ဒီဇယ်စျေးမြင့်တက်လာလို့ စစ်ကောင်စီထိန်းချုပ်ထားတဲ့ မြန်မာ့မီးရထားက လက်မှတ်ခတွေကို နှစ်ဆကျော်တိုးမြှင့်ကောက်ခံတော့မယ်လို့ အသိပေးထုတ်ပြန်ပါတယ်။

ဒီနေ့ အောက်တိုဘာ ၂၀ ရက်ကစတင်ပြီး မြို့ပတ်ရထားနဲ့ လော်ကယ်ရထားလက်မှတ်တွေကို မိုင်အလိုက် သတ်မှတ်ပြီး လက်မှတ်စျေးနှုန်းတွေကို တိုးမြှင့်လိုက်တာပါ။

အခြေခံလူတန်းစား အများစု အဓိကအားထားရာ မြို့ပတ်ရထားတွေရဲ့ လက်မှတ်ခနှုန်းထားဟာ မိုင် ၂၀ ခရီးအတွက် ယခင် ငွေကျပ် ၂၀၀ကနေ ၄၀၀ အထိ တိုးမြှင့်ကောက်ခံသွားတော့မှာလည်း ဖြစ်ပါတယ်။

စစ်အာဏာသိမ်းပြီးနောက်ပိုင်း ခရီးစဉ်တွေကို လျှော့ချပြေးဆွဲလာတဲ့ ရန်ကုန်မြို့ပတ်ရထားဟာ YBS ယာဉ်လိုင်းတွေထက် စျေးနှုန်းသက်သာတာကြောင့် အခြေခံလူတန်းစားတွေ အားထားစီးနင်းနေရတာ ဖြစ်ပါတယ်။

လက်ရှိမှာ မီးရထားလက်မှတ်ခတွေ တိုးမြှင့်လိုက်တာကြောင့် မြို့ပတ်ရထားလက်မှတ်ခဟာ YBS စီးနင်းနှုန်းထားတွေနဲ့ တူညီသွားပြီဖြစ်ပါတယ်။

အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကတော့ ဒီဇယ်အကျပ်အတည်းကြောင့် တိုးမြှင့်လိုက်ရတဲ့ မြို့ပတ်ရထားတွေကို အဆင့်မြှင့်တင်ဖို့ထက် လျှပ်စစ်ရထားတွေ ပြေးဆွဲမယ်လို့သာ အကြိမ်ကြိမ်ပြောဆိုနေခဲ့တာပါ။

ရန်ကုန်မှာ မြို့ပတ်ရထားစီးနင်းသူ ခရီးသည် အရေအတွက်ဟာ တစ်ရက်ကို ၅သောင်းနီးပါးလောက်ရှိတယ်လို့ မြန်မာ့မီးရထားက ထုတ်ပြန်ပါတယ်။

0 Shares:
You May Also Like
Read More

တန့်ဆည်မြို့နယ် ကံထူးမရွာကို စစ်တပ် လေကြောင်းတိုက်ခိုက်၊ ဒေသခံ ၈ဦး သေဆုံးပြီး ၁၂ ဦး ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ် ကံထူးမရွာကို အကြမ်းဖက်စစ်တပ်က အကြောင်းမဲ့ လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် ဒေသခံ ၈ ယောက် သေဆုံးခဲ့တယ်လို့ တော်လှန်ရေးတပ်ဖွဲ့နဲ့ နီးစပ်သူတွေထံက သိရပါတယ်။
Read More

မတ္တရာမြို့နယ်ထဲက ကျေးရွာတွေကို အကြမ်းဖက်စစ်တပ်ဝင်စီးနင်းလို့ ဒေသခံ ၃ ထောင်ကျော် ထွက်ပြေးနေရ…

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်ထဲက ကျေးရွာတွေကိုအကြမ်းဖက်စစ်တပ်က ဝင်ရောက်စစ်ကြောင်းထိုးလာတာကြောင့် ဒေသခံပြည်သူ ၃ ထောင်ကျော် ဘေးလွတ်ရာတွေကို ထွက်ပြေးနေရတယ်လို့ စစ်ဘေးရှောင်ပြည်သူတွေဆီက သိရပါတယ်။
Read More

မွန်ပြည်နယ်တဝိုက် စစ်ကောင်စီလက်အောက်ခံ အဖွဲ့စုံမှ အကြောင်းပြချက်မျိုးစုံဖြင့် ဆိုင်ကယ်ဖမ်းဆီးမှုများ လုပ်ဆောင်နေ

မွန်ပြည်နယ်က မြို့နယ်တွေမှာ ဆက်တိုက်ဆိုသလို လိုင်စင်မဲ့ယာဉ် ဖမ်းဆီးမှုတွေကို စစ်ကောင်စီလက်အောက်ခံ အဖွဲ့စုံက လုပ်ဆောင်နေတယ်လို့ ဒေသတွင်း သတင်းရင်းမြစ်တွေထံက သိရပါတယ်။
Read More

တန့်ဆည်မြို့နယ်တွင် ကင်းလှည့်နေသည့် စစ်ကောင်စီတပ်ကို ကြားဖြတ်တိုက်ခိုက်၊ ဗိုလ်အပါ ၈ ဦး သေဆုံး

စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ်မှာ ကင်းလှည့်နေတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်ကို ကြားဖြတ်တိုက်ခိုက်ရာ စစ်ကောင်စီတပ်က ဗိုလ်အပါအဝင် ၈ ယောက် သေဆုံးပြီး လက်နက်ခဲယမ်းအချို့ သိမ်းဆည်းရရှိခဲ့တယ်လို့ ပြည်သူ့လွတ်မြောက်ရေးတပ်မတော် - PLA က မနေ့က ညပိုင်းမှာ ထုတ်ပြန်ပါတယ်။
Read More

မုံရွာ နမခ ယာဥ်တန်းအတွက် လုံခြုံရေးယူ စစ်သားများနှင့် တော်လှန်ရေးတပ်များ တိုက်ပွဲဖြစ်၊ စစ်ကော်မရှင်တပ်သား တစ်ယောက်ကို လက်နက်နဲ့တကွ အရှင်ဖမ်းမိ

စစ်ကိုင်းတိုင်း၊ မုံရွာအခြေစိုက် အနောက်မြောက်တိုင်းစစ်ဌာနချုပ်ကနေ ထွက်လာတဲ့ ယာဥ်တန်းအတွက် လုံခြုံရေးယူပေးနေတဲ့ စစ်ကော်မရှင်တပ်သားတွေနဲ့ ကာကွယ်ရေးတပ်ဖွဲ့တွေ သြဂုတ်လ ၁၀ ရက် နေ့လယ်ပိုင်းမှာ ပစ်ခတ်တိုက်ပွဲ ဖြစ်ပွားခဲ့တယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေထံက သိရပါတယ်။
Read More

ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) ၏ တပ်ရင်း စံပြုတည်မြဲအမိန့် စစ်ရုံးချုပ် ထုတ်ပြန်

ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) ၏ တပ်ရင်းစံပြုတည်မြဲအမိန့်ကို အမျိုးသားညီညွတ်ရေးအစိုးရ၊ကာကွယ်ရေးဝန်ကြီးဌာန(MOD) ၊ PDF စစ်ရုံးချုပ်က မေလ ၆ ရက် ဒီနေ့မှာ ထုတ်ပြန်လိုက်ပါတယ်။