ပြီးခဲ့တဲ့အပတ်မှာ မန္တလေးက တရုတ်ကောင်စစ်ဝန်ရုံး တိုက်ခိုက်ခံရမှုကို တရုတ်နိုင်ငံက ရှုံ့ချခဲ့ပြီး ကျူးလွန်သူတွေကို ဖမ်းဆီးနိုင်ရေး အစွမ်းကုန်ကြိုးစားလုပ်ဆောင်ဖို့ မြန်မာအာဏာပိုင်တွေကို တိုက်တွန်းခဲ့တယ်လို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနပြောရေးဆိုခွင့်ရှိသူက အောက်တိုဘာလ ၂၁ ရက်မှာ ပြောပါတယ်။

စနေနေ့ ညနေ ၅ နာရီက ဖြစ်ပွားခဲ့တဲ့ ဗုံးပေါက်ကွဲမှုအတွင်း လူအသေအပျောက်မရှိပေမယ့် ကောင်စစ်ဝန်ရုံး တစိတ်တစ်ပိုင်း ပျက်စီးသွားကြောင်း ပြောရေးဆိုခွင့်ရှိသူ လင်ကျန်းက တနင်္လာနေ့ ပုံမှန်သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။

ဖြစ်စဉ်နဲ့ပတ်သက်ပြီး စေ့စေ့စပ်စပ် စုံစမ်းစစ်ဆေးဖို့နဲ့ ကျူးလွန်သူတွေကို ဥပဒေနဲ့အညီ ပြင်းထန်စွာအရေးယူဖို့ဖြစ်နိုင်သမျှအားလုံးကြိုးပမ်းအားထုတ်သွားဖို့မြန်မာအာဏာပိုင်တွေကိုတရုတ်ကအလေးအနက်ထားတင်ပြတောင်းဆိုထားတယ်လို့လင်ကပြောပါတယ်။

မကြာသေးမီကတရုတ်ကောင်စစ်ဝန်ရုံးဟာမြန်မာနိုင်ငံမှာရှိတဲ့တရုတ်နိုင်ငံသားတွေ၊စီးပွားရေးလုပ်ငန်းတွေနဲ့အဖွဲ့တွေအားလုံးကိုလုံခြုံရေးအခြေအနေဂရုစိုက်ဖို့နဲ့လိုအပ်တဲ့ကြိုတင်ကာကွယ်မှုတွေချမှတ်ဖို့သတိပေးချက်ထုတ်ပြန်ခဲ့ကြောင်းသူကဆက်ပြောပါတယ်။

ကောင်စစ်ဝန်ရုံးပေါက်ကွဲမှုနဲ့ပတ်သက်လို့စစ်ကောင်စီဘက်ကလုံခြုံရေးအခြေအနေတင်းကြပ်ကာစုံစမ်းစစ်ဆေးရေးတွေလုပ်ဆောင်နေကြောင်းထုတ်ပြန်ထားပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရကလည်းအဆိုပါပေါက်ကွဲမှုအပေါ်ကန့်ကွက်ရှုံ့ချထားပြီးလူမျိုးရေးပဋိပက္ခဖြစ်လာမှာစိုးရိမ်ကြောင်း၊လူမျိုးရေးပဋိပက္ခဖြစ်စေမယ့်လုပ်ရပ်တိုင်းကိုဆန့်ကျင်သွားမှာဖြစ်ကြောင်းထုတ်ပြန်ပါတယ်။

တဆက်တည်းမှာပဲ မြန်မာစစ်အုပ်စုဟာ အမျိုးသားရေးအမည်ခံပြီး တရုတ်ဆန့်ကျင်ရေးဆောင်ရွက်နေသလို တချိန်တခါက တရုတ်မြန်မာ ပဋိပက္ခဖြစ်ပွားစေခဲ့တဲ့ လက်သည်တရားခံဖြစ်ခဲ့ဖူးတာကိုလည်း NUG ကထပ်မံသတိပေးထားပါတယ်။

မူရင်း – China condemns attack on Myanmar consulate

တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ Mr. Lin Jian (ဓာတ်ပုံ Reuters)
0 Shares:
You May Also Like
Read More

ရေဖြူမှာ စစ်ကော်မရှင်တပ်များနှင့် တော်လှန်ရေးတပ်များ တိုက်ပွဲ ဖြစ်ပွား၊ အကြမ်းဖက်စစ်သား ၁၄ ဦး သေဆုံး…

