တိုင်းပြည်ကို အာဏာသိမ်းခဲ့တဲ့ စစ်တပ်အဆက်ဆက်ဟာ ရာသီဥတုဖောက်ပြန်ပြောင်းလဲမှုတွေကို အလေးမထားဘဲ ကြိုတင်ပြင်ဆင်မှု အားနည်းခဲ့တာကြောင့် မြန်မာနိုင်ငံဟာ စစ်ဘေးနဲ့အတူ သဘာ၀ဘေးကို တခြားနိုင်ငံတွေထက် ပိုမိုပြင်းထန်စွာ ခံစားနေရတယ်လို့  ISP Myanmar ရဲ့ အစီရင်ခံစာတစ်စောင်က ဖော်ပြလာပါတယ်။

ခေါင်းဆောင်တွေနဲ့ နယ်ပယ်အလိုက် အသံကျယ်ကျယ် ဦးဆောင်လှုပ်ရှားသူတွေ ကြားထဲမှာလည်းသဘာဝမုန်တိုင်းထက်နိုင်ငံရေးမုန်တိုင်းကို ပိုလို့ ရှေ့တန်းတင် စဉ်းစားနေကြဆဲပါပဲ။ ဒီစဉ်းစားချက်တွေက တစိတ်တပိုင်းအားဖြင့် မှားတယ်လို့ မဆိုနိုင်ပါဘူး။ မြန်မာနိုင်ငံဟာ ဒီမိုကရေစီ ကင်းမဲ့နေဆဲ၊ စစ်အာဏာရှင်နဲ့ စစ်တပ်က အုပ်ချုပ်နေဆဲ နိုင်ငံတခု ဖြစ်နေပါတယ်။ ဒီလို အာဏာရှင်စနစ် ကြီးစိုးတဲ့ နိုင်ငံတွေမှာ လူထုတောင်းဆိုချက်တွေကို တုံ့ပြန်တတ်တဲ့၊ ကောင်းမွန်တဲ့ အုပ်ချုပ်ရေးစနစ်မျိုး မထွန်းကားနိုင်ပါဘူး။ တချိန်တည်းမှာ စစ်ယန္တရားကို မောင်းနှင်နိုင်ဖို့ အရင်းအမြစ်တွေကို အင်အားစုဘက်အသီးသီးက ရှေ့နောက် မစဉ်းစားဘဲ အလုအယက် ထုတ်ယူနေကြတာ ရှိပါတယ်။ သဘာဝပတ်ဝန်းကျင် အော်သံကို သူတို့ မကြားနိုင်ကြသေးပါဘူး။ ဒီလိုနဲ့ မြန်မာနိုင်ငံဟာ လူနေလို့ မရလောက်အောင် ဖြစ်လာတဲ့မြေကောတခုဖြစ်ဖို့ ဦးတည်နေပါတယ်။ ဥတုကပ်ဘေးတွေဟာ ဘက်လိုက်မှာမဟုတ်သလို အညှာအတာလည်း ကင်းမဲ့ပါလိမ့်မယ်  လို့ ISP Myanmar ရဲ့ ဘေးနှစ်သွယ်အမြွှာဆင့်ချိန် ဥတုကပ်ဘေးနှင့် သတိပြုဖွယ်သုံးသပ်ချက်ဆိုတဲ့ အစီရင်ခံစာက ဆိုပါတယ်။

မြန်မာနိုင်ငံရဲ့ သဘာဝကပ်ဘေးတွေမှာ စစ်တပ်ရဲ့ အမြော်အမြင်ကင်းမဲ့မှု အစဉ်အလာဆိုးတွေ ရှိခဲ့ပြီး ပြီးခဲ့တဲ့ ၂၀၀၈ ခုနှစ် နာဂစ် မုန်တိုင်းနဲ့ ၂၀၂၃ ခုနှစ် မိုခါမုန်တိုင်းတွေမှာဆို လုံခြုံရေး စိုးရိမ်စိတ်နဲ့ နိုင်ငံတကာ အကူအညီတွေ၊ ပြည်သူလူထုတွေရဲ့ အကူအညီနဲ့ လှုပ်ရှားမှုတွေကို အလွန်အမင်း တင်းကြပ် ကန့်သတ်ခဲ့တယ်လို့ ရေးသားထားပါတယ်။

