ရခိုင်ပြည်နယ် မောင်တောမြို့မှာရှိတဲ့ အကြမ်းဖက်စစ်တပ်ရဲ့ နောက်ဆုံးခံတပ်ဖြစ်တဲ့ နခခ ၅ မှာ ရခိုင့်တပ်တော် AAနဲ့ အကြမ်းဖက်စစ်တပ်တို့ကြား ထိတွေ့တိုက်ပွဲတွေ ပြင်းထန်နေပြီး စစ်ကောင်စီဘက်က သေဆုံးသူတွေထဲမှာ ဧရာဝတီတိုင်း မအူပင်မြို့ကနေ စစ်မှုထမ်းဥပဒေကြောင့် စစ်သင်တန်းတက်ခဲ့ရတဲ့ လူငယ် ၇ ယောက်လည်း သေဆုံးသွားကြောင်း မိသားစုဝင်တွေနဲ့ နီးစပ်သူတွေဆီက သိရပါတယ်။

သေဆုံးတဲ့သူတွေဟာ မအူပင်မြို့ အမှတ် ၁ ရပ်ကွက်က စစ်မှုထမ်း အပတ်စဥ် ၄ မှာ သင်တန်းတက်ရောက်ခဲ့ရသူတွေဖြစ်ပြီး မောင်တောကို စစ်ကူအပို့ခံရကာ စစ်မြေပြင်မှာ သေဆုံးခဲ့တာဖြစ်ကြောင်း သိရပါတယ်။

စစ်မှုထမ်းဥပဒေနဲ့ သင်တန်းဆင်းလေးတွေ ထိုးကျွေးခံနေရသလိုဖြစ်နေပြီ။ အခုက ဧရာဝတီတိုင်းနဲ့ထိစပ်နယ်နိမိတ်မှာတင် တာဝန်ပေးတာမဟုတ်ဘဲ ရှေ့တန်းစစ်မြေပြင် အပို့ခံနေရတာ။ စစ်မှုထမ်းဥပဒေ အပတ်စဥ် ၄ သင်တန်းဆင်း၊ မအူပင်မြို့က ၇ယောက်တော့ သေသွားပြီ။ တခြားသေဆုံးတဲ့သူ အများအပြားလည်း ရှိတယ်။ အကြမ်းဖက်စစ်တပ်က နခခ ၅ မှာ လေကြောင်းပစ်ကူပါလုပ်နေတာကို မရဘူး။ အသေအပျောက်များလာနေပြီလို့ စစ်တပ်နဲ့ နီးစပ်သူတစ်ယောက်က မောင်းကိုပြောပါတယ်။

ရခိုင့်တပ်တော် AA ဟာ ရခိုင်ဒေသတစ်ခုလုံးကို ထိန်းချုပ်နိုင်ဖို့ ကြိုးစားနေပြီး တိုက်ပွဲတွေ ပြင်းထန်လာနေသလို မောင်တော နခခ ၅ နဲ့ ဂွမြို့နယ်အနီးတဝိုက်မှာ တိုက်ပွဲအခြေအနေ ပိုဆိုးတယ်လို့ အထက်ပါ သတင်းရင်းမြစ်က ဆက်ပြောပါတယ်။

ရခိုင်ပြည်နယ် မောင်တောက စစ်ကောင်စီရဲ့ နခခ ၅ နယ်ခြားစောင့်ဌာနချုပ်ကို အာရက္ခတပ်တော် AA ကအပြီးသတ် ထိုးစစ်ဆင်မှုတွေ ပြုလုပ်နေပြီး မြေပြင်ထိုးစစ်ဆင်ချိန် အကြမ်းဖက်စစ်တပ်က လေကြောင်းအသုံးပြုကာ ဗုံးတွေ အဆက်မပြက် ကြဲချပြီးခုခံခဲ့လို့ ပြန်ဆုတ်ပေးခဲ့ပေမယ့် လက်ရှိအချိန်မှာ တိုက်ပွဲတွေ ပိုမိုပြင်းလာနေတယ်လို့ မောင်တော ဒေသခံတွေဆီက သိရပါတယ်။

ဧရာဝတီတိုင်း၊ ပုသိမ်ရှိ တပ်မတော်တန်းမြင့်လေ့ကျင့်ရေးကျောင်း တတက(၅) လေ့ကျင့်နေကြသည့် စစ်မှုထမ်းရန် ရွေးချယ်ခံထားရသူများအား ၂ဝ၂၄ ခုနှစ် ဧပြီလ ၁၉ ရက်နေ့က တွေ့ရစဉ် (ဓာတ်ပုံ Pyithisit/Telegram)
0 Shares:
You May Also Like
Read More

