မန္တလေးမြို့က တရုတ်ကောင်စစ်ဝန်ချုပ်ရုံး တိုက်ခိုက်ခံခဲ့ရမှုဖြစ်စဉ်ကို ကန့်ကွက်ရှုံ့ချတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ  NUG နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်လိုက်ပါတယ်။

အခုလုပ်ရပ်ဟာ တော်လှန်ရေးအင်အားစုတွေကို အထင်အမြင်လွဲမှားစေဖို့ စစ်ကောင်စီက သွယ်ဝိုက်တဲ့နည်းနဲ့ လုပ်ဆောင်ခြင်းသာဖြစ်တယ်လို့လည်း မနေ့က အောက်တိုဘာလ ၁၉ ရက်နေ့က ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

အကြမ်းဖက်စစ်အုပ်စုဟာ အမျိုးသားရေးလှုပ်ရှားမှုကိုအမည်ခံပြီး တရုတ်ဆန့်ကျင်ရေး ဆန္ဒပြပွဲတွေ၊ ဆန့်ကျင်လှုပ်ရှားမှုတွေ ဆောင်ရွက်နေပြီး တချိန်တခါက တရုတ်မြန်မာ ပဋိပက္ခ ဖြစ်ပွားစေခဲ့တဲ့ လက်သည်တရားခံဖြစ်ကြောင်းကိုလည်း ထပ်လောင်းသတိပေးလိုတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG နိုင်ငံခြားရေးဝန်ကြီးရဲ့ ထုတ်ပြန်ချက်က ဆိုပါတယ်။

တဆက်တည်းမှာပဲ အိမ်နီးချင်းနိုင်ငံတွေရဲ့ပုံရိပ်ကို ထိခိုက်စေမယ့် ကိစ္စရပ်တွေ၊ လူမျိုးရေး၊ ဘာသာရေး အမုန်းတရားဖြစ်ပွားစေမယ့် ကိစ္စရပ်တွေ၊ ဆောင်ရွက်ချက်တွေကို ကန့်ကွက်ရှုံ့ချတယ်လို့လည်း NUG က ဆိုပါတယ်။

စစ်ကောင်စီဘက်ကတော့  မန္တလေး တရုတ်ကောင်စစ်ဝန်ရုံးပေါက်ကွဲမှုဖြစ်စဉ်အတွက် တိုက်ခိုက်သူတွေကို ဖမ်းဆီးရမိနိုင်ရေး စုံစမ်းစစ်ဆေးနေတယ်လို့ သူ့ရဲ့ဝါဒဖြန့်မီဒီယာတွေမှာ ဖော်ပြလာပါတယ်။

မန္တလေးကောင်စစ်ဝန်ရုံးကို တိုက်ခိုက်မှုဟာ အစွန်းရောက် အမျိုးသားရေးလှုပ်ရှားသူတွေက လုပ်ဆောင်ခြင်းလည်းဖြစ်နိုင်ကြောင်း နိုင်ငံရေးလေ့လာသူတချို့က သုံးသပ်ပါတယ်။

အခုလို တိုက်ခိုက်ခံရမှုနဲ့ပတ်သက်ပြီး မန္တလေးကောင်စစ်ဝန်ရုံးဘက်ကတော့ တစ်စုံတစ်ရာ ထုတ်ပြန်ပြောဆိုထားခြင်း မရှိသေးပါဘူး။

မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်ရှိ တရုတ်ကောင်စစ်ဝန်ချုပ်ရုံးကို ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလအတွင်းက တွေ့ရစဉ် (ဓာတ်ပုံ CJ)
0 Shares:
You May Also Like
Read More

ရေးမြို့မှာ သန်ခေါင်စာရင်းကောက်ဖို့ ပါဝင်ကူညီပေးတဲ့ ရာအိမ်မှူးကို ရေးဘီလူးတပ်ဖွဲ့ ဖမ်းဆီး…

