လားရှိုးမြို့သိမ်းတိုက်ပွဲမှာ ဖမ်းဆီးရမိတဲ့ စစ်သုံ့ပန်း မိသားစုဝင် ၃၁ ယောက်ကို MNDAA က ပြန်လွှတ်ပေးလိုက်ပြီဖြစ်ကြောင်း ဒီနေ့ အောက်တိုဘာ ၂၀ ရက်မှာ အသိပေးထုတ်ပြန်ပါတယ်။

MNDAAရဲ့ နိုင်ငံရေးဌာန၊ လားရှိုးအလုပ်အဖွဲ့က မင်းအောင်လှိုင် အာဏာသိမ်းစစ်တပ်ရဲ့ စစ်သုံ့ပန်းမိသားစုဝင်တချို့ကို နေရပ်ပြန်နိုင်ဖို့ ပြောဆိုစည်းရုံးခဲ့ပြီး မိသားစုဝင် ၃၁ ယောက်ကို အောက်တိုဘာလ ၁၉ ရက်နေ့မှာ စစ်ဘေးကြားခံဇုန်ဆီ ဘေးကင်းစွာ ပို့ဆောင်ပေးခဲ့တယ်လ်ို့ ထုတ်ပြန်ပါတယ်။

စစ်သုံ့ပန်းမိသားစုဝင်တွေ နေရပ်ပြန်နိုင်ဖို့ မိသားစုဝင် ၃၁ ယောက် အပြန်ခရီးအတွက် စားနပ်ရိက္ခာနဲ့ တည်းခိုနေထိုင်ရေးအတွက် စရိတ်တွေကိုပါ ထုတ်ပေးခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

စစ်ကောင်စီ မိသားစုဝင်တွေ ဖမ်းဆီးခံရစဉ် ယာယီအခြေချစခန်းကို လိုက်ပါနေထိုင်ကြခြင်းဖြစ်ပြီး MNDAA က မိသားစုဝင်တွေအားလုံးကို နေရပ်ပြန်ပို့ဖို့ ဆောင်ရွက်ခဲ့ကြပေမယ့် အများစုက နေရပ်ကိုမပြန်လိုဘဲ ငြင်းဆန်ခဲ့ကြတယ်လို့ သိရပါတယ်။

လားရှိုးမြို့သိမ်းတိုက်ပွဲအပြီး MNDAA က ရာနဲ့ချီတဲ့ စစ်ကောင်စီတပ်ဖွဲ့၀င်တွေကို အသုတ်လိုက်ပြန်လည်ပြီး လွှဲပြောင်းပေးမှုတွေ ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။

 

(ဓာတ်ပုံ 果敢资讯网 ၏ သတင်းမှတ်တမ်းရုပ်သံမှ)

0 Shares:
You May Also Like
Read More

ဖားကန့်မြို့ ငှက်ပျောတောရပ်ကွက်မှာ အကြမ်းဖက်စစ်တပ် ပစ်ခတ်တဲ့ လက်နက်ကြီး ပေါက်ကွဲလို့ ဒေသခံ၂ယောက် သေဆုံး

ကချင်ပြည်နယ်၊ ဖားကန့်မြို့ ငှက်ပျောတောရပ်ကွက်မှာ အကြမ်းဖက်စစ်တပ် ပစ်ခတ်လိုက်တဲ့ လက်နက်ကြီး ကျရောက်ပေါက်ကွဲလို့ ဒေသခံ၂ယောက် သေဆုံးကာ ၃ ယောက် ဒဏ်ရာတွေရရှိခဲ့ကြောင်း ဒေသခံတွေဆီက သိရပါတယ်။
Read More

ထားဝယ်အခြေစိုက် စစ်ကောင်စီတပ်က ဒုတပ်ကြပ်တစ်ဦး လက်နက်ခဲယမ်းများနှင့်အတူ အလင်းဝင်လာ…

တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ်အခြေစိုက် အကြမ်းဖက်စစ်ကောင်စီရဲ့ ခလရ (၂၇၃)တပ်ရင်းက ဒုတပ်ကြပ်တစ်ယောက် လက်နက်ခဲယမ်းတွေနဲ့အတူ အလင်းဝင်လာတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ မြိတ်ခရိုင် တပ်ရင်း (၂) က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

စဉ့်ကူးတွင် ပြည်သူနှင့် ဆက်ဆံရေး အားနည်းချက်ရှိခဲ့သည့် PDF ရဲဘော်များကို ထိရောက်စွာ သတိပေး အရေးယူမည်၊ စည်းကမ်းချိုးဖောက်သည့် Starlink Internet စက်ပိုင်ရှင်ကိုလည်း အရေးယူမည်

