ပန်ဝါနဲ့ ကန်ပိုက်တီကြားမှာရှိတဲ့ တမူခုန်းကျေးရွာမှာ အကြမ်းဖက်စစ်တပ် လက်အောက်ခံလုပ်နေတဲ့ ဦးဇခုန်တိန့်ယိန်းအဖွဲ့က ပြည်သူ့စစ်ခေါင်းဆောင်တစ်ယောက် ဦးဆောင်ပြီး သေနတ်အလက် (၃၀)နဲ့အတူ ကချင်လွတ်မြောက်ရေးတပ်မတော် KIA ထံ အလင်းဝင်ရောက်လာကြောင်း KIA နဲ့ နီးစပ်သူတွေဆီက သိရပါတယ်။

ပန်ဝါတိုက်ပွဲအတွင်း ဦးဇခုန်တိန့်ယိန်းအဖွဲ့ထဲက ပြည်သူ့စစ်တွေ KIA ထံ အလင်းဝင်ရောက်လာသူတွေ အများအပြားရှိခဲ့ပေမယ့် အခုကတော့ သေနတ်အရေအတွက် အများဆုံးသယ်ယူလာနိုင်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

အခု အလင်းဝင်တဲ့သူတွေက ပထမ ပန်ဝါဘက်ကို ပြေးကြတာ။ ပန်ဝါဘက်မှာ KIA က သိမ်းပိုက်ကာမှ ဒီဘက်ကို ပြန်လာပြီး လက်နက်တွေနဲ့ အလင်းဝင်ကြတာလို့ KIA တပ်ဖွဲ့နဲ့ နီးစပ်သူတစ်ယောက်က မောင်းကို

(ဓာတ်ပုံ 7Stars News)

ပြောပါတယ်။

ချီဖွေ၊ ဆော့လော်ဒေသတွေကို ကချင်လွတ်မြောက်ရေးတပ်မတော် KIA က အောက်တိုဘာလအတွင်း သိမ်းပိုက်ခဲ့ပြီးနောက်ပိုင်း ဒေသတွင်း ပြည်သူ့စစ်အဖွဲ့တွေဟာ KIA ထံအလင်းဝင်ရောက်လာမှုတွေ ရှိနေတယ်လို့ အထက်ပါသတင်းရင်းမြစ်က ဆက်ပြောပါတယ်။

အကြမ်းဖက်စစ်တပ်နဲ့ ငြိမ်းချမ်းရေးယူထားတဲ့ ဦးဇခုန်တိန်ယိန်းပြည်သူ့စစ်အဖွဲ့ဟာ ဒီမိုကရေစီသစ်တပ်မတော်ကချင် (NDA-K) အမည်ခံပြီး နယ်ခြားစောင့်တပ်အဖြစ် ရပ်တည်နေတာပါ။ အာဏာသိမ်းစစ်ကောင်စီနဲ့ ပူးပေါင်းပြီး ကချင်ဒေသထွက် ကျောက်စိမ်း၊ ကျွန်းသစ် အပါအဝင် သယံဇာတများစွာကနေ အကျိုးအမြတ် ရယူနေတာပဲဖြစ်ပါတယ်။

0 Shares:
You May Also Like
Read More

ဗန်းမော်မြို့ ခလရ ၂၃၆ တပ်ရင်းကို KIA ဦးဆောင်သည့် တော်လှန်ရေးတပ်များ အပြီးသတ်သိမ်းပိုက်၊ စကခ ၂၁ သိမ်းပိုက်နိုင်ရေး ဆက်လက်ထိုးစစ်ဆင်နေ

ကချင်ပြည်နယ်၊ ဗန်းမော်မြို့အခြေစိုက် အကြမ်းဖက်စစ်ကောင်စီရဲ့ ခလရ ၂၃၆ တပ်ရင်းကို ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ဦးဆောင်တဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေ အပြီးသတ်သိမ်းပိုက်လိုက်တယ်လို့ ရှေ့တန်းတော်လှန်ရေးသတင်းရင်းမြစ်တွေဆီက သိရပါတယ်။
Read More

