အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ အမှတ် () စစ်ဒေသရဲ့လက်အောက်ခံ ပြည်သူ့ကာကွယ်ရေး တပ်မတော် ဂန့်ဂေါခရိုင် အမှတ် () တပ်ရင်းရဲ့ တပ်တည်ထောင်တာ ၃ မြောက်ခဲ့ပြီ ဖြစ်ပါတယ်။

ဒါ့ကြောင့် ၃ နှစ်ပြည့်မြောက်ခြင်း အခမ်းအနားကို လွတ်မြောက်နယ်မြေတစ်နေရာမှာ အခမ်းအနားကိုကျင်းပပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

မူလက အဆိုပါအခမ်းအနားကို ပြုလုပ်ဖို့ စစ်ကောင်စီရဲ့ လေကြောင်းအန္တရာယ်ရှိတာကြောင့် အခက်အခဲတွေကြားကနေ ကျင်းပနိုင်ခဲ့တာလို့ ဂန့်ဂေါခရိုင် အမှတ် () တပ်ရင်းက ထုတ်ပြန်ပါတယ်။

(ဓာတ်ပုံ ဂန့်ဂေါခရိုင်အမှတ် ၁ တပ်ရင်း၊အမှတ်-၁စစ်ဒေသ)
(ဓာတ်ပုံ ဂန့်ဂေါခရိုင်အမှတ် ၁ တပ်ရင်း၊အမှတ်-၁စစ်ဒေသ)
0 Shares:
You May Also Like
Read More

စလင်းတွင် စစ်ကောင်စီ ဂျက်ဖိုက်တာတိုက်ခိုက်မှုကြောင့် ဦးပဉ္စင်းကြီး ၁ပါး ပျံလွန်တော်မူ၊ စစ်တပ်က စစ်ကြောင်းထိုးရာ လမ်းတစ်လျှောက် အရပ်သား ၄ ဦးကိုလည်း ညှင်းပန်းသတ်ဖြတ်ခဲ့

မကွေးတိုင်း၊ စလင်းမြို့နယ်မှာ အကြမ်းဖက်စစ်ကောင်စီရဲ့ ဂျက်ဖိုက်တာပေါ်ကနေ ပစ်ခတ်မှုကြောင့် သက်တော် ၇၆ နှစ်အရွယ် ဘုန်းကြီး ၁ ပါး ပျံလွန်တော်မူကာ အရပ်သား ၂ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ စလင်းမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ တာဝန်ရှိသူက မောင်းကို ပြောပါတယ်။ 
Read More

မွန်လူငယ်နိုင်ငံရေးတွေ့ဆုံဆွေးနွေးပွဲကနေ ဘုံသဘောတူညီချက် ထုတ်ပြန်

"ဒီလိုပွဲတွေက မွန်လူငယ်တွေ ကြားထဲမှာ အရေးကြီးပါတယ်။ ဘာလို့လဲဆိုတော့ တခြားဒေသနဲ့စာရင် မွန်တွေက ဘာမှမလုပ်ဘူးဆိုပြီး ဖြစ်တယ်ပေါ့နော်။ တကယ်တော့ အဲ့လိုမဟုတ်ပါဘူး။ တော်လှန်ရေးအစပိုင်းမှာ မွန်လူငယ်တွေကို ဦးဆောင်မှုပိုင်း ကောင်းကောင်းမပေးနိုင်ခဲ့တာပါ။ ဘာလုပ်ရမှန်းမသိ လမ်းပျောက်သွားကြတယ်ပေါ့နော်။ တချို့ကလည်း နိုင်ငံခြားထွက်သွားတယ်။ အခုတော်လှန်ရေးမှာ ပညာတတ်လူငယ်တွေ လိုအပ်လာတော့ သူတို့အနေတဲ့ ဒီကိုလာဖို့က ခက်သွားပြီ။ အဲဒီတော့ ဒီလိုလူငယ်တွေ တော်လှန်ရေးမှာ ပြန်ပြီး ပါ၀င်နိုင်ဖို့က ဒီလိုဆွေးနွေးပွဲတွေကနေပဲ ဆွဲခေါ်ရမှာဖြစ်တယ်။ နောက်ထပ်လည်း ဒီလိုဆွေးနွေးပွဲတွေ ထပ်လုပ်သွားဖို့ရှိပါတယ်။"
Read More

