အကြမ်းဖက်အဖွဲ့အစည်းဆိုပြီးအမည်ခံကာစီးပွားရေးလုပ်ငန်းရှင်တွေဆီကခြိမ်းခြောက်ငွေတောင်းသူနှစ်ယောက်ဖမ်းဆီးရမိထားတယ်လို့အကြမ်းဖက်စစ်ကောင်စီကသတင်းထုတ်ပြန်ပါတယ်။

အကြမ်းဖက်အဖွဲ့လို့ကိုယ့်ကိုကိုယ်အမည်တပ်ပြီးလားရှိုး၊သီပေါ၊မူဆယ်၊နမ့်ခမ်း၊တောင်ကြီး၊လွိုင်ကော်၊ပြင်ဦးလွင်၊နောင်ချိုနဲ့မန္တလေးမြို့တို့ကစီးပွားရေးလုပ်ငန်းရှင်၂၇ယောက်ကိုခြိမ်းခြောက်စာပေးပို့ကာငွေကြေးတောင်းခံတဲ့သူနှစ်ယောက်ကိုအောက်တိုဘာလ၂၀ရက်ကဖမ်းဆီးရမိခဲ့တယ်လို့စစ်ကောင်စီရဲ့ထုတ်ပြန်ချက်ကဆိုပါတယ်။

(ဓာတ်ပုံ ကြေးမုံသတင်းစာ)

ခြိမ်းခြောက်ငွေတောင်းခံနေသူတွေဖြစ်တဲ့ ကျော်ခိုင်ဦး နဲ့ သူ့ရဲ့ တရားမဝင်ဇနီးဖြစ်သူ အေးအေးဝင်းတို့ ဟာ ပြင်ဦးလွင်မြို့နယ်၊ မိုးကြိုးပစ်ကျေးရွာ၊ ခေတ္တာလမ်း၊ အမှတ်(၂၂၆)တွင်ရောက်ရှိနေကြောင်း သတင်းရလို့ စစ်ကောင်စီတပ်တွေက သွားရောက်ဖမ်းဆီးခဲ့တာဖြစ်ပြီးဘသူတို့နှစ်ယောက်ဟာ Myanmar Business Directory Application အသုံးပြုကာ စီးပွားရေးလုပ်ငန်းရှင်တွေရဲ့ ဖုန်းနံပါတ်တွေကို ရှာဖွေပြီး ငွေကျပ် သိန်း ၂၂၀၀ ကျော်တောင်းခံခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

(ဓာတ်ပုံ ကြေးမုံသတင်းစာ)

စစ်ကောင်စီ တယ်လီဂရမ်ချန်နယ်တွေမှာ တော်လှန်ရေးအဖွဲ့တွေရဲ့ ခြိမ်းခြောက်စာ ဆိုပြီး ဟာကြူလီကားပစ္စည်းအရောင်းဆိုင်ကို လိမ်မူပေးပို့တဲ့ခြမ်းခြောက်စာဟာလည်း သူတို့ရဲ့ ခြိမ်းခြောက်ငွေတောင်းခံမှုဖြစ်တယ်လို့ စစ်ကောင်စီက ဆိုပါတယ်။

အဲ့ဒီစာထဲမှာ သူတို့ကိုယ်သူတို့ အကြမ်းဖက်အဖွဲ့ အဖြစ် ပြောဆိုထားပြီး ငွေကြေးပေးပို့ မဆက်သွယ်လာရင် အကြမ်းဖက်တဲ့နည်းလမ်းတွေနဲ့ ဆောင်ရွက်သွားမယ်လို့ ပြောဆိုထားပါတယ်။

ခြိမ်းခြောက်ငွေတောင်းသူ နှစ်ယောက်ဟာ တောင်းခံလို့ရတဲ့ ငွေတွေကို ငွေကျပ်သိန်း (၄၀၀)တန် Soueast အမျိုးအစားကားတစ်စီးနဲ့မိုးကြိုးပစ်ကျေးရွာမှာငွေကျပ်သိန်း၁၄၀၀တန်နေအိမ်တစ်လုံးဝယ်ယူခဲ့တယ်လို့သိရပါတယ်။

(ဓာတ်ပုံ ကြေးမုံသတင်းစာ)
(ဓာတ်ပုံ ကြေးမုံသတင်းစာ)
0 Shares:
You May Also Like
Read More