ဇီးကုန်းမှာ စစ်ကောင်စီရဲ့ ကင်းထောက် ပျူစောထီး ၁ ယောက်ကို ဖမ်းဆီးရမိ

ပဲခူးတိုင်း၊ ဇီးကုန်းမြို့နယ်၊ ဘော်ဘင်ကျေးရွာကို ကင်းထောက်လာတဲ့ စစ်ကောင်စီရဲ့ ကင်းထောက် ပျူစောထီး ၁ ယောက်ကို အရှင်ဖမ်းဆီးရမိခဲ့တယ်လို့ ပဲခူးရိုးမအခြေပြု BTZM GBK PDF ထံက သိရပါတယ်။
Read More

မိုးမိတ်မှာ စစ်ကောင်စီတပ် လေကြောင်းတိုက်ခိုက်မှုကြောင့် ကလေးငယ်အပါ (၃)ဦး‌ သေဆုံး၊ (၇)ဦး ထိခိုက်ဒဏ်ရာရ… နောင်ချိုမှာ စစ်ကောင်စီတပ် လေကြောင်းတိုက်ခိုက်မှုကြောင့် ဒေသခံ ၁ ဦး သေဆုံး

ရှမ်းပြည်နယ်မြောက်ပိုင်းရှိ တအာင်းတပ်မတော် TNLA သိမ်းပိုက်ထိန်းချုပ်ထားတဲ့ မိုးမိတ်မြို့နယ်၊ ဝဲဘောင်းကျေးရွာမှာ စစ်ကောင်စီတပ် လေကြောင်း တိုက်ခိုက်မှုကြောင့် ကလေးငယ်အပါအ၀င် ဒေသခံ (၃) ယောက် သေဆုံးပြီး (၇) ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ TNLA က ထုတ်ပြန်ထားပါတယ်။
Read More

ကျိုက်ထိုမြို့နယ်မှာစစ်ကောင်စီတပ်၏ လေကြောင်းတိုက်ခိုက်မှုနှင့် လက်နက်ကြီးပစ်ခတ်မှုများကြောင့် ဒေသခံပြည်သူ (၂၇၂၁) ဦး တိမ်းရှောင်နေရ

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်အတွင်း အကြမ်းဖက်စစ်ကောင်စီတပ်ရဲ့ ပြည်သူလူထုကို ပစ်မှတ်ထားတဲ့ လက်နက်ကြီး ပစ်ခတ်မှုတွေနဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် ဓေသခံပြည်သူ (၂၇၂၁ ဦး တိမ်းရှောင်နေရတယ်လို့ ကရင်အမျိုးသားအစည်အရုံး (KNU) က ဒီနေ့ညပိုင်းမှာ ထုတ်ပြန်ပါတယ်။
Read More

ဘားအံမှာ လိုင်စင်မဲ့ကား၊ ဆိုင်ကယ်နှင့် အရေးပေါ်ကားများကိုပါ စစ်အုပ်စု ဖမ်းဆီး

ကရင်ပြည်နယ်၊ ဘားအံမြို့ပေါ်မှာ လိုင်စင်မဲ့ ကားနဲ့  ဆိုင်ကယ်မှန်သမျှကို စစ်အုပ်စုက ဖမ်းဆီးတဲ့အပြင် အရေးပေါ်ကားတွေပါ ဖမ်းဆီးနေတယ်လို့  မြို့ခံတွေဆီက သိရပါတယ်။
Read More

မင်းကင်းတွင် အင်အား ၁၀၀ ကျော်ရှိ စစ်တပ်စစ်ကြောင်းနှင့် တိုက်ခိုက်ဖြစ်၊ စစ်အုပ်စုက ၁၀ ဦး သေ၊ ၁ ဦးအရှင်မိပြီး လက်နက်ခဲယမ်းအချို့ သိမ်းဆည်းရရှိ

စစ်ကိုင်းတိုင်း၊ မင်းကင်းမြို့နယ်မှာ အင်အား ၁၀၀ ကျော်နဲ့ စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်ကြောင်းကို တိုက်ခိုက်ရာ ၁၀ ယောက် သေဆုံးပြီး ၁ ယောက် အရှင်ဖမ်းမိခဲ့တယ်လို့ ကလေးခရိုင်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ) က ထုတ်ပြန်ထားပါတယ်။
Read More

စစ်ကောင်စီရဲ့ တိုက်ခိုက်မှုကြောင့် နိုဝင်ဘာလတစ်လတည်းမှာပင် အမျိုးသမီး ၆၀ ကျော် သေဆုံးခဲ့ရ

စစ်ကောင်စီရဲ့တိုက်ခိုက်မှုကြောင့် နိုဝင်ဘာလ တစ်လတည်းမှာပဲ နိုင်ငံတစ်ဝန်း အမျိုးသမီး ၆၁ ဦးသေဆုံးခဲ့တယ်လို့  မြန်မာ့အမျိုးသမီးသမဂ္ဂ (BWU) ကထုတ်ပြန်လိုက်ပါတယ်။