စစ်ကိုင်းတိုင်း ဆားလင်းကြီးမြို့ပေါ်မှာ တပ်စွဲထားတဲ့ အကြမ်းဖက်စစ်သားတွေကို အောက်တို ဘာ ၁၇ ရက် ညနေပိုင်းက ၆၀ မမ၊ ၄၀ မမ လက်နက်ကြီးတွေနဲ့ သွားရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ တယ်လို့ North Western People Defence Force အဖွဲ့ထံက သိရပါတယ်။

တိုက်ခိုက်မှုအတွင်း အကြမ်းဖက်စစ်တပ်ကနေ ဒရုန်းနဲ့ တော်လှန်ရေးတပ်တွေရှိရာကို ၂ ကြိမ်တိုင် ဗုံးသီးလာရောက်ကြဲချခဲ့ပေမယ့် တော်လှန်ရေးရဲဘော်တွေ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့တယ်လို့ သိရပါတယ်။

အဲဒီစစ်ဆင်ရေးကို North Western People Defence Force – N.W.P.D.F (အနောက်မြောက်ဒေသ ပြည်သူ့ကာကွယ်ရေးတပ်)၊ ယင်းမာပင်ခရိုင် အမှတ် (၉) တပ်ရင်း၏ Idiots Column နှင့် မဟာမိတ်များဖြစ်ကြသော ဒေါင်းတမန် GZ၊ သေမင်းတမန် ပျောက်ကြားတပ်ဖွဲ CDF (LPDF)၊ Monywa Undergrown Forceနဲ့ Black tiger Attackes force ( LPDF) တို့က ပူးပေါင်းလုပ် ဆောင်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

ကပစ ၂၂ ကနေ ထွက်လာတဲ့ အကြမ်းဖက်စစ်တပ်ယာဉ်ကို မိုင်းဆွဲတိုက်ခိုက်မှု စစ်သား ၆ ယောက်သေ (ရုပ်/သံ)

မကွေးတိုင်း ဆိပ်ဖြူမြို့နယ် အမှတ် ၂၂ ကာကွယ်ရေးပစ္စည်းစက်ရုံ (ကပစ-၂၂)ကနေ မြင်းခြံမြို့သို့ ထွက်လာတဲ့ အကြမ်းဖက်စစ်တပ်ယာဉ်ကို နိုဝင်ဘာ ၂၃ ရက် ညနေပိုင်းက ပခုက္ကူခရိုင် ၁၀ မိုင်လမ်းဆုံနဲ့ ဆိပ်ဖြူမြို့ကြားမှာ တိုက်ခိုက်ခဲ့တယ်လို့ Yenanthar Youth Force အဖွဲ့ထံက သိရပါတယ်။
Read More

ဆင်ပေါင်ဝဲမြို့နယ်မှူးအပါအဝင် စစ်အုပ်စုစီးနင်းလာသည့်ယာဉ်ကို ပစ်ခတ်တိုက်ခိုက်၊ စစ်သားနှင့် ရဲ ၃ ဦး သေ (ရုပ်/သံ)

မကွေးတိုင်း၊ ဆင်ပေါင်ဝဲမြို့နယ် ကိုးပင်-သာဂရလမ်းပိုင်းမှာ ဆင်ပေါင်ဝဲမြို့နယ်မှူးအပါအဝင် စစ်အုပ်စုစီးနင်းလာတဲ့ ယာဉ်ကို ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်သားနဲ့ ရဲ ၃ ယောက်သေဆုံးခဲ့တယ်လို့ သရက်ခရိုင်၊ အမှတ်- ၅ တပ်ရင်းက သတင်းထုတ်ပြန်ထားပါတယ်။
Read More

ကမ္မမြို့ပေါ်ရဲစခန်းဂိတ်ကို ဒရုန်းဖြင့် ဗုံးသီးကြဲချတိုက်ခိုက် (ရုပ်/သံ)

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ ကမ္မမြို့ပေါ် ရဲစခန်းဂိတ်ကို ဒရုန်းနဲ့ ဗုံးသီးကြဲချတိုက်ခိုက်ခဲ့တယ်လို့ RED GIANT အဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။
Read More

ပုလဲမြို့နယ်က အင်မထီး ကျေးရွာကို မြေပြင်ကနေ ရိက္ခာ မပို့ဆောင်နိုင်တော့တဲ့ အကြမ်းဖက်စစ်ကောင်စီက လေယာဉ်နဲ့ ချပေးနေရ (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်၊ အင်မထီး ကျေးရွာက အကြမ်းဖက်စစ်တပ် ပူးပေါင်း ပျူစောထီးအဖွဲ့ဝင်တွေကို မြေပြင်ကနေ ရိက္ခာ မပို့ဆောင်နိုင်တာကြောင့် အကြမ်းဖက်စစ်တပ်က လေယာဉ်နဲ့ ပို့နေရတယ်လို့ တော်လှန်ရေး တပ်ဖွဲ့တွေဆီက ရုပ်သံမှတ်တမ်းသက်သေနဲ့အတူ စုံစမ်းသိရှိရပါတယ်။
Read More

ကျောက်မဲမြို့ နောင်ပိန်ရွာတွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ကားသေး ၁ စီးနှင့် ၆ ဘီးကား ၁ စီး ရေထဲမျောပါပြီး လူ ၂ ဦး ပျောက်ဆုံးနေ (ရုပ်သံ)

ရှမ်းပြည်နယ်၊ ကျောက်မဲမြို့၊ နောင်ပိန်ရွာမှာ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ဟွန်ဒါဖစ်ကား ၁ စီးနဲ့ ၆ ဘီးကား ၁ စီး ရေထဲမျောပါသွားကာ လူ ၂ ယောက် ပျောက်ဆုံးနေတယ်လို့ ဒေသခံထံက သိရပါတယ်။
Read More

ရေဖြူမြို့နယ်အတွင်း အင်အား ၁၀၀ ခန့်ရှိ စစ်ကောင်စီစစ်ကြောင်းအား တိုက်ခိုက်မှု ဗိုလ်ကြီး ၂ ဦးအပါ စစ်သားအများအပြား သေ (ရုပ်/သံ