ကရင်ပြည်နယ် KNU တပ်မဟာ () နယ်မြေမှာရှိတဲ့ KNU/KNLA ဗဟိုစစ်ရုံးဌာနချုပ်ကို အကြမ်းဖက် စစ်ကောင်စီတပ်က ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့ပြီးနောက် ဒေသခံတချို့ ထိုင်းနိုင်ငံဘက်အခြမ်းကို ထွက်ပြေးတိမ်းရှောင်နေကြရကြောင်း သိရပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းက KNU တပ်မဟာ () ရဲ့ ဗဟိုဌာနချုပ်ကို အကြမ်းဖက်စစ်တပ်က ၇နှစ်အတွင်း ပထမဦးဆုံး စတင်တိုက်ခိုက်ခဲ့တာဖြစ်ပြီး တရုတ်နိုင်ငံထုတ် ဒရုန်းကို အသုံးပြုခဲ့တယ်လို့လည်း သိရပါတယ်။

အဓိကကတော့ သူတို့အနေနဲ့ စိန်ခေါ်မှုတစ်ခုလို့တော့ သုံးသပ်လို့ရတာပေါ့။ ဘာဖြစ်လို့လဲဆိုတော့ ၇နှစ်ရှိပြီ။ တိုက်ခိုက်မှုတွေမလုပ်တာ။ KNU ဌာနချုပ်လိုနေရာမျိုး မပြောနဲ့။ တပ်မဟာ ၇နယ်မြေထဲမှာက တိုက်ပွဲမရှိသလောက်ကို ရှားတယ်လေ။ အခုလို ဒရုန်းနဲ့  ၇နှစ်အတွင်းမှာ ပထမဦးဆုံးအကြိမ် စတင်ပြီး အကြမ်းဖက်စစ်တပ်က လုပ်ဆောင်လာတာဖြစ်တော့ စစ်ဘေးရှောင်နေတဲ့သူတွေကော၊ တပ်မဟာ ၇ နယ်မြေအတွင်းမှာ လာခိုလှုံနေသူတွေပါ စိတ်မချရတော့ဘူးဆိုပြီး ထိုင်းနိုင်ငံဘက်ကို ထွက်ပြေးတိမ်းရှောင်နေကြတာပေါ့လို့ KNU ဗဟိုဌာနချုပ်နဲ့ နီးစပ်သူတစ်ယောက်က မောင်းကို ပြောပါတယ်။

KNU တပ်မဟာ (၇) နယ်မြေက ဒေသခံတွေ ထိုင်းနိုင်ငံဘက် ရှောင်တိမ်းနေကြပုံ (ဓာတ်ပုံ CJ)

“NCA လက်မှတ်ရေးထိုးထားပြီး အကြမ်းဖက်စစ်တပ်ကို ယုံကြည်နေသူတွေလည်း သတိထားပေါ့။ အကြမ်းဖက်စစ်တပ်ဆိုတာ ပြည်သူက နာမည်ကင်ပွန်းတပ်ပေးထားတာ.. သူတို့မလုပ်ရဲတာ ဘာမှမရှိဘူး။ ရွာမီးရှို့ လူသတ် ပစ္စည်းခိုး ဓားပြတိုက်တာလောက်တာကတော့ သူတို့အတွက် သိပ်အဆန်းကြယ်ကြီးတော့ မဟုတ်တော့ဘူးလေ။ရှုံးကျွဲဆိုတဲ့စကားပုံ ကြားဖူးမှာပေါ့။ မဲမဲမြင် အကုန်ပတ်ခတ်တာလေ။ အခုအကြမ်းဖက်စစ်တပ်က အဲဒီစကားပုံလို ဖြစ်နေပြီ။ အနယ်နယ်အရပ်ရပ်မှာ အရှုံးပြနေတော့ တွေ့သမျှအကုန်မဲမှာပဲလေ။ သူတို့လက်နက်ကိုင်အချင်းချင်း မြေပြင်မှာ ရင်ဘောင်တန်းပြီး ယှဥ်ရဲတော့လို့လား။ လေကြောင်းကနေပဲ စစ်တိုက်နိုင်တော့တာလေ။ တစ်ခုတော့ရှိတာပေါ့။ လက်နက်မရှိတဲ့ အရပ်သားပြည်သူတွေ နေတဲ့နေရာတွေကိုတော့ စစ်ကြောင်းထိုး ဝင်ရောက်နှိပ်စက်သတ်ဖြက်တာနဲ့ လေယာဥ်နဲ့ ဗုံးကြဲတာလောက်ပဲ လုပ်နိုင်တာလေလို့ အထက်ပါသတင်းရင်းမြစ်က ပြောပါတယ်။

ကရင်ပြည်နယ် လေးကေ့ကော်မြို့သစ်မှာ အကြမ်းဖက်စစ်တပ် အားထားရတဲ့ စွယ်တော်ကုန်းဗျူဟာကို KNLA ဦးဆောင်တဲ့ တော်လှန်ရေးတပ်ဖွဲ့က တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီးနောက် အကြမ်းဖက်စစ်တပ်က လေးကေ့ကော်မြို့သစ် အနီးနားတဝိုက်ကိုလည်း လေကြောင်းဗုံးကြဲ တိုက်ခိုက်မှုတွေ ရက်ခြားဆိုသလို လုပ်ဆောင်နေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