စစ်ကောင်စီလေကြောင်းတိုက်ခိုက်မှု အန္တရာယ်ကြားက ပြုလုပ်ခဲ့သည့် ကြာအင်းဆိပ်ကြီးမြို့နယ် ကရင်ပညာရေးနှင့် ယဉ်ကျေးမှု ဌာန၏ ကော်သူးလေ အစိုးရစစ် စာမေးပွဲ…

ကရင်အမျိူးသားအစည်းအရုံး-KNU ရဲ့ အုပ်ချုပ်နယ်မြေတွေမှာ အကြမ်းဖက် စစ်ကောင်စီတပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုတွေ ရှိနေပေမယ့် ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်မှာ ကရင်ပညာရေးနဲ့ ယဉ်ကျေးမှုဌာနရဲ့ ကော်သူးလေ အစိုးရစစ် စာမေးပွဲ ပြုလုပ်ခဲ့တယ်လို့ KNU က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

နမခတွင် ပေါ်တာဆွဲ ဖမ်းဆီးခံထားရသည့် စစ်မှုထမ်း‌ တပ်သားသစ် ၄ ဦး သေနတ် ၃ လက်နှင့်အတူ ထွက်ပြေးလွတ်မြောက်လာ

စစ်ကိုင်းတိုင်း၊ မုံရွာမြို့အခြေစိုက် အနောက်မြောက်တိုင်းစစ်ဌာနချုပ်မှာ ပေါ်တာဆွဲ ဖမ်းဆီးခံထားရတဲ့ စစ်မှုထမ်း‌ တပ်သားသစ် ၄ ယောက် သေနတ် ၃ လက်နဲ့အတူ ထွက်ပြေးလွတ်မြောက်လာတယ်လို့ မုံရွာမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ဆီက သိရပါတယ်။
Read More

စစ်ကောင်စီရဲ့ လက်နက်ကြီးပစ်ခတ်မှုကြောင့် လယ်ဒိုနှင့် မူးမြို့တို့မှာ ပြည်သူ ၁ဦး သေဆုံးပြီး နေအိမ် ၇ လုံး ပျက်စီးခဲ့

စစ်ကောင်စီရဲ့ လက်နက်ကြီးပစ်ခတ်မှုတွေကြောင့် ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ ကော်သူးလေအုပ်ချုပ်မှုနယ်မြေ၊ ခလယ်လွီထူခရိုင်၊ လယ်ဒိုမြို့နယ်နဲ့ မူးမြို့နယ်က အပြစ်မဲ့ အရပ်သား ပြည်သူ (၁) ယောက် သေဆုံးခဲ့ပြီး နေအိမ် (၇) လုံးပျက်စီးခဲ့တယ်လို့ KNU က သတင်းထုတ်ပြန်ထားပါတယ်။
Read More

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ မွေးနေ့ဆုတောင်းဗီဒီယို စံချိန်တင် ၈၀,၀၀၀ ပြည့်

မနက်ဖြန် ဇွန် ၁၉ ရက်နေ့မှာ ကျရောက်မယ့် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့အသက် ၈၀ ပြည့်မွေးနေ့ ကမ်ပိန်းအတွက် မွေးနေ့ဆုတောင်းဗီဒီယိုပေါင်း ၈၀,၀၀၀ ပြည့်သွားပြီဖြစ်တယ်လို့ ကမ်ပိန်းစာမျက်နှာကနေ ဒီကနေ့ ထုတ်ပြန်လိုက်ပါတယ်။