ပဲခူးတိုင်း တောင်ငူမြို့က စစ်ကောင်စီရဲ့ တောင်ငူလေတပ်စခန်းကို အောက်တိုဘာ ၂၀ ရက် မနေ့ည ၈ နာရီခွဲဝန်းကျင်ခန့်မှာ ၁၀၇ မမ ရှော့တိုက်ဒုံး ၃ လုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ Brave Warriors for Myanmar-BWM အဖွဲ့ထံက သိရပါတယ်။

ရှော့တိုက်ဒုံးတွေဟာ မော်တော်ယာဉ်ဂိုဒေါင်နဲ့ လေယာဉ်သိုလှောင်ရုံပေါ်တွေကို ကျရောက်ပေါက်ကွဲခဲ့ပြီး ရဟတ်ယာဉ် ၁ စီး ဒလက်နဲ့ မှန်ကွဲကာ နောက်အမြီးထိခိုက်ပျက်စီးခဲ့တယ်လို့ သိရပါတယ်။ Y-12 လေယာဉ် ၁ စီးလည်း ထိခိုက်ပျက်စီးခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် တိုက်ခိုက်မှုအတွင်း လူထိခိုက်သေဆုံးမှုတွေလည်း ရှိခဲ့တယ်လို့ သိရပါတယ်။ အဲဒီစစ်ဆင်ရေးကို Brave Warriors for Myanmar (BWM) အဖွဲ့ရဲ့ ဦးဆောင်စီမံမှုနဲ့ NSA31 မြို့ပြပြောက်ကျားအဖွဲ့၊ စစ်တောင်းမြစ်ဝှမ်း ရေတာရှည်ပူးပေါင်းစစ်ဆင်ရေးအဖွဲ့ တို့က လုပ်ဆောင်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

စလင်းမြို့နယ် ကုက္ကိုတန်းရွာကို အင်အား ၁၃၀ ဖြင့် ဝင်ရောက်လာသည့် အကြမ်းဖက်စစ်သားများ တိုက်ခိုက်ခံရပြီး အယောက် ၃၀ နီးပါး သေ (ရုပ်/သံ)

မကွေးတိုင်း၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ် ကုက္ကိုတန်းရွာကို အင်အား ၁၃၀ ခန့်နဲ့ ဝင်ရောက်လာတဲ့ အကြမ်းဖက်စစ်သားတွေကို တော်လှန်ရေးတပ်တွေ ပူးပေါင်းတိုက်ခိုက်ခဲ့ရာ အမျာအပြားသေခဲ့တယ်လို့ မင်းဘူးခရိုင်အမှတ် (၁) တပ်ရင်းက သတင်းထုတ်ပြန်ထားပါတယ်။
Read More

KIO/KIA ထိန်းချုပ်ထားတဲ့ တရုတ်-မြန်မာနယ်စပ်ဂိတ်အားလုံးကို တရုတ် ပြန်ဖွင့် (ရုပ်/သံ)

တရုတ်အစိုးရနဲ့ KIO ခေါင်းဆောင်တွေရဲ့ ဆွေနွေးမှုရလဒ်အဖြစ် တရုတ်ဘက်ခြမ်းနဲ့ KIO/KIA ထိန်းချုပ်ထားတဲ့ မြန်မာနယ်စပ်က ဂိတ်အားလုံးကို ဒီနေ့ ဒီဇင်ဘာ ၁၃ ရက်မှာ ပြန်လည်ဖွင့်လှစ် လိုက်ပြီဖြစ်တယ်လို့ သိရပါတယ်။
Read More

ကျားသစ်နက်စစ်ကြောင်း တပ်ခွဲ(၂)မှ ရဲဘော်အသစ်များ ခေါ်ယူနေ (ရုပ်/သံ)

တောင်ပိုင်းစစ်ဒေသ ၊ အမှတ်(၃၂) ဗျူဟာ၊ ကျားသစ်နက်စစ်ကြောင်း တပ်ခွဲ(၂)မှ တာဝန်ထမ်းဆောင်ဖို့ ရဲဘော်အသစ်တွေကို လက်ခံခေါ်ယူနေတယ်လို့ သိရပါတယ်။
Read More

PDF ရဲဘော်များ သီဆိုထားသည့် သုည၏အားမာန် (ရုပ်/သံ)

စစ်အာဏာရှင်တွေကို နိဂုံးချုပ်ပြီး ဖက်ဒရယ်ဒီမိုကရေစီရရှိဖို့ အသက်တွေ ဘဝတွေ ပေးဆပ်ကာ တိုက်ပွဲဝင်နေတဲ့ PDF လူငယ်တွေအတွက် ရေးစပ်ထားတဲ့ သုည၏အားမာန် သီချင်းကို အမျိုးသားညီညွတ်ရေးအစိုးရ NUG၊ ကာကွယ်ရေးဝန်ကြီးဌာနက လူမှုကွန်ရက်ကတဆင့် မျှဝေထားပါတယ်။
Read More

ကြားဖြတ်တိုက်ခိုက်ခံရတဲ့ စစ်ကောင်စီတပ် ကျေးရွာ ၂ ရွာကို ဝင်ရောက်မီးရှို့၊ နေအိမ် ၂၀ ကျော် မီးလောင်ပြာကျ (ရုပ်/သံ)

မကွေးတိုင်း၊ မြိုင်မြို့နယ်အတွင်း ကြားဖြတ်တိုက်ခိုက်ခံရပြီး အထိနာခဲ့တဲ့ အကြမ်းဖက်စစ်ကောင်စီတပ်ဟာ ဇန်နဝါရီ ၁၈ ရက် ညပိုင်းက ကျောင်းကုန်းရွာနဲ့ သံပုရာခြံရွာကို ဝင်ရောက်မီးရှို့ခဲ့တယ်လို့ ဗစ်တာပြောက်ကျားတပ်ဖွဲ့ထံက သိရပါတယ်။
Read More

ကျောက်တံခါးမြို့နယ် ရှေ့တန်းစစ်မြေပြင်တွင် အကြမ်းဖက်စစ်တပ်၏ လက်နက်ကြီးထိမှန် ကျဆုံးခဲ့သည့် ရဲဘော် ဝေကြီး စျာပန (ရုပ်/သံ)

ပဲခူးတိုင်း၊ ကျောက်တံခါးမြို့နယ် ရှေ့တန်းစစ်မြေပြင်တစ်နေရာမှာ အကြမ်းဖက်စစ်တပ်ရဲ့ လက်နက်ကြီးထိမှန်ကျဆုံးခဲ့ရတဲ့ ရဲဘော် ဝေကြီးရဲ့  နာရေးစျာပနကျင်းပပြုလုပ်ခဲ့တယ်လို့ Spring Warriors Column က ဒီနေ့ ထုတ်ပြန်ပါတယ်။