စွန့်ပစ်ခဲ့

မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ဆိပ်ဖြူမြို့နယ်မှာ စစ်ကြောင်းထိုး အကြမ်းဖက်စစ်သားတွေက ဘောလုံးကန်ဖို့ထွက်လာတဲ့ အသက် ၁၇ နှစ်အရွယ် လူငယ် ၁ ယောက်ကို အကြောင်းမဲ့ ပစ်ခတ်သတ်ဖြတ်ခဲ့တယ်လို့ ပခုက္ကူခရိုင် အမှတ် ၄ တပ်ရင်း၊ တပ်ခွဲ ၁ ထံက သိရပါတယ်။
Read More

ကျောင်းသားပေါင်း ၉ သိန်းကျော်အတွက် ဘေးကင်းလုံခြုံရေး ကမ်ပိန်း ပြုလုပ်နေဟု ဒေါက်တာဇော်ဝေစိုး ပြော

နိုင်ငံတစ်ဝန်း ထိန်းချုပ်နယ်မြေတွေက ကျောင်းပေါင်း ၆ ထောင်ကျော်မှာရှိတဲ့ ကျောင်းသားပေါင်း ၉ သိန်းကျော်အတွက် “ဘေးကင်းလုံခြုံသောကျောင်းများ၊ ဘေးကင်းလုံခြုံသော ပညာရေး” ကမ်ပိန်း ပြုလုပ်နေတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကျန်းမာရေးဝန်ကြီး ဒေါက်တာဇော်ဝေစိုး က ပြောပါတယ်။
Read More

ရေဖြူမြို့နယ်မှာ တပ်စွဲထားသည့် စစ်ကော်မရှင်ဂိတ်စခန်းကို ဝင်ရောက်တိုက်ခိုက်၊ စစ်ကော်မရှင်တပ်သား ၃ ဦးသေဆုံး…

" တပ်စွဲထားတာက တစ်နှစ်ကျော်ပါပြီဗျ၊ လက်ရှိတော့ အင်အားထပ်ဖြည့်ပြီး ဆက်လက် တပ်စွဲထားတုန်း ခင်ဗျ"လို့ ဒေါနစစ်ကြောင်း-၃(KBDF) ရဲ့ တာဝန်ရှိသူက မောင်းသတင်းဌာနကို ပြောပါတယ်။