စစ်ကိုင်းတိုင်းမှာ ၂၀၂၅ ခုနှစ်အတွင်း စစ်ကောင်စီတပ်ကြောင့် အရပ်သားပြည်သူ ၅၉ ဦး သေဆုံးခဲ့…

စစ်ကိုင်းတိုင်းအတွင်း ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့ကနေ ဧပြီလ ၈ ရက်နေ့အထိ အကြမ်းဖက်စစ်ကောင်စီတပ်ရဲ့ အကြမ်းဖက်လုပ်ရပ်တွေကြောင့် အရပ်သားပြည်သူ ၅၉ ယောက် သေဆုံးခဲ့တယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

စက်တင်ဘာလအတွင်း စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှု ၃၀၀ ကျော်အတွင်း အရပ်သားပြည်သူ ၂၀၀ ကျော်သေဆုံးခဲ့ရ

၂၀၂၄ ခုနှစ် စက်တင်ဘာလ အတွင်း စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သားပြည်သူ ၂၀၀ ကျော် သေဆုံးခဲ့ရတယ်လို့ (Blood Money Campaign) အဖွဲ့က အောက်တိုဘာလ ၅ ရက်နေ့ မနေ့က သတင်းထုတ်ပြန်ပါတယ်။
Read More

ဒေါ်အောင်ဆန်းစုကြည်မပါလျှင် မြန်မာ့နိုင်ငံရေးပြဿနာ မပြေလည်နိုင်ဟု NLD ထပ်မံထုတ်ပြန်…

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် မပါဝင်ဘဲ မြန်မာ့နိုင်ငံရေးပြဿနာကိုဖြေရှင်းဖို့ တွေ့ဆုံဆွေးနွေးတာတွေဟာ ပြေလည်မှု မရနိုင်ဘူးလို့ NLD ပါတီက ထုတ်ပြန်ပါတယ်။
Read More

အုတ်ဖိုတွင် တော်လှန်ရေးသတင်းများ စုံစမ်း​​နေသည့် ပျူခေါင်းဆောင်တစ်ဦး ပစ်ခတ်ရှင်းလင်းခံရ

ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်မှာ စစ်ကောင်စီအတွက် တော်လှန်ရေးသတင်းတွေစုဆောင်းပေးနေတဲ့ ပေါင်းတည်စုရွာ၊ ရာအိမ်မှူး ပျူခေါင်းဆောင် ဖိုးဖြူကို သွားရောက်ပစ်ခတ်ရှင်းလင်းခဲ့ကြောင်း မြေအောက်ပြောက်ကျားတပ်ဖွဲ့ (အုတ်ဖို) တာဝန်ရှိသူက မောင်းကို ပြောပါတယ်။
Read More

မြောက်ဥက္ကလာပ စစ်ကောင်စီ အမှတ် (၄၃၅) တပ်ကို လက်ပစ်ဗုံး ပစ်သွင်းတိုက်ခိုက်

ရန်ကုန်တိုင်း၊ မြောက်ဥက္ကလာပမြို့နယ်က စစ်ကောင်စီရဲ့ အမှတ် (၄၃၅) တပ်ကို လက်ပစ်ဗုံးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ Yangon Army က သတင်းထုတ်ပြန်လာပါတယ်။ 
Read More

ဝမ်းတွင်း စစ်တပ်မှ တပ်ကြပ် ၁ ဦးနှင့် စလင်းအခြေစိုက် ခလရ ၂၅၃ မှ စစ်မှုထမ်း တပ်သားသစ် ၂ ဦး လက်နက်ခဲယမ်းများနှင့် အလင်းဝင်လာ

မန္တလေးတိုင်း၊ ဝမ်းတွင်းမြို့နယ်ရှိ လေကြောင်းရန် ကာကွယ်ရေးတပ်က တပ်ကြပ် ၁ ယောက်နဲ့ ခလရ ၂၅၃ တပ်ရင်းက စစ်မှုထမ်းတပ်သားသစ် ၂ ယောက် လက်နက်ခဲယမ်းတွေနဲ့ အလင်းဝင်လာတယ်လို့ တံတားဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ - ပကဖ က ထုတ်ပြန်ပါတယ်။