ပဲခူးတိုင်း၊ ပေါင်းတည်မြို့က ကျေးရွာတွေကို စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်ကြောင်းကို မိုင်းဆွဲတိုက်ခိုက်ရာ စစ်ကောင်စီတပ်သား ၅ယောက်ထက်မနည်း ထိခိုက်သွားတယ်လို့ ၃၆၀၁ PPDF တပ်ရင်းက သတင်းထုတ်ပြန်ထားပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာ ၂၂ ရက်နေ့၊ ညပိုင်းအချိန်မှာ ပေါင်းတည်မြို့တွင်းကို စစ်ကြောင်းထိုးလာတဲ့ အင်အား ၅၀ ခန့်ပါတဲ့ စစ်ကောင်စီတပ်သားတွေကို ပေါင်းတည်မြို့ ကျောက်ကြီးတောင်အထွက် အောင်သုခဘုန်းကြီးကျောင်း အရှေ့ဘက်မှာ တစ်ကြိမ်၊ လူးကြီးကြောမှာ တစ်ကြိမ်၊ ညောင်နီပင်လမ်းခွမှာ တစ်ကြိမ်၊ သစ်ပုတ်လမ်းမကြီးပေါ်မှာ တစ်ကြိမ်၊ စုစုပေါင်း ၄ကြိမ်တိတိ မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။ 

မိုင်းဆွဲတိုက်ခိုက်မှုကြောင့်စစ်ကောင်စီတပ်သားအနည်းဆုံး၅ယောက်ထိခိုက်ဒဏ်ရာရသွားတယ်လို့ကနဦးသိရပါတယ်။

စစ်ကောင်စီဘက်က အပေါ်ကိုတက်မှာကို ကြိုတင်သတင်းရထားလို့ မိုင်းကွင်းတွေခင်းပြီး ကြားဖြတ်တိုက်ဖို့ စောင့်နေခဲ့တာပါ။ စစ်ခွေးဘက်က () ဦး ထိတယ်ဆိုတာက မျက်မြင်ရဲဘော်တွေက ထမ်းသယ်နေတာကို တွေ့မြင်ခဲ့ရတာပါ။ နောက်ဆက်တွဲကတော့ စုံစမ်းနေဆဲပါပဲ။လို့ ၃၆၀၁ PPDF တပ်ရင်း၊စစ်ထောက်လှမ်းရေးနဲ့သတင်းပြန်ကြားတာဝန်ခံကမောင်းကိုပြောပါတယ်။

အထိနာသွားတဲ့ စစ်ကောင်စီတပ်သားတွေဟာ ချက်ချင်း ရှေ့ကို ဆက်မတိုးနိုင်ဘဲ ည () နာရီဝန်းကျင်မှသာထိခိုက်သွားသူတွေကိုထမ်းသယ်ပြီးသစ်ပုတ်အထိုင်စခန်းကိုဆက်လက်ထွက်ခွာသွားတယ်လို့ဆိုပါတယ်။

မိုင်းဆွဲတိုက်ခိုက်မှုအပြီးမှာတော့စစ်ကောင်စီတပ်သားတွေကလက်နက်ကြီး၊လက်နက်ငယ်တွေနဲ့ပြန်လည်ပစ်ခတ်ခဲ့ပေမယ့်တော်လှန်ရေးရဲဘော်တွေကတော့အထိအခိုက်မရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့သိရပါတယ်။

ဒီတိုက်ခိုက်မှုကို ပြည်ခရိုင်၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် ၃၆၀၁ PPDFတပ်ရင်း တပ်ခွဲ ()၊ တပ်ခွဲ ()တို့က ဖော်ဆောင်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

ရွှေဘိုမြို့နယ်သပိတ်အင်အားစုမှ သီတင်းကျွတ် မီးပုံးပျံလွှတ်တင်ခြင်း ဆီမီးသပိတ်ဖြင့် လူထုဆန္ဒ ၃ ရပ် ဖော်ထုတ်ရေး လှုပ်ရှားမှုပြုလုပ်