စစ်ကောင်စီ အသုံးပြုခဲ့တဲ့ တရုတ်ထုတ် ဒရုန်း (ဓာတ်ပုံ CJ)
0 Shares:
You May Also Like
Read More

စစ်အုပ်စု မတရားဖမ်းဆီးထားသည့် MMA ဖိုက်တာ ဖိုးသော် အကျဉ်းထောင်ထဲမှ အောင်လအန်ဆန်ထံ စာပို့

အကြမ်းဖက်စစ်တပ်က မတရားဖမ်းဆီး အကျဥ်းချထားတဲ့ MMA ဖိုက်တာ ဖိုးသော်က အကျဉ်းထောင်ထဲကနေ ပေးပို့လိုက်တဲ့စာကို One Championship ရဲ့ Hall of Fame ဖြစ်လာမယ့် MMA ကစားသမား အောင်လအန်ဆန်းက သူ့ရဲ့ Facebookစာမျက်နာမှာ အသိပေးဖော်ပြထားပါတယ်။
Read More

ဖယ်ခုံအနောက်ဖက် စစ်ရှောင်စခန်း ၂ နေရာကို စစ်အုပ်စု လေကြောင်းတိုက်ခိုက်၊ ၄ နှစ်အရွယ် ကလေးငယ်နှင့် မိဘနှစ်ပါး သေဆုံး

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဖယ်ခုံမြို့နယ် အနောက်ဖက်က စစ်ရှောင်စခန်းကို အကြမ်းဖက်စစ်အုပ်စုက လေကြောင်းတိုက်ခိုက်ခဲ့တဲ့အတွက် ထိခိုက်သေဆုံးမှုတွေ ရှိခဲ့တယ်လို့ ဖယ်ခုံမြို့နယ် ပြည်သူ့လုံခြုံရေးအဖွဲ့ - PK Police က ဒီနေ့မနက်ပိုင်းမှာ ထုတ်ပြန်ပါတယ်။
Read More

ချောင်းဦးမြို့နယ်တွင် စစ်တပ် လက်နက်ကြီးပစ်ခတ်မှုကြောင့် ဒေသခံ ၂ ဦး သေဆုံး

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်၊ ငါးလုံးတင်ရွာကို အကြမ်းဖက်စစ်တပ်က လက်နက်ကြီးပစ်ခတ်ခဲ့တာကြောင့် ဒေသခံ ၂ ယောက် ထိမှန်သေဆုံးခဲ့ကြောင်း ချောင်းဦး ပကဖထံက သိရပါတယ်။
Read More

ကျိုက်ဒုံနဲ့ နို့တကောမှာ စစ်ကောင်စီတပ် လေကြောင်းတိုက်ခိုက်မှုကြောင့် အမျိုးသမီး (၁) ယောက် ထိမှန်သေဆုံး

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်၊ ကျိုက်ဒုံမြို့နဲ့ နို့တကောမြို့နယ်တွေမှာ အကြမ်းဖက်စစ်ကောင်စီတပ် လေကြောင်းပစ်ခတ် တိုက်ခိုက်မှုကြောင့် အရပ်သူ အမျိုးသမီး (၁) ယောက် ထိမှန်သေဆုံးပြီး အဆောက်အဦးတချို့ ပျက်စီးခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး - KNU (ဗဟို) က ထုတ်ပြန်ပါတယ်။
Read More

မြောက်ခင်ရန်း ပျူရွာကို လက်လုပ်လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်၊ စစ်သားနှင့် ပျူစောထီး ၂၀နီးပါး ထိခိုက်သေဆုံး

"ပစ်တဲ့ လက်နက်ကြီးကတော့ ကျနော်တို့ နာမည်တော့ မပေးထားပါဘူး။ ကျနော်တို့ကိုယ်တိုင် ထုတ်လုပ်ထားတာပါ။ လက်လုပ်လို့ပဲ ပြောရမှာပေါ့။ ၇လုံးပစ်တာမှာ ၅လုံးကို ထိထိရောက်ရောက် ပစ်ခတ်နိုင်ခဲ့ပေမယ့် ၂လုံးကတော့ အလွဲအချော်ဖြစ်ခဲ့ပါတယ်။" လို့ Ah Nyar Heroes အဖွဲ့တာဝန်ရှိသူက မောင်းကိုပြောပါတယ်။
Read More

ဂွမြို့နယ် ကူတို့လေးကျေးရွာကို အကြမ်းဖက်စစ်တပ် လေယာဉ်ဗုံးကြဲလို့ ဒေသခံ ၃ ယောက် သေဆုံး

ရခိုင်ပြည်နယ်၊ ဂွမြို့နယ်၊ ကူတို့လေးကျေးရွာကို အကြမ်းဖက်စစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ အမျိုးသမီး ၁ ယောက် အပါအဝင် အရပ်သား ၃ ယောက် သေဆုံးခဲ့ကြောင်း ဒေသခံတွေဆီက သိရပါတယ်။