မန္တလေးတိုင်း၊ စဉ့်ကူးမြို့နယ်အတွင်း လူမှုကွန်ရက်ပေါ် ပျံ့နှံ့နေတဲ့ Starlink အင်တာနက်ကိစ္စ ရုပ်သံမှတ်တမ်းနဲ့ ပတ်သက်ပြီး ပြည်သူလူထုအပေါ် ဆက်ဆံရာမှာ အပြုအမူပိုင်းဆိုင်ရာ လျော့ရဲ၊ အားနည်းခဲ့တဲ့ တာဝန်ကျ ရဲဘော်တွေကို သတိပေးအရေးယူမှုတွေ လုပ်ဆောင်သွားမယ်လို့ စဉ့်ကူးမြို့နယ် အရေးပေါ်အုပ်ချုပ်ရေးအဖွဲ့က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ငလျင်ကြောင့် မန္တလေးထောင်အတွင်း အကျဉ်းသား ၃၀ ကျော် သေဆုံးမှုကို စစ်ကောင်စီ ဖုံးကွယ်ထား၊ နိုင်ကျဉ်းများအား စစ်ကောင်စီ ဖိနှိပ်မှုအပေါ် နိုင်ငံတကာ လူ့အခွင့်အရေးအဖွဲ့များ စောင့်ကြည့်ပေးကြဖို့ တောင်းဆို

မတ်လ ၂၈ ရက်နေ့က လှုပ်ခတ်ခဲ့တဲ့ ငလျင်ကြောင့် မြန်မာနိုင်ငံမှာ သေဆုံးသူ ၃၇၆၀ ယောက်ရှိပြီး ဒဏ်ရာရသူ ၅၀၂၇ ယောက်နဲ့ ပျောက်ဆုံးနေသူ ၁၃၀ ယောက် ရှိနေတယ်လို့ စစ်ကောင်စီက သတင်းထုတ်ပြန်ထားပေမယ့် အကျဉ်းထောင်တွေအတွင်းက အကျဉ်းသားသေဆုံးမှုတွေကို သတင်းချန်လှပ်ထားတယ်လို့ နိုင်ငံရေးအကျဉ်းသားအရေး ဆောင်ရွက်နေတဲ့ အဖွဲ့အစည်းတွေက ပြောပါတယ်။
Read More

မူးယစ်ဆေးသယ်ဆောင်လာသူများနှင့် တာဝန်ရှိသူများကို CDF- Hakha အရေးယူသွားမည်၊ ထောက်ခံစာထုတ်ပေးခဲ့သည်မှန်သော်လည်း မူးယစ်ဆေးသယ်ဆောင်မှုဟာ ပုဂ္ဂလိက လုပ်ရပ်သာဖြစ်ကြောင်းနှင့် တာဝန်ယူဖြေရှင်းသွားမည်ဟု ယင်းမာပင်ခရိုင် တပ်ရင်း (၁၅) တပ်ရင်းမှူးပြော

ချင်းပြည်နယ်၊ ဟားခါးမြို့နယ်မှာ မူးယစ်ဆေးဝါးတွေနဲ့အတူ ဖမ်းဆီးရမိခဲ့တဲ့ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေ အပါအဝင် ၅ ယောက်ကို Chinland Council ရဲ့အောက်ကနေ အရေးယူဆောင်ရွက်သွားမှာဖြစ်ကြောင်းနဲ့ ကျန်ရှိတရားခံတွေကိုလည်း ဆက်လက်ဖမ်းဆီးနိုင်ဖို့ ကြိုးစားနေကြောင်း Chinland Defense Force – Hakha ရဲ့ အထွေထွေအတွင်းရေးမှူးက မောင်းကို ပြောပါတယ်။
Read More

အကျဥ်းထောင်အတွင်း မသေသင့်ဘဲ သေဆုံးခဲ့ရသည့် နိုင်ကျဥ်းများအတွက် စစ်ကောင်စီကို လုံးဝ ခွင့်မလွှတ်ဘဲ တရားမျှတမှုရယူသွားမည်ဟု လွှတ်တော်ကိုယ်စားပြုကော်မတီများ ကြေညာ

စစ်ကောင်စီရဲ့ အကျဥ်းထောင်တွေထဲမှာ မတရား ဖမ်းဆီးထိန်းသိမ်းခံရကာ နိုင်ငံရေးအကျဥ်းသားတွေ မသေဆုံးသင့်ဘဲ သေဆုံးနေရတဲ့အပေါ် စစ်ကောင်စီနဲ့ လက်ပါးစေတွေကို ခွင့်လွှတ်မှာ မဟုတ်ဘဲ ပြည်တွင်းပြည်ပ အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းကာ တရားမျှတမှု ရရှိအောင် လုပ်ဆောင်သွားမယ်လို့ ပြည်နယ်နဲ့ ဖက်ဒရယ်ယူနစ် လွှတ်တော်တွေ၊ လွှတ်တော်ကိုယ်စားပြုကော်မတီတွေက ထုတ်ပြန်လိုက်ပါတယ်။