စစ်ကိုင်းတိုင်းအခြေစိုက် ရွှေဘိုမြို့နယ်သပိတ်အင်အားစုက သီတင်းကျွတ်မီးပုံးပျံ လွှတ်တင်ခြင်း ဆီမီးသပိတ်နဲ့ လူထုဆန္ဒ ၃ ရပ် ဖော်ထုတ်ရေး လှုပ်ရှားမှု ပြုလုပ်ခဲ့တယ်လို့ အဆိုပါသပိတ်အင်အားစုက ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

စလင်းမှာ အင်အား ၁၀၀ ကျော် စစ်ကောင်စီစစ်ကြောင်းကို ပစ်ခတ်တိုက်ခိုက်ရာ စစ်ကြောင်း ပြန်ဆုတ်ခွာသွား

မကွေးတိုင်း၊ စလင်းမြို့နယ်မှာ စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ကို ပစ်ခတ်တိုက်ခိုက်ရာ ပြန်လည်ဆုတ်ခွာသွားတယ်လို့ စလင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ရှေ့တန်းကနေ ပြန်လာတဲ့ အင်းတော်ကြီး PDF က တော်လှန်ရေးရဲဘော်များ… (ဓာတ်ပုံသတင်း)

ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ အင်းတော်ကြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (IDG PDF) က ရဲဘော်တွေ ရှေ့တန်းကနေ ပြန်လာချိန် ပြည်သူတွေ ကြိုဆိုနေတဲ့ မှတ်တမ်းပုံရိပ်တွေကို အဆိုပါတပ်ဖွဲ့က ဒီနေ့မှာ ထုတ်ပြန်ဖော်ပြထားပါတယ်။
Read More

မင်းတုန်းမှာ စစ်ရှောင်ပြည်သူတွေကို PDF က ကျပ်သိန်း ၁၀၀ ကျော် ထောက်ပံ့ကူညီ

မကွေးတိုင်း၊ သရက်ခရိုင်၊ မင်းတုန်းမြို့နယ်၊ ရွာသစ်ကျေးရွာက နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေရတဲ့ စစ်ရှောင်ပြည်သူတွေအတွက် ကျပ်သိန်း ၁၂၀ ထောက်ပံ့ကူညီခဲ့တယ်လို့ အမှတ်(၁)စစ်ဒေသ၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ သရက်ခရိုင် အမှတ် ၄ က ထုတ်ပြန်ထားပါတယ်။
Read More

ရွှေဘိုမှာ ဆိုင်ကယ်နဲ့ ထွက်လာတဲ့ စစ်အုပ်စုတွေ ပြောက်ကျားပစ်ခတ်တိုက်ခိုက်ခံရပြီး နေရာတင်သေ

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်မှာ ပျူစောထီးရွာကို ဆိုင်ကယ်နဲ့ ထွက်လာတဲ့ အကြမ်းဖက်စစ်သားနဲ့ ပျူစောထီးတွေ အသင့်စောင့်ကြိုပစ်ခတ်ခံရပြီး သေဆုံးသွားကြောင်း ဗိုလ်ကျားရိုင်းပြည်သူ့ကာကွယ်ရေးအဖွဲ့ထံက သိရပါတယ်။
Read More

ရွှေရောင်းချသူတွေ လုပ်ငန်းလိုင်စင် အမြန်ဆုံးလျှောက်ထားဖို့ စစ်ကောင်စီ ဖိအားပေးနေ

ရွှေရောင်းချသူတွေ လုပ်ငန်းလိုင်စင် အမြန်ဆုံး မလျှောက်ထားရင် အရေးယူမယ်လို့ စစ်ကောင်စီရဲ့ ဖိအားပေးပြောကြားမှုကို ဝါဒဖြန့် မီဒီယာတွေမှာ ဖော်ပြလာပါတယ်။