အထူးသဖြင့် စစ်တပ်ဟာ နိုင်ငံတကာ အကူအညီနဲ့ နိုင်ငံတကာ အဖွဲ့အစည်းတွေအပေါ် သံသယကြီးကြီးထား တုံ့ပြန်ခဲ့ကြပြီး လွဲမှားတဲ့ အကျင့်ပျက်ခြစားမှုတွေလည်း ရှိခဲ့တယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ တိုင်ဖွန်းရာဂီရဲ့ အဖျားခတ် မိုးများရေကြီးမှု ဒဏ်ခံခဲ့ရတဲ့ မြန်မာနိုင်ငံဟာ မုန်တိုင်းဒဏ် အပြည့်ခံခဲ့ရတဲ့ ဗီယက်နမ်နိုင်ငံထက်တောင် လူအသေအပျောက် များခဲ့ရတယ်လို့ဆိုပါတယ်။

စစ်ကောင်စီကထုတ်ပြန်တဲ့ စာရင်းတွေအရ လူပေါင်း ၄၃၃ ယောက် သေဆုံးခဲ့ရပြီး ၂၀၀၈ ခုနှစ် နာဂစ်မုန်တိုင်းအပြီး ဒုတိယအကြီးဆုံး သဘာ၀ဘေးလို့ဆိုနိုင်တဲ့၂၀၁၅ ခုနှစ် ရေကြီးမှုကာလထက်တောင်လူသေဆုံးမှုများခဲ့တာဖြစ်ပါတယ်။

အယ်လ်နီညိုနဲ့ လာနီညာတို့လို ပုံမှန်မဟုတ်တဲ့ ပြင်းထန် ဥတုကပ်ဘေးတွေကိုလည်း တခြားနိုင်ငံတွေနည်းတူ နှစ်စဉ်ရင်ဆိုင်လာရပေမယ့် ထိခိုက်ပျက်စီးမှုမှာတော့ မြန်မာနိုင်ငံဟာ အဆိုးဆုံးခံစားခဲ့ရတာပါ။

ISP ၏ အစီရင်ခံစာ မျက်နှာဖုံး

၂၀၂၄ ခုနှစ် နွေရာသီကာလတုန်းကလည်း ကမ္ဘာ့အပူဆုံးမြို့ ၁၅ မြို့ထဲ မြန်မာနိုင်ငံက သုံးမြို့ ပါတဲ့အထိ အပူချိန် မြင့်မားမှုကို ရင်ဆိုင်ခဲ့ရပြီး အခုနှစ် မိုးရာသီရောက်ပြန်တော့လည်း ပထမ ရေကြီးကာလမှာတင် ဧရာ၀တီနဲ့ ချင်းတွင်းမြစ်ရိုးတလျှောက်က ဒေသတွေမှာ ရေကြီးမှုဒဏ်ကို ကြီးကြီးမားမား ခံစားခဲ့ရပါတယ်။

ဒါဟာ နိုင်ငံတွင်းသယံဇာတတွေကို အလွန်အကျွံထုတ်ယူမှုတွေ မြင့်တက်လာခြင်းကနေ ပြင်းထန်ဆိုးရွားတဲ့ ရာသီဥတု ဖောက်ပြန်မှုကို ပြန်လည်ခံစားခဲ့ရတာဖြစ်ပြီး စစ်တပ်အပါအဝင် အစိုးရအဆက်ဆက်ဟာ ရာသီဥတု ကပ်ဘေးထက် နိုင်ငံရေးမှာ ပိုမိုဦးစားပေးခဲ့တာကြောင့် ပိုမိုအထိနာခဲ့ရတယ်လို့ အစီရင်ခံစာမှာ ရေးသားထားတာပါ။

