စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်၊ ဟံလင်းတိုက်နယ်၊ သခွတ္တောကျေးရွာက အမျိုးသမီးတစ်ယောက်ကို အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ရွှေဘိုခရိုင်တပ်ရင်း (၂)၊ တပ်ခွဲ(၁) – ဒုတပ်ခွဲမှူး ရဲဘော် ပြည့်ထွန်းနိုင် (ခ) လင်းစေ က ပစ်သတ်ခဲ့တယ်လို့ အကျဉ်းစစ်တရားရုံးချုပ် အမှတ် (၂/၂၀၂၄) ဖွဲ့စည်းစစ်ဆေးမှုအရ ​ပေါ်​ပေါက်ခဲ့တာကြောင့် ကျူးလွန်သူကို အလုပ်ကြမ်းနဲ့ ထောင်ဒဏ် (၁၀) နှစ် ချမှတ်လိုက်တယ်လို့ NUG ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။

ဖေဖော်ဝါရီလ ၂၆ ရက် ညနေပိုင်းမှာ သမီးရည်းစားချင်း စကားများကြရာ ရဲဘော် ပြည့်ထွန်းနိုင် က သေနတ်နဲ့ တစ်ချက်တည်း ပစ်သတ်ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။

အဲ့ဒီအမှုကို စစ်ဆေးကြားနာဖို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်က ၂၀၂၄ ခုနှစ်၊ ဧပြီလ ၁၉ ရက် ရက်စွဲပါ အမိန့်အမှတ် (၁၀၃/၂၀၂၄) နဲ့ အကျဉ်းစစ်တရားရုံးချုပ်အမှတ် (၂/၂၀၂၄) ကို ဖွဲ့စည်းတာဝန်ပေးခဲ့ရာ အကျဉ်းစစ်တရားရုံးချုပ် တရားသူကြီးများအဖွဲ့က  စစ်ဆေးကြားနာခဲ့ပြီး အောက်တိုဘာလ ၁၁ ရက်မှာတော့ တရားခံ ရဲဘော်ပြည့်ထွန်းနိုင် (ခ) လင်းစေဟာ ပြစ်မှုကျူးလွန်ကြောင်း ထင်ရှားတာကြောင့် ၁၉၅၉ ခုနှစ်၊ တပ်မတော် အက်ဥပဒေပုဒ်မ ၇၁ (က)/ ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၀၂ (၂) အရ  အလုပ်ကြမ်းနဲ့ ထောင်ဒဏ် (၁၀) နှစ် (ဆယ်နှစ်) ကျခံစေဖို့ စစ်တရားရုံး လုပ်ထုံးလုပ်နည်း အပိုဒ် – ၈၁ အရ အတည်ပြု အမိန့်ချမှတ်ခဲ့တယ်လို့ သိရပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန အနေနဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော်ကို စည်းကမ်းသေဝပ်ကာ ပြည်သူကို အလုပ်အကျွေးပြုတဲ့ တပ်မတော် တရပ် ဖြစ်လာစေဖို့ ရည်ရွယ် တည်ဆောက်နေတာကြောင့် လိုအပ်တဲ့ ထိန်းကြောင်းမှုတွေကို အဆင့်ဆင့်ဆောင်ရွက်နေပြီး တပ်မတော်သားတွေ ကျူးလွန်တဲ့ ပြစ်မှုတွေကိုလည်း မျှတတဲ့ တရားစီရင်မှုတွေ (fair trial)၊ လုပ်ထုံးလုပ်နည်းတွေနဲ့အညီ အရေးယူဆောင်ရွက်နေတယ်လို့ NUG ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။

MOD – NUG ၏ ထုတ်ပြန်ချက်
0 Shares:
You May Also Like
Read More

စစ်ကောင်စီက လားရှိုးမြို့ကို ၂ လအတွင်း အကြိမ် ၇၀ ကျော် လေကြောင်းတိုက်ခိုက်

လားရှိုးမြို့ကို ၂လအတွင်းမှာ စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှု အကြိမ် ၇၀ ကျော် ပြုလုပ်ခဲ့ကြောင်း ကိုးကန့်တပ်မတော် MNDAA က အသိပေးထုတ်ပြန်ပါတယ်။
Read More

