စစ်အာဏာသိမ်းမှုကြောင့် မြန်မာနိုင်ငံကကလေးငယ် ၅ သိန်းလောက်ဟာ အာဟာရချို့တဲ့မှုကို ခံစားနေရတယ်လို့ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီးဦးကျော်မိုးထွန်းက ပြောပါတယ်။

အမေရိကန်နိုင်ငံ၊ နယူးယောက်မြို့က ကုလသမဂ္ဂဌာနချုပ်ရုံးမှာ ကျင်းပပြုလုပ်တဲ့ (၇၉) ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံ၊ ဒုတိယကော်မတီ (စီးပွားရေးနှင့် ဘဏ္ဍာရေး‌) ရဲ့ ဘာသာရပ် အစီအစဉ်မှာ သံအမတ်ကြီးက အခုလို ထည့်သွင်းပြောကြားခဲ့တာပါ။

သံအမတ်ကြီးက  ဆင်းရဲမွဲတေမှုလျှော့ချရေး၊ စားနပ်ရိက္ခာဖူလုံရေးနဲ့ စိုက်ပျိုးရေး ဖွံ့ဖြိုးတိုးတက်ရေး ခေါင်းစဉ်ဆိုင်ရာ ဆွေးနွေးမှုမှာ မြန်မာနိုင်ငံက ကလေးငယ်တွေအတွက် အရေးပေါ်အထောက်အပံ့ အကူအညီတွေ လိုအပ်နေတယ်လို့ ကုလမှာ ထည့်သွင်းပြောကြားခဲ့တာပါ။

မြန်မာနိုင်ငံဟာ (၁၅) နှစ်အတွင်း အကြီးမားဆုံးသော ဆင်းရဲမွဲတေမှုကို ရင်ဆိုင်နေရပြီး မြန်မာနိုင်ငံ လူဦးရေရဲ့ထက်ဝက်နီးပါးဟာ ဆင်းရဲမွဲတေမှုသတ်မှတ်မျဉ်းအောက်မှာ နေထိုင်နေရတယ်လို့လည်း ဆိုပါတယ်။

ကလေးငယ်တွေရဲ့ (၅၅) ရာခိုင်နှုန်းကျော်ဟာ ဆင်းရဲမွဲတေမှုနဲ့ ရင်ဆိုင်နေရပြီး ၅၀၀,၀၀၀ နီးပါးဟာ ၂၀၂၄ ခုနှစ်အတွင်း အလွန်အမင်း အာဟာရချို့တဲ့မှုကို ခံစားရမယ်လို့ ခန့်မှန်းထားပြီး၊ မနှစ်ကထက် (၅၄) ရာခိုင်နှုန်းမြင့်တက်လာတယ်လို့ သံအမတ်ကြီးက အချက်အလက်တွေကို အခြေခံပြီး ပြောပါတယ်။

လူ့စွမ်းအားအရင်းအမြစ်ကျဆင်းမှုဟာ တိုင်းပြည်ရဲ့ မျိုးဆက်သစ်တွေအတွက် နောင်နှစ်ပေါင်းများစွာအထိ သက်ရောက်မှုဖြစ်စေတာကြာင့်  မိမိတို့ရဲ့ ရေရှည်ဖွံဖြိုးတိုးတက်ရေးရည်မှန်းချက် အ ကောင် အထည်ဖော်ရေးမှာ “Leaving no one behind” ကို ထိခိုက်စေမှာဖြစ်တယ်လို့ ဆိုပါတယ်။

အခုလို  ဝမ်းနည်းစရာအဖြစ်အပျက်တွေနဲ့ ကိန်းဂဏန်းအချက်အလက် တွေကို ပြောကြားရတာကို လွန်စွာစိတ်မကောင်းပေမယ့်  လက်ရှိဖြစ်ပေါ်နေတဲ့ အခြေအနေတွေကို ရှင်းရှင်းလင်းလင်း ဓမ္မဓိဋ္ဌာန်ကျကျ သိရှိစေလိုတာကြောင့်  ဆက်လက်ပြောကြားတင်ပြနေရဦးမယ်လို့  ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက ဆိုပါတယ်။

0 Shares:
You May Also Like
Read More

ထိုင်းမှာ ပြစ်ဒဏ်ကျခံရပြီး လွတ်ရက်စေ့လို့ လွတ်မြောက်လာသည့် မြန်မာ ၉၉ ယောက် ကော့သောင်းမြို့ကို ပြန်လည်ပို့ဆောင်ခံရ

ထိုင်းနိုင်ငံအတွင်း အကြောင်းအမျိုးမျိုးနဲ့ဖမ်းဆီးခံရပြီး ပြစ်ဒဏ်ချမှတ်ခံရပြီးနောက် လွတ်ရက်စေ့ပြီး ပြန်လွတ်လာတဲ့ မြန်မာနိုင်ငံသား ၉၉ ယောက်ကို မြန်မာနိုင်ငံ၊ ကော့သောင်းမြို့ဆီ ပြန်လည်ပို့ဆောင်လိုက်တယ်လို့ ရနောင်းလူဝင်မှုကြီးကြပ်ရေးရုံးက ထုတ်ပြန်ပါတယ်။
Read More