၂၀၂၁ ခုနှစ် ကမ္ဘာလုံးဆိုင်ရာ ဥတုဖောက်ပြန်ပြောင်းလဲမှု အန္တရာယ်ညွှန်းကိန်း (Global Climate Risk Index) မှာ နိုင်ငံပေါင်း ၁၈၃ နိုင်ငံအတွင်း မြန်မာနိုင်ငံက ဒုတိယနေရာကို ရောက်ရှိနေခဲ့ပါတယ်။

ဒါကြောင့် စစ်အာဏာသိမ်းမှုအလွန် မြန်မာနိုင်ငံဟာ ဥတုကပ်ဘေး စိုးရိမ်ဖွယ်ရာနဲ့ အဆိုးရွားဆုံး ခံစားနေရတာလည်း ဖြစ်ပါတယ်။

ရာသီဥတုဖောက်ပြန်ပြောင်းလဲမှုနဲ့ မြန်မာ့လူ့အဖွဲ့အစည်းအတွက် နစ်နာနိုင်ခြေ (climate vulnerability) တွေကိုအကြိမ်ကြိမ်ထောက်ပြဆွေးနွေးခဲ့ကြပေမယ့်အာဏာသိမ်းစစ်တပ်အပါအဝင်အစိုးရအဆက်ဆက်ကကြိုတင်ပြင်ဆင်စိတ်ဝင်စားခဲ့ခြင်းမရှိခဲ့ပါဘူး။

ဒါကြောင့် မြန်မာနိုင်ငံဟာ စစ်ရေးပဋိပက္ခတွေနဲ့အတူ ဆိုးရွားပြင်းထန်တဲ့ သဘာ၀ဘေးအန္တရယ်တွေကို ရင်ဆိုင်ရတဲ့အခါ နလန်ထူဖို့ ပိုမိုခက်ခဲလာဦးမှာ ဖြစ်ကြောင်း အစီရင်ခံစာက တိုက်တွန်းရေးသားထားပါတယ်။

0 Shares:
You May Also Like
Read More

စစ်ဘေးရှောင်ရင်း ကုန်ဈေးနှုန်းတက်လာလို့ စားဝတ်နေရေး ပိုမိုခက်ခဲလာ

မြန်မာပြည်သူတွေရဲ့ သဘောဆန္ဒကို ဆန့်ကျင်ကာ စစ်ကောင်စီက မတရား အာဏာသိမ်းပြီးတဲ့နောက် လက်ရှိ မြန်မာပြည်နေရာအနှံ့အပြားမှာ အာဏာရှင်ဖြုတ်ချရေး တိုက်ပွဲတွေ နေ့စဥ်ဖြစ်ပွားနေပါတယ်။ တိုက်ပွဲဖြစ်ပွားရာ ဒေသတွေမှာရှိတဲ့ ဒေသခံတော်တော်များများဟာ အမြဲတစေ နေထိုင်ခဲ့တဲ့ သူတို့ရဲ့ နေအိမ်တွေကို စွန့်ခွာကာ စစ်ဘေးကနေ ရှောင်တိမ်းနေကြရပါတယ်။
Read More

မြောင်နဲ့ ရေစကြိုအစပ်မှာ စက်လှေများဖြင့် စစ်ကြောင်းထိုးလာသည့် အကြမ်းဖက်စစ်တပ်နှင့် တော်လှန်ရေးတပ်ပေါင်းစုများ တိုက်ပွဲဖြစ်ပွား၊ စစ်သား အလောင်း ၅ လောင်းနဲ့ ၆ ယောက် သုံ့ပန်းအဖြစ် ဖမ်းဆီးရမိ…