ဆိပ်ဖြူမှာ ပျူရွာကို ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်၊ စစ်သား ၂ ယောက် သေ

မကွေးတိုင်း ၊ ဆိပ်ဖြူမြို့နယ်၊ ထမ္မကောက် ပျူစောထီးရွာကို Fixed Wings ဒရုန်းနဲ့ ဗုံးကြဲချတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၂ ယောက် သေဆုံးခဲ့တယ်လို့ Black Eagle Drone တပ်ဖွဲ့က ဒီနေ့မှာ ထုတ်ပြန်ပါတယ်။
Read More

ကချင်အထူးဒေသ(၁) နယ်မြေသတ်မှတ်ချက် ပယ်ဖျက်ကြောင်း KIO ထုတ်ပြန်ကြေညာ

စစ်အာဏာရှင်တွေက အာဏာခိုင်မြဲစေဖို့ ခွဲခြားသတ်မှတ်အုပ်ချုပ်ခဲ့တဲ့ ကချင် အထူးဒေသ (၁) ဆိုတဲ့ နယ်မြေသတ်မှတ်ချက် မရှိတော့ဘူးလို့ ကချင်လွတ်လပ်ရေးအဖွဲ့ (KIO) ရဲ့ ဗဟိုကော်မတီက နိုဝင်ဘာ ၂၈ ရက် ဒီနေ့မှာ ထုတ်ပြန်ကြေညာလိုက်ပါတယ်။
Read More

မြင်းခြံမှာ စစ်ကောင်စီက အထက်တန်းကျောင်းသားတွေကို ပေါ်တာဆွဲနေ၊ ကန့်ဘလူမှာလည်း သင်္ကန်းဝတ် ဝါသဝ ဦးဆောင်တဲ့ စစ်အုပ်စု စစ်မှုထမ်းအတွက် လိုက်လံဖမ်းဆီးနေ

မန္တလေးတိုင်း မြင်းခြံနဲ့ စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ်မှာ အကြမ်းဖက်စစ်တပ်က စစ်မှုထမ်းအတွက် လူငယ်တွေကို ဆက်တိုက်သလို ပေါ်တာဆွဲဖမ်းဆီးနေရာ အသက်မ​ပြည့်သေးတဲ့ ကျောင်းသားလူငယ်တွေလည်း ဖမ်းဆီးခံထားရတယ်လို့ သိရပါတယ်။
Read More

ကျနော်က ငြိမ်းချမ်းရေးပဲ လုပ်တာပါ ဆိုတဲ့ ငါးမင်းဆွေကို သူထောက်ခံတဲ့ စစ်တပ်က ဖမ်းဆီးပြီး ရန်ကုန်ပို့

စစ်တပ်ထောက်ခံသူ ငါးမင်းဆွေကို နိုင်ငံတော် အကြည်ညို ပျက်စေမှုနဲ့ စစ်ကောင်စီက ကျိုက်ထိုမြို့မှာ လာရောက်ဖမ်းဆီးသွားပြီး ရန်ကုန်မြို့ကို ပို့ဆောင်မှာ ဖြစ်ကြောင်း စစ်ကောင်စီရဲ့ ဝါဒဖြန့် တယ်လီဂရန် ချန်နယ်တွေမှာ ဖော်ပြလာပါတယ်။
Read More

စစ်ခေါင်းဆောင် မင်းအောင်လှိုင် ဘားအံလာမည့်အတွက် လုံခြုံရေးတိုးမြင့်ပြီး အစစ်ဆေးတင်းကြပ်နေဟုဆို

ကရင်ပြည်နယ်၊ ဘားအံမြို့ကို အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်လာမည်ဆိုသည့်အတွက် လုံခြုံရေးတိုးမြင့်ထားပြီး၊ အစစ်ဆေးလည်းတင်းကြပ်ထားတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။ လက်ရှိမှာတော့ စစ်ကော်မရှင်တပ်သားတွေဟာ ဘားအံမြို့နေရာတော်တော်များများမှာ ကင်းချထားပြီး စစ်ဆေးမှုများ တင်းကြပ်ထားသလို မြို့ဝင်၊ မြို့ထွက်အားလုံးမှာလည်း စစ်ဆေးမှုတွေ တိုးမြင့်လုပ်ဆောင်နေတယ် ဆိုပါတယ်။