စစ်ကိုင်းတိုင်း ဘုတလင်မြို့နယ် စိုင်ပြင်လေးကျေးရွာမှာ အကြမ်းဖက်စစ်တပ်စစ်ကြောင်းကို မနေ့က အောက်တိုဘာ ၂၃ ရက် နေ့လည်ပိုင်းက ၄၀ မမ၊ ၆၀ မမ လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက် ခိုက်ခဲ့တယ်လို့ Monywa Inventor အဖွဲ့ထံက သိရပါတယ်။

အကြမ်းဖက်စစ်တပ်စစ်ကြောင်းဟာ စိုင်ပြင်လေးကျေးရွာကို စစ်ကြောင်းထိုးဝင်ရောက်ပြီး အရပ်သားပြည်သူတွေကို နှောင့်ယှက်နေတဲ့အတွက် သွားရောက်တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

တိုက်ခိုက်ခံရတဲ့ အကြမ်းဖက်စစ်သားတွေ ထိခိုက်သေဆုံးမှုရှိခဲ့ပြီး ဒီတိုက်ခိုက်မှုကို Monywa Inventor အဖွဲ့၊ ချင်းတွင်းဒိုင်းနမိုက်အဖွဲ့နဲ့ BLDF အဖွဲ့တို့ ပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

အရှိုချင်းကာကွယ်ရေးတပ်၏ အပတ်စဉ် (၆) အခြေခံစစ်သင်တန်း လေ့ကျင့်မှုများ (ရုပ်/သံ)

အရှိုချင်းကာကွယ်ရေးတပ် (ACDF) ရဲ့ အပတ်စဉ် (၆) အခြေခံစစ်ပညာသင်တန်း တက်ရောက်နေတဲ့ ရဲဘော်တွေရဲ့ စစ်ရေးလေ့ကျင့်နေမှု မှတ်တမ်းရုပ်သံကို အဆိုပါတပ်ဖွဲ့က ထုတ်ပြန်လိုက်ပါတယ်။
Read More

မြို့သာမြို့ရဲစခန်းကနေ အိမ်စီးကားနဲ့ ထွက်လာတဲ့ စစ်ကောင်စီလက်အောက်ခံတွေ တိုက်ခိုက်ခံရပြီး စစ်ကြောရေးမှူးအပါအဝင် ရဲ ၂ ယောက်သေဆုံး (ရုပ်/သံ)

မန္တလေးတိုင်း ငါန်းဇွန်းမြို့နယ် မြို့သာမြို့ရဲစခန်းကနေ အိမ်စီးကားနဲ့ ထွက်လာတဲ့ စစ်ကောင်စီ လက်အောက်ခံတွေကို စက်တင်ဘာ ၂၀ ရက် နေ့လယ်ပိုင်းက တော်လှန်ရေးတပ်တွေ စောင့်ကြိုတိုက်ခိုက်ခဲ့တယ်လို့  Hero Defence Force  အဖွဲ့ထံက သိရပါတယ်။
Read More

ရှေ့တန်းပြန် တိုက်ပွဲဝင်ရဲဘော်တွေကို ပြည်သူတွေ ကြိုဆို‌အောင်ပွဲခံခဲ့ကြတဲ့ ရုပ်သံဖိုင်ကို BLACK WOLF – ARMY ထုတ်ပြန် (ရုပ်/သံ)

စစ်မြေပြင်မှာ အကြမ်းဖက်စစ်တပ်ကို တိုက်ခိုက်ချေမှုန်းပြီး နေရပ်ပြန်လာကြတဲ့ ရှေ့တန်းပြန် ရဲဘော်တွေကို ပြည်သူတွေက ကြိုဆိုအောင်ပွဲခံခဲ့ကြတဲ့ ရုပ်သံဖိုင်ကို BLACK WOLF - ARMY က မနေ့က အောက်တိုဘာ ၂၄ ရက်မှာ ထုတ်ပြန်ထားပါတယ်။
Read More

ဗမာလွတ်မြောက်ရေးဒီမိုကရက်တစ်တပ်ဦး(BLDF)ရဲ့ စစ်ဒေသ(၁) ရဲဘော်သစ်တွေ ခေါ်ယူ (ရုပ်/သံ)

အကြမ်းဖက်စစ်ကောင်စီတပ်ကို တော်လှန်တိုက်ခိုက်ပြီး စစ်အာဏာရှင်စနစ်ကို ဖြုတ်ချနိုင်ဖို့ ဗမာလွတ်မြောက်ရေးဒီမိုကရက်တစ်တပ်ဦး(BLDF) စစ်ဒေသ(၁)၊ အခြေခံစစ်ပညာသင်တန်း အပါတ်စဥ်(၃)အတွက် ရဲဘော်သစ်တွေကို ခေါ်ယူထားတယ်လို့ သိရပါတယ်။
Read More

S&C မီးဘေးစစ်ဘေးပညာရေး ကူညီစောင့်ရှောက်ရေးအဖွဲ့မှ ဆောက်လုပ်ထားသည့် မြေအောက်စာသင်ကျောင်းဆောင် (ရုပ်/သံ)

စစ်ကောင်စီရဲ့ အရပ်သားပစ်မှတ်ထားတဲ့ လေကြောင်းတိုက်ခိုက်မှုတွေကနေ ကာကွယ်နိုင်ဖို့ ဆောက်လုပ်ထားတဲ့ မြေအောက်စာသင်ကျောင်းဆောင်ကို S&C မီးဘေးစစ်ဘေးပညာရေး ကူညီစောင့်ရှောက်ရေးအဖွဲ့က မှတ်တမ်းရုပ်သံထုတ်ပြန်ခဲ့ပါတယ်။
Read More

ကချင်ပြည်နယ်ရှေ့တန်းတွင် တိုက်ပွဲဝင်နေသည့် ရဲဘော်များ၏အသက်ကို ကာကွယ်ပေးနိုင်ရန် ကျည်ကာကမ်ပိန်း ပြုလုပ် (ရုပ်/သံ)

ကချင်ပြည်နယ် ရှေ့တန်းတစ်နေရာမှာ စစ်ဆင်ရေးတာဝန် ထမ်းဆောင်နေတဲ့ ရဲဘော်တွေရဲ့ အသက်ကို ကာကွယ်နိုင်ဖို့ မုံရွာခရိုင်အမှတ် - ၂၇ တပ်ရင်းက "ကာကွယ်လုံခြုံ ကျည်ကာတစ်စုံ" ကမ်ပိန်းပြုလုပ် ထားတယ်လို့ သိရပါတယ်။