တနင်္သာရီတိုင်း၊ ရေဖြူမြို့နယ်၊ ကော့လှိုင်ကျေးရွာအနီးမှာ တော်လှန်ရေးတပ်တွေနဲ့ စစ်ကော်မရှင်တပ်တွေ ထိတွေ့တိုက်ပွဲဖြစ်ပွားရာ အကြမ်းဖက်စစ်သား ၁၄ ယောက် သေဆုံးခဲ့တယ်လို့ Ye Guerrilla Force-ရေးပြောက်ကျားတပ်က သတင်းထုတ်ပြန်ပါတယ်။
Read More

ဗိုလ်တစ်ထောင် ရေတပ်က ဗိုလ်ကြီး ၁ ဦးနှင့် ဘားအံ ရတဖ ၂၂ က ရဲတပ်သား ၁ ဦး ကျားသစ်နက်စစ်ကြောင်းဆီ အလင်းဝင်လာ

ရန်ကုန်တိုင်း၊ ဗိုလ်တစ်ထောင်မြို့နယ်မှာရှိတဲ့ စစ်ကောင်စီရေတပ်က ဗိုလ်ကြီး ၁ ယောက်နဲ့ ဘားအံအခြေစိုက်  ရတဖ ၂၂ (ရဲတပ်ရင်း) က ရဲတပ်သား ၁ ယောက် အလင်းဝင်ရောက်လာတယ်လို့ ကျားသစ်နက်စစ်ကြောင်း (Black Panther Column) က ထုတ်ပြန်ထားပါတယ်။
Read More

ကနီမြို့နယ် NUG ပညာရေးတာဝန်ခံ မိသားစု မတရားသတ်ဖြတ်ခံရမှု အမှုမှန်ပေါ်ပေါက်ရေး လှုပ်ရှားမှု (ဓာတ်ပုံသတင်း)

စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင် ကနီမြို့နယ် ပညာရေးဘုတ်အဖွဲ့ တာဝန်ခံ ဦးဝင်းဌေးနဲ့ မိသားစု မတရားသတ်ဖြတ်ခံရမှု နှစ်လပြည့်အဖြစ် အမှုမှန်ပေါက်ရေး လူထုလှုပ်ရှားမှု ပြုလုပ်ခဲ့ကြပါတယ်။
Read More

နောင်ချိုမြို့နယ်၊ နောင်တောကျေးရွာအတွင်း တိုက်ပွဲမဖြစ်ပွားဘဲ စစ်ကောင်စီတပ်က ယနေ့ နံနက်ပိုင်းမှာ လက်နက်ကြီးများဖြင့် ပစ်ခတ်နေ

ရှမ်းပြည်နယ်မြောက်ပိုင်းရှိ တအာင်းတပ်မတော် TNLA ထိန်းချုပ်ထားတဲ့ နောင်ချိုမြို့နယ်ရှိ ပြည်သူလူထုနေထိုင်ရာ နောင်တောကျေးရွာအတွင်း စစ်ကောင်စီတပ်က တိုက်ပွဲမဖြစ်ပွားဘဲ ဒီနေ့မနက်ပိုင်းမှာ လက်နက်ကြီးတွေနဲ့ ရမ်းသမ်းပစ်ခတ်နေတယ်လို့ ဓနုပြည်သူ့လွတ်မြောက်ရေးတပ်ဦး (DPLF) က ထုတ်ပြန်ပါတယ်။
Read More

ဒေါက်တာဇော်ဝေစိုး၊ ဗိုလ်ချုပ်တားဘုန်းကျော်၊ IEC ဒုဥက္ကဌ ခွန်းဘီတူး တို့ တက်ရောက်ခဲ့သည့် BPLA အမှတ်စဉ်(၉) သင်တန်းဆင်းပွဲ

ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော်(BPLA) ရဲ့ အခြေခံစစ်ပညာသင်တန်း အပတ်စဉ်(၉) သင်တန်းဆင်းပွဲအခမ်းအနားကို တအာင်းပြည်တနေရာမှာ ၂၀၂၅ခုနှစ်၊ ဇွန်လ(၇)ရက်နေ့ က ကျင်းပပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
Read More

မင်္ဂလာဒုံတွင် ပွဲစားဆိုသူက ကျောင်းသား ၂ ဦး၊ အမျိုးသား ၁ ဦးကို အလုပ်ရမယ်ဆိုကာ စစ်တပ်ထဲရောင်းစား

ရန်ကုန်တိုင်း၊ မင်္ဂလာဒုံမြို့နယ်မှာ ကျောင်းသားတွေအပါအဝင် လူငယ်အမျိုးသား ၃ယောက်ကို ပွဲစားဆိုသူက အလုပ်ရမယ်ဆိုပြီး အကြမ်းဖက်စစ်တပ်ထံ လိမ်လည်ရောင်းစားခဲ့ကြောင်း Rangoon Scout Network တာဝန်ရှိသူက မောင်းကို ပြောပါတယ်။