မကွေးတိုင်း၊ မြောင်နဲ့ ရေစကြိုမြို့နယ်အစပ်မှာ ချင်းတွင်းမြစ်ကြောင်းအတိုင်း စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးတပ်တွေ ထိတွေ့တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီအလောင်းတွေနဲ့ သုံ့ပန်းတွေဖမ်းဆီးရမိခဲ့တယ်လို့ Myimmu Civil Revolution Force-မြင်းမူမြို့ပြတော်လှန်ရေးအဖွဲ့ တာဝန်ရှိသူက မောင်းသတင်းဌာနကို ပြောပါတယ်။
Read More

အကြမ်းဖက်မှုတိုက်ဖျက်ရေး အထူးတပ်ဖွဲ့ (SOS) ဦးစီးပြုလုပ်သည့် အထူးတပ်ဖွဲ့ အပတ်စဉ် (၃) သင်တန်းဆင်းပွဲနှင့် လက်နက်အပ်နှင်းခြင်း

အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်ထဲရေးနဲ့ လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနလက်အောက်ရှိ အကြမ်းဖက်မှုတိုက်ဖျက်ရေး အထူးတပ်ဖွဲ့(SOS) က ပြုလုပ်တဲ့ အပတ်စဉ် (၃) သင်တန်းဆင်းပွဲအခမ်းအနားနဲ့ လက်နက်အပ်နှင်းခြင်းအခမ်းနားကို စက်တင်ဘာလ (၂၆) ရက်က စစ်ကိုင်းတိုင်း၊ NUG စိုးမိုးနယ်မြေအတွင်း တစ်နေရာမှာ ပြုလုပ်ကျင်းပခဲ့တယ်လို့ အဆိုပါဝန်ကြီးဌာနက မနေ့က ထုတ်ပြန်ပါတယ်။
Read More

သပိတ်ကျင်းမြို့နယ်မှာ မြို့နယ် နဲ့ တိုက်နယ် ပကဖ ပူးပေါင်းပြီး ဆန်တွေ ပေးဝေခဲ့

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန ကွပ်ကဲမှုအောက်က ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့၊ သပိတ်ကျင်းမြို့နယ် ပကဖ တို့က ကျေးရွာတစ်ရွာကို ဆန်တွေ ပေးဝေခဲ့တယ်လို့ သပိတ်ကျင်းမြို့နယ် ပကဖ က ဒီနေ့ ထုတ်ပြန်ထားပါတယ်။
Read More

ဘုတလင်တွင် စစ်သားများ ဗကသ ရုံးခန်းထဲ ဝင်ရောက်သတ်ဖြတ်မှုကြောင့် ဗကသ ရဲဘော်သုံးဦး ကျဆုံးခြင်း ၂ နှစ်ပြည့်အခမ်းအနား ပြုလုပ်

စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်ကျောင်းသားများသမဂ္ဂက ဗကသ ရဲဘော် ၃ ယောက် ကျဆုံးခြင်း ၂ နှစ်ပြည့်အထိမ်းအမှတ် အခမ်းအနားကို ဇူလိုင်လ ၂၈ ရက်က ဘုတလင်မြို့နယ်မှာ ပြုလုပ်ခဲ့တယ်‌လို့ ဗကသများအဖွဲ့ချုပ်က မနေ့က ထုတ်ပြန်ပါတယ်။
Read More

ဘန်ကောက်မှာ ရေမြောင်းသန့်ရှင်းရေး လုပ်နေသည့် မြန်မာအလုပ်သမား ၂ ဦး ဓာတ်လိုက်သေဆုံး

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့၊ ဘန်စူမြို့နယ်၊ ပါရချူလမ်းမကြီး၊ ဆွယ် ၃၇ အနီး ရေမြောင်းသန့်ရှင်းရေးလုပ်နေတဲ့ မြန်မာအလုပ်သမား ၂ ယောက် လုပ်ငန်းခွင်အတွင်း ဓာတ်လိုက် သေဆုံးသွားတယ်လို့ ထိုင်းရောက် မြန်မာအလုပ်သမားတွေကို အကူအညီပေးနေသူတွေဆီက သိရပါတယ်။