ကျောတိုက်နယ်အတွင်း ရွှေပင်ရွာ စစ်တပ်ဂိတ် တိုက်ခိုက်ခံရပြီး ၁ ပွင့်ဗိုလ် သေ

မကွေးတိုင်း၊ ဂန့်ဂေါခရိုင်၊ ကျောတိုက်နယ်အ‌တွင်းရှိ စစ်အုပ်စုဂိတ်စခန်းကို ကာကွယ်ရေးတပ်ဖွဲ့တွေ သွားရောက်တိုက်ခိုက်ရာ အပြန်အလှန်ထိတွေ့ ပစ်ခတ်မှုဖြစ်ပွားခဲ့တယ်လို့ ယောကာကွယ်ရေးတပ် စစ်ဒေသရုံး ဦးဆောင်ကော်မတီ (YDF) တပ်ဖွဲ့ထံက သိရပါတယ်။
Read More

ပဲခူးတိုင်း ရေဘေးသင့်ပြည်သူတွေကို အမေရိကန်က Austin Myanmar Community ရဲ့ ထောက်ပံ့မှုကို ပကဖ တွေ ကူညီလှူဒါန်း (ဓာတ်ပုံသတင်း)

ပဲခူးတိုင်းအတွင်းရှိ ရေဘေးသင့်ပြည်သူတွေအတွက် အမေရိကန်နိုင်ငံ Austin Myanmar Community ရဲ့ ကိုယ်စား ပဲခူးတိုင်းအတွင်းက ပကဖအဖွဲ့တွေနဲ့ လူသားစာနာတာဝန်ခံတို့က စစ်တောင်းမြစ်ဝှမ်းစစ်ဆင်ရေးနယ်မြေတွေကို သွားရောက်လှူဒါန်းခဲ့တယ်လို့ သိရပါတယ်။
Read More

အညာဒေသမှာ တိုးချဲ့အခြေချပြီး စစ်ရေးလှုပ်ရှားမှုတွေ စတင်ဖို့ BPLA တပ်သားသစ်တွေ စတင်ခေါ်ယူ

ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော် BPLA အနေနဲ့ အညာဒေသမှာ အခြေချတော့မယ်လို့ ကြေညာအပြီး ရက်ပိုင်းအတွင်းမှာပဲ အညာတိုက်ပွဲတွေ တိုးချဲ့ဖော်ဆောင်ဖို့ တပ်သားသစ်တွေကို ခေါ်ယူနေပါတယ်။
Read More

လောင်းလုံးမှာ ဖမ်းမိတဲ့ သန်းခေါင်စာရင်းကောက်ဝန်ထမ်းတွေကို အရေးယူနိုင်ဖို့ မြို့နယ်ပအဖထံ အပ်နှံ

တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်မှာဖမ်းဆီးထိန်းသိမ်းထားတဲ့ သန်းခေါင်စာရင်းကောက်ခံသူ စစ်ကောင်စီဝန်ထမ်း ၉ယောက်ကို ဥပဒေအတိုင်းဆက်လက်လုပ်ဆောင်နိုင်ဖို့ လောင်းလုံးမြို့နယ်၊ ပြည်သူအုပ်ချုပ်ရေးအဖွဲ့ (ပအဖ) ထံ လွှဲပြောင်းအပ်နှံထားကြောင်း သိရပါတယ်။
Read More

စစ်ကောင်စီက လေယာဉ်နဲ့ရဟတ်ယာဉ်တွေ အစားထိုးဝယ်ယူဖြည့်တင်း၊ တိုက်ပွဲတွေမှာ လေကြောင်း ပိုမိုအသုံးပြုမယ်လို့ ခြိမ်းခြောက်

စစ်ကောင်စီက သူတို့ လေတပ်ကထုတ်လုပ်တဲ့ ကင်းထောက်လေယာဉ် အမျိုးအစားနှစ်ခုကို ထုတ်ဖော်ပြသလိုက်ပြီး လေကြောင်းစွမ်းအားကို စစ်ပွဲတွေမှာ ပိုမိုအသုံးပြုရမယ်လို့ အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်က ပြောကြားလိုက်ပါတယ်။