စစ်ကော်မရှင်ဟာ ရွေးကောက်ပွဲ ဝေဖန်ရေးပို့စ်များတွင် “Like” (သို့) “Heart” reaction ပေးခြင်းကိုပင် သိမ်ငယ်စိတ်ဖြင့် စိတ်ပေါ့သွပ်သူကဲ့သို့ ထိန်းချုပ်ဖမ်းဆီးနေကြောင်း သံအမတ်ကြီး ဦးကျော်မိုးထွန်း ပြောကြား

အာဏာသိမ်းစစ်တပ်ဟာ နိုင်ငံရေးထွက်ပေါက်အဖြစ် ကျင်းပမယ့် အတုအယောင် ရွေးကောက်ပွဲကို ဆတ်ဆတ်ထိမခံ ဖြစ်နေကာ အမှန်တရားကို လက်မခံနိုင်ဘဲ ပြည်သူတွေရဲ့ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုမှုတွေကို စိတ်ပေါ့သွပ်သူတစ်ယောက်ကဲ့သို့ လိုက်လံပိတ်ပင် ထိန်းချုပ်နေတယ်လို့ သံအမတ်ကြီး ဦးကျော်မိုးထွန်းက ပြောဆိုလိုက်ပါတယ်။
Read More

နယ်စပ်လုံခြုံရေး ပိုမိုတင်းကျပ်ဖို့ ထိုင်းအစိုးရ ပြော

နယ်စပ်ဖြတ်ကျော် ရာဇဝတ်မှုဆိုင်ရာ ခြိမ်းခြောက်မှုတွေ မြင့်တက်လာတာကြောင့် နယ်စပ်လုံခြုံရေး အစီအမံတွေကို တင်းကျပ်ထားကြောင်း ထိုင်းအစိုးရက ပြောပါတယ်။ 
Read More

ထိုင်းစစ်တပ် ပစ်ခတ်မှုကြောင့် ကမ္ဘောဒီးယား စစ်ဗိုလ်ချုပ်တစ်ဦးအပါ စစ်သားများ သေဆုံး၊ ကျဆုံးခဲ့သော ကမ္ဘောဒီးယားတပ်သား ၁၂ ဦး၏ ရုပ်အလောင်းများ ထိုင်းမှ ပြန်လွှဲပေး၊ မလေးရှားတွင် နှစ်နိုင်ငံ အကြီးအကဲများ တွေ့ဆုံရန် ရှိနေ

ထိုင်းနိုင်ငံနဲ့ ကမ္ဘောဒီးယားတို့ နယ်စပ်ဒေသမှာ အပြန်အလှန် စွပ်စွဲမှုတွေနဲ့ နှစ်ဖက်စစ်တပ်တွေ အပြန်အလှန် ပစ်ခတ်မှုတွေ ရှိနေဆဲဖြစ်ပြီး ၄ ရက်မြောက် မနေ့က တိုက်ပွဲမှာ ထိုင်းစစ်တပ် ပစ်ခတ်မှုကြောင့် ကမ္ဘောဒီးယားစစ်ဗိုလ်ချုပ် ၁ ယောက် သေဆုံးခဲ့တယ်လို့ ထိုင်းသတင်းတွေက ဆိုပါတယ်။
Read More

မြန်မာနိုင်ငံကို မြေပြင်ဆေးအဖွဲ့စေလွှတ်မည့် အစီအစဉ် စစ်ကောင်စီတောင်းဆိုချက်ကြောင့် မလေးရှား ဆိုင်းငံ့ထား

မြန်မာပြည်မှာ မြေပြင်ကွင်းဆင်းဆေးရုံတစ်ခု တည်ဆောက်ဖို့အတွက် ဗုဒ္ဓဟူးနေ့မှာ မလေးရှားကနေ ဆေးဘက်အရာရှိတွေ စေလွှတ်မယ့် အစီအစဉ်ကို စစ်ကောင်စီတောင်းဆိုချက်အရ ရွှေ့ဆိုင်းလိုက်ကြောင်း မလေးရှားနိုင်ငံခြားရေးဝန်ကြီးက ဧပြီလ ၁၇ ရက်မှာ ပြောပါတယ်။
Read More

လူမျိုးတုံး သတ်ဖြတ်မှုအတွက် မင်းအောင်လှိုင်ကို ဖမ်းဝရမ်းထုတ်ဖို့ ICC အစိုးရရှေ့နေ တောင်းဆို

ရိုဟင်ဂျာ မွတ်ဆလင်တွေအပေါ် ကျူးလွန်တဲ့ ရာဇ၀တ်မှုတွေအတွက် အကြမ်းဖက်စစ်ခေါင်းဆောင်ကို ဖမ်းဝရမ်းထုတ်ဖို့ နိုင်ငံတကာ ရာဇ၀တ်တရားရုံး (ICC) ရဲ့ အစိုးရရှေ့နေချုပ်က တရားသူကြီးတွေကို ဗုဒ္ဓဟူးနေ့မှာ တောင်းဆိုလိုက်ပါတယ်။