မြန်မာ့စီးပွားရေးက  ဆိုးဆိုးရွားရွားကျဆင်းနေတယ်လို့ အာဏာသိမ်းစစ်ခေါင်းဆောင်မင်းအောင်လှိုင်က ဝန်ခံပြောကြားလိုက်ပါတယ်။

အိမ်နီးနားချင်းနိုင်ငံများနှင့်နှိုင်းယှဉ်ပါကတိုးတက်မှုအားနည်းနေတယ်လို့မင်းအောင်လှိုင်ကအောက်တိုဘာလ၂၁ရက်မနေ့ကပြည်ထောင်စုဝန်ကြီးတွေနဲ့ပြုလုပ်တဲ့နေပြည်တော်ကအစည်းအဝေးမှာထည့်သွင်းပြောကြားခဲ့ပါတယ်။

ဒေသတွင်းနိုင်ငံတွေနဲ့ နှိုင်းယှဉ်ပါက တိုးတက်မှုအားနည်းနေဆဲဖြစ်ပြီး စိုက်ပျိုးရေးလုပ်ငန်းတွေမှာ ပန်းတိုင်ရည်မှန်းချက်များပြည့်မီစေရေး တွန်းအားပေးဆောင်ရွက်လျက်ရှိပေမယ့် ထိုက်သင့်သလောက် တိုးတက်မှုမရှိသေးဘူးလို့မင်းအောင်လှိုင်ကဆိုပါတယ်။

မြန်မာနိုင်ငံ၏ စီးပွားရေး အခြေအနေဟာ ဦးမော့လိုပေမယ့်  အားနည်းနေဆဲဖြစ်ကာ တွန်းအားပေးသော်လည်း တိုးတက်မှုမရှိသလိုစိုက်ပျိုးရေးနဲ့မွေးမြူရေးလုပ်ငန်းများကို လုပ်ကိုင်ခြင်းဖြင့် ကမ္ဘာ့ဂုဏ်ယူစရာနိုင်ငံဖြစ်အောင် လုပ်ရမယ်လို့လည်း မင်းအောင်လှိုင်ကဆိုပြန်ပါတယ်။

ပန်းတိုင်ရည်မှန်းချက်များ ပြည့်မီစေရေးအတွက် တိုင်းနှင့်ပြည်နယ် ဝန်ကြီးချုပ်များ၊ စီမံခန့်ခွဲရေးအဖွဲ့များအနေနဲ့ ကြိုးပမ်းဆောင်ရွက်ရဖို့ ဒေသအလိုက် စံပြစိုက်ပျိုးခင်းများ ပြုလုပ်ရမယ်လို့  ဖိအားပေးပြောကြားလိုက်ပါတယ်။

ပြည်တွင်းစစ်ဖြစ်ပွားနေတဲ့ နိုင်ငံမှာ စီးပွားရေးအရ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းတွေဆောင်ရွက်ဖို့ဆိုတာ မဖြစ်နိုင်တဲ့ အကြောင်း မင်းအောင်လှိုင်ကတော့ ဝန်ခံပြောကြားခြင်း မရှိပါဘူး။

၂၀၁၉ ခုနှစ်က မြန်မာပြည်တွင်း ကုန်ထုတ်လုပ်မှုတန်ဖိုး GDP မှာ ၆.၈ ရာခိုင်နှုန်းရှိခဲ့သော်လည်း စစ်တပ်က အာဏာသိမ်းပြီးနောက် ၂၀၂၁ ခုနှစ်တွင် အနှုတ် ၁၈ အထိပြခဲ့ကြောင်း Asian Development Bank ၏ ၂၀၂၁ ခုနှစ် အာရှဖွံ့ဖြိုးရေး အစီရင်ခံစာမှာဖော်ပြထားပါတယ်။

စစ်ကောင်စီက ငွေကြေး အဆမတန်ရိုက်နှိပ်ပြီး ငွေကြေးဖောင်းပွမှုတွေများပြားလာကာ နိုင်ငံခြားလိုငွေပြလာတဲ့ မြန်မာနိုင်ငံမှာ စစ်ကောင်စီဟာ ကျဆင်းနေတဲ့ စီးပွားရေးကို ပိုမိုဆိုးရွားစေတဲ့ အစီအမံတွေနဲ့ သာ ဖြည့်ဆည်းလုပ်ဆောင်လျက်ရှိလို့ တိုင်းပြည်စီးပွားရေးက ဆိုးရွားစွာကျဆင်းနေခြင်း ဖြစ်ပါတယ်။

၂၀၂၃ ခုနှစ်မှာ မြန်မာနိုင်ငံရဲ့ ပြည်တွင်းအသားတင် ထုတ်လုပ်မှုတန်ဖိုး (GDP) ဟာ၃ ရာခိုင်နှုန်း တိုးတက်လာမယ်လို့ ကမ္ဘာ့ဘဏ်က ခန့်မှန်းခဲ့ပြီးအမှန်တကယ် GDP မှာ ၂ ရာခိုင်နှုန်းခန့်သာ တိုးတက်ခဲ့တယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