မွန်ပြည်နယ်၊ ရေးမြို့၊ အောင်မင်္ဂလာရပ်ကွက်မှာ သန်ခေါင်စာရင်းကောက်ဖို့ ပါဝင်ကူညီတဲ့ ရာအိမ်မှူးကို ဖမ်းဆီးရမိခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ အထူးစစ်ဆင်ရေးတပ်ဖွဲ့ - SOF ရဲ့ တပ်ခွဲတစ်ခုဖြစ်တဲ့ ရေးဘီလူးတပ်ဖွဲ့ရဲ့ တာဝန်ရှိသူက မောင်းသတင်းဌာနကို ပြောပါတယ်။
Read More

ကျိုက်ထိုမြို့နယ်တွင် စစ်အုပ်စု ဗုံး ၁၀ လုံး ကြဲချတိုက်ခိုက်၊ အရပ်သား ၁ ဦး ဒဏ်ရာရ

မွန်ပြည်နယ်၊ ​ကျိုက်ထိုမြို့နယ်အတွင်း အကြမ်းဖက်စစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အရပ်သားပြည်သူ ၁ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ကရင်အမျိုးသားအစည်အရုံး ၊ ဒူးသထူခရိုင်က ထုတ်ပြန်ပါတယ်။
Read More

တစ်နှစ်တာအတွင်း အရပ်သားပြည်သူ ၃၀၀ ကျော်ကို စစ်ကောင်စီက ဖမ်းဆီး သတ်ဖြတ်

စစ်ကောင်စီက ၂၀၂၄ တစ်နှစ်တာအတွင်း အရပ်သားပြည်သူတွေကို မတရား ဖမ်းဆီးသတ်ဖြတ်မှု ၃၇၀ ကျော်သွားပြီဖြစ်ကြောင်း  နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ထံမှ သိရပါတယ်။
Read More

ရွှေတောင်တွင် စစ်တပ်လက်ပါးစေ ရပ်ရွာအာဏာပိုင်များ စစ်မှုထမ်းအကြောင်းပြ အပူစာစား၊ စီးပွားဖြစ်နေကြ

"မဲနှိုက်တယ်ဆိုပေမယ့်လည်း အုပ်ကြီးနဲ့ ရာအိမ်မှူးတွေက သူတို့ဘာသာ ထည့်ချင်တဲ့သူကို မဲပေါက်တယ်ဆိုပြီး ခေါ်တာပါ။ ပြည်သူတွေ နှိုက်ရတာမဟုတ်ပါဘူး။ အဲ့လိုနည်းနဲ့ တစ်လကို ၃ယောက်ခေါ်တာပေါ့။" လို့ ရွှေတောင်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူက မောင်းကိုပြောပါတယ်။
Read More

CDF – Thantlang ရဲ့ အပတ်စဉ် (၁၁) Basic Military Training သင်တန်းဆင်းပွဲ (ဓာတ်ပုံသတင်း)

Chinland Defense Force (CDF)- Thantlang ရဲ့ အပတ်စဉ် (၁၁) Basic Military Training သင်တန်းဆင်းပွဲအခမ်းအနားကို ဧပြီလ ၂၈ ရက်မှာ ကျင်းပပြုလုပ်ခဲ့တယ်လို့ အဆိုပါတပ်ဖွဲ့က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

မုံရွာမြို့နယ်တွင် ဒေသခံ ၂၀ ကျော်ကို စစ်အုပ်စု ဖမ်းဆီးထားပြီး နေအိမ်များကိုလည်း မီးရှို့ဖျက်ဆီး

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်ထဲကို စစ်ကြောင်းထိုးဝင်ရောက်လာတဲ့ အကြမ်းဖက်စစ်အုပ်စုက ဒေသခံ အယောက် ၂၀ ကျော်ကို ဖမ်းဆီးထားပြီး နေအိမ်တွေကိုလည်း မီးရှို့ဖျက်ဆီးနေတယ်လို့ နယ်ခံတွေဆီက သိရပါတယ်။