စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်မှာ တိုက်ပွဲဖြစ်ပွားခြင်း မရှိဘဲ လေကြောင်းတိုက်ခိုက်ခံရတာ ၃ ကြိမ် ရှိနေပြီလို့ ဒေသခံတွေထံက သိရပါတယ်။

စစ်ကောင်စီတပ်တွေက ပြီးခဲ့တဲ့ အောက်တိုဘာလ ၅ ရက်နေ့မှာ ရေဦးနယ်အနောက်ခြမ်းက တင်းတိမ်ရံကျေးရွာ၊ ဘုရားကုန်းဈေးနားကို တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ အကြောင်းမဲ့ ပေါင် ၅၀၀ ဗုံးကြဲချတိုက်ခိုက်ခဲ့တာပါ။

ဘုရားကုန်းနယ်မြေပေါ်က နေအိမ်တစ်ခုပေါ် ကျရောက်ပေါက်ကွဲခဲ့တာကြောင့် အမျိုးသမီးတစ်ယောက် သေဆုံးခဲ့ရပါတယ်။

အလားတူ အောက်တိုဘာ ၈ လ ရက်နေ့၊ ညနေ ၄ နာရီ ဝန်းကျင်အချိန်မှာ တင်းတိမ်ရံကျေးရွာကို ထပ်မံပြီး စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှု လုပ်ဆောင်ခဲ့ပါတယ်။ 

အဲဒီဖြစ်စဉ်မှာလည်း စစ်ကောင်စီက ပေါင် ၅၀၀ ဗုံးကို အသုံးပြုတိုက်ခိုက်ခဲ့တာဖြစ်ပြီး တိုက်ခိုက်မှုကြောင့် ၆လသားအရွယ် ကလေးငယ်တစ်ယောက်နဲ့ ကလေးမိခင်တစ်ယောက်၊ ၆နှစ်သားအရွယ် ကလေးငယ်တစ်ယောက်၊ စုစုပေါင်း   ၃ယောက်သေဆုံးခဲ့ရပြီး၂ယောက်ထိခိုက်ဒဏ်ရာရရှိခဲ့တာပါ။

တင်းတိမ်ရံရွာခံ ပြည်သူတွေကတော့ ပြည်သူတွေကို အကြောင်းမဲ့ ဗုံးကြဲသတ်ဖြတ်တာတွေကြောင့် မနေရဲကြတော့ဘဲ အခုထိတိမ်းရှောင်နေကြရတယ်။ ၂ကြိမ်တောင်ရှိနေပြီလေ။လို့ ရေဦးအခြေပြု People’s Defense Comrade ပြန်ကြားရေးတာဝန်ခံ ထူးခန့်ဇော် (အမေ့သား) က မောင်းကို ပြောပါတယ်။

အောက်တိုဘာ ၈ ရက်နေ့မှာ စစ်ကောင်စီက တင်းတိမ်ရံကျေးရွာကို ဗုံးကြဲတိုက်ခိုက်ပြီးနောက် တွေ့ရစဉ် (ဓာတ်ပုံထူးခန့်ဇော် (အမေ့သား))

မနေ့က အောက်တိုဘာ ၂၀ ရက်၊ ညနေပိုင်းမှာလည်း ရေဦးနယ်အနောက်ခြမ်းက အင်ပထိုးစည်သာမြေမဲအိုးရွာလမ်းဆုံချောင်းကူးတံတားအနီးကိုစစ်ကောင်စီကတိုက်ပွဲဖြစ်ထားတာမရှိဘဲလေကြောင်းနဲ့ထပ်မံတိုက်ခိုက်ခဲ့ပြန်ပါတယ်။

ဒီဖြစ်စဉ်မှာတော့ပြည်သူထိခိုက်ခြင်းမရှိခဲ့ပေမယ့်စည်သာမြေရွာနဲ့မဲအိုးရွာကြားကချောင်းကူးတံတားကတော့ပျက်စီးသွားတယ်လို့သိရပါတယ်။

ကိုထူးခန့်ဇော်က ဆက်လက်ပြီးမနေ့က မနက်ပိုင်းကတော့ အင်ပထိုးရွာမှာ ကထိန်ပွဲလုပ်တော့ သတင်းပေါက်ကြားပြီး ညနေပိုင်းမှာ လာကြဲသွားတယ်လို့ ခန့်မှန်းပါတယ်။ ကြဲချသွားတာကတော့ ရွာအနီးမှာပဲ။ ကံကောင်းလို့ ထိခိုက်သေဆုံးသူမရှိခဲ့ဘူး။လို့ဆိုပါတယ်။

အခုလ အောက်တိုဘာလ ၁လအတွင်းမှာတင် စစ်ကြောင်းစီက တိုက်ပွဲဖြစ်နေခြင်းမရှိတဲ့ အရပ်သားပြည်သူနေရာတွေကိုသာ ပစ်မှတ်ထား တိုက်ခိုက်နေပြီး တိုက်ခိုက်ခဲ့တဲ့ ၃ကြိမ်စလုံးက မိတ္ထီလာ၊ ရှမ်းတဲတပ်က MiG-29 ဖိုက်တာတွေနဲ့ပဲကြဲချတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့သိရပါတယ်။

လက်ရှိရေဦးနယ်အနောက်ခြမ်းမှာစစ်ကောင်စီရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့်တစ်လအတွင်းကလေး၂ယောက်နဲ့အမျိုးသမီး၂ယောက်၊စုစုပေါင်းအရပ်သား၄ယောက်သေဆုံးထားပါတယ်။

အောက်တိုဘာ ၈ ရက်နေ့မှာ စစ်ကောင်စီက တင်းတိမ်ရံကျေးရွာကို ဗုံးကြဲတိုက်ခိုက်ပြီးနောက် တွေ့ရစဉ် (ဓာတ်ပုံထူးခန့်ဇော် (အမေ့သား))
0 Shares:
You May Also Like
Read More

၂၀၂၅ မှာ မြန်မာပြည်သူ (၁၅) သန်းလောက် ငတ်မွတ်ခေါင်းပါးမှု ရင်ဆိုင်ရနိုင်

မြန်မာနိုင်ငံတစ်ဝန်းက ပြည်သူ ၁၅ သန်းခန့်ဟာ ပဋိပက္ခတွေရဲ့ နောက်ဆက်တွဲအဖြစ်  ငတ်မွတ်ခေါင်းပါးမှုနဲ့ ရင်ဆိုင်ရနိုင်တယ်လို့ ကုလသမဂ္ဂရဲ့ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP) က သတိပေးထုတ်ပြန်လိုက်ပါတယ်။
Read More

စစ်အာဏာသိမ်း ၄ နှစ်တာအတွင်း စစ်ကိုင်းတိုင်းတစ်ခုတည်းမှာတင် အရပ်သားပြည်သူ ၅၀၀၀ ကျော် သေဆုံးခဲ့ရ

စစ်တပ်အာဏာသိမ်းထားတဲ့ လေးနှစ်တာအတွင်း အာဏာသိမ်း စစ်တပ်ရဲ့ အကြမ်းဖက်မှုတွေကြောင့် စစ်ကိုင်းတိုင်းတစ်ခုထဲမှာတင် အရပ်သားပြည်သူ ၅၀၀၀ ကျော် သေဆုံးခဲ့ရတယ်လို့ Data For Myanmar ရဲ့  မတ်လ ၁၂ ရက်နေ့က ထုတ်ပြန်တဲ့ သုတေသန အစီရင်ခံစာမှာ ဖော်ပြပါတယ်။
Read More

ဝမ်ပေါင်ကုမ္ပဏီ အနီးနားက ကျေးရွာတွေကို စစ်တပ် စစ်ကြောင်းထိုးလို့ ဒေသခံ တစ်သောင်းကျော် ထွက်ပြေးနေရ

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးနယ်အတွင်းက ဝမ်ပေါင် ကြေးနီစီမံကိန်း အနီးက ကျေးရွာတွေကို စစ်ကောင်စီတပ်တွေက စစ်ကြောင်းထိုးလာတာကြောင့် ဒေသခံပြည်သူ တစ်သောင်းကျော်ဟာ ညတွင်းချင်း ထွက်ပြေး တိမ်းရှောင်နေရတယ်လို့ ဒေသတွင်း သတင်းရင်းမြစ်တွေထံက သိရပါတယ်။ 
Read More

ဒုစရိုက်မှုကျူးလွန်ထားတဲ့ တရားမဝင်နိုင်ငံခြားသား ၈၀၀ နီးပါးကို စစ်ကောင်စီ ဖမ်းဆီးထား ဟု ဆို

အွန်လိုင်းငွေလိမ် လောင်းကစားလုပ်ငန်းတွေက တရားမဝင်တဲ့ နိုင်ငံခြားသား ၈၀၀ ကို ဖမ်းဆီးထားတယ်လို့ စစ်ကောင်စီက ထုတ်ပြန်ပါတယ်။
Read More

လေယာဉ်ဆီဘောက်ဆာကား မောင်းလာသည့် စစ်ကောင်စီတပ်သား၂ ဦး ဖမ်းဆီးခံရ

မကွေးတိုင်း၊ နတ်မောက်မြို့နယ်ဘက်ကနေ လေယာဉ်ဆီဘောက်ဆာကား မောင်းလာတဲ့ စစ်ကောင်စီတပ်သား ၂ ယောက်ကို ဖမ်းဆီးရမိခဲ့တယ်လို့ Aung San's Land Natmauk တပ်ဖွဲ့ဆီက သိရပါတယ်။
Read More

အမျိုးသားလွတ်မြောက်ရေးတပ်တော်ရဲ့ အခြေခံစစ်သင်တန်း (၅/၂၀၂၄) သင်တန်းဆင်းပွဲ (ဓာတ်ပုံသတင်း)

၁၀၂၇ စစ်ဆင်ရေး ဒုတိယပိုင်း ရှမ်းမန်းစစ်ဆင်ရေးမှာ ပါဝင်တိုက်ခိုက်ခဲ့တဲ့ အမျိုးသားလွတ်မြောက်ရေးတပ်တော်အနေနဲ့ စစ်ကိုင်းတိုင်း၊ တမူးမြို့နယ်အတွင်း အခြေခံစစ်သင်တန်း (၅/၂၀၂၄) သင်တန်းဆင်းပွဲပြုလုပ်ခဲ့တယ်လို့ အဆိုပါတပ်ဖွဲ့က ဓာတ်ပုံတွေနဲ့အတူ ထုတ်ပြန်ဖော်ပြထားပါတယ်။