အမေရိကန်ဖွား ကာဒီနယ် ရောဘတ် ဖရန်စစ် ပရက်ဗော့စ်ကို ပုပ်ရဟန်းမင်းသစ်အဖြစ် ကြေညာ

ရိုမန်ကတ်သလစ်ကျောင်းတော်ရဲ့ ၂၆၇ ယောက်မြောက် ပုပ်ရဟန်းမင်းကြီးအဖြစ် အသက် ၆၉ နှစ်အရွယ် အမေရိကန်ဖွား ကာဒီနယ် ရောဘတ်ဖရန်စစ်ပရက်ဗို့စ်ကို ပုပ်ရဟန်းမင်းသစ်အဖြစ် ဗာတီကန်မှာ ကြေညာလိုက်ပြီဖြစ်ပါတယ်။
Read More

ခမောက်ကြီးတွင် စစ်တပ်စစ်ကြောင်းကို KTLA ဗိုလ်ချုပ်မြ အထူးတပ်ရင်းနှင့် ပကဖများ ဖြတ်တောက်တိုက်ခိုက်၊ စစ်အုပ်စုဗိုလ်မှူး၊ ဗိုလ်ကြီးနှင့် တပ်ကြပ်ကြီးအပါ ၈ဦး မျက်မြင်သေပြီး အလောင်း ၁၈လောင်းကိုလည်း မီးရှို့ထားခဲ့

တနင်္သာရီတိုင်း၊ ကော့သောင်းခရိုင်၊ ခမောက်ကြီးမြို့နယ်မှာ စစ်ကြောင်းထိုး အကြမ်းဖက်စစ်တပ်နဲ့ ထိတွေ့တိုက်ပွဲဖြစ်ပွားပြီး စစ်အုပ်စုဘက်က ဗိုလ်မှူး၊ ဗိုလ်ကြီးနဲ့ တပ်ကြပ်ကြီးအဆင့်ရှိသူတွေ အပါအဝင် အကြမ်းဖက်စစ်သား ၈ယောက် မျက်မြင်သေဆုံးကာ အလောင်း ၁၈လောင်းကိုလည်း မီးရှို့ထားခဲ့တယ်လို့ ကော့သောင်းခရိုင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ သတင်းနှင့်ပြန်ကြားရေး တာဝန်ရှိသူ ကျားကြီးက မောင်းကို ပြောပါတယ်။
Read More

Sky Villa ကွန်ဒိုမှ ရုပ်အလောင်း ၁၀ လောင်း ထပ်မံတွေ့ရှိ

အင်အားပြင်း ငလျင်ကြောင့် ပြိုကျပျက်စီးခဲ့တဲ့ Sky Villa ကွန်ဒိုအဆောက်အဦးကနေ စုစုပေါင်း ရုပ်အလောင်း (၁၀)လောင်းကို ဒီနေ့ ဧပြီလ ၇ ရက်နေ့မှာ ထပ်မံရှာဖွေတွေ့ရှိခဲ့တယ်လို့ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့က ထုတ်ပြန်ပါတယ်။
Read More

Sky Villa ကွန်ဒို အပျက်အစီးများအကြား ကလေး ၁ ဦးအပါ ရုပ်အလောင်း ၄ လောင်း ထပ်မံတွေ့ရှိ

တစ်နိုင်ငံလုံး အကြီးအကျယ် ထိတ်လန့်တုန်လှုပ်ခဲ့ရတဲ့ စစ်ကိုင်း ငလျင်ဒဏ်ကြောင့် ပြိုကျပျက်စီးခဲ့တဲ့ မန္တလေးမြို့ရှိ Sky Villa ကွန်ဒိုကနေ ဧပြီလ ၂၄ ရက် ဒီနေ့မှာ ရုပ်အလောင်း ၄ လောင်း ထပ်မံတွေ့ရှိရတယ်လို့ မီးသတ်တပ်ဖွဲ့က ထုတ်ပြန်ပါတယ်။
Read More

အာဏာရှင်သန်းရွှေ တည်ဆောက်ခဲ့သည့် နေပြည်တော်ကို အာဏာရှင် မင်းအောင်လှိုင်က အကွက်ချပြီး မြို့သစ်ပြန်တည်မည်…

စစ်ကိုင်းငလျင်ကြောင့် ပြိုကျပျက်စီးမှုတွေ ရှိခဲ့တဲ့ နေပြည်တော်ကို အကြမ်းဖက် မင်းအောင်လှိုင်က အကွက်ချပြီး မြို့သစ်ပြန်တည်မယ်လို့ မနေ့က ပြုလုပ်ခဲ့တဲ့ အကြမ်းဖက်စစ်ကောင်စီရဲ့ ပြည်ထောင်စုအစိုးရအဖွဲ့ လုပ်ငန်းညှိနှိုင်း အစည်းအဝေးမှာ ပြောဆိုလိုက်ပါတယ်။
Read More

မုံရွာ-အရာတော်လမ်းပိုင်းကို ပြန်လည်အသုံးပြုခွင့်ပေး

တော်လှန်ရေးတပ်တွေ စိုးမိုးထိန်းချုပ်ထားပြီး ကာလရှည် အသုံးပြုခွင့်ပိတ်ထားတဲ့ မုံရွာ-အရာတော်လမ်းပိုင်းကိုပြန်လည်ဖွင့်လှစ်လိုက်ပြီလို့  မုံရွာမြို့နယ်ပြည်သူ့လုံခြုံရေးအဖွဲ့ (ပလဖ) က ထုတ်ပြန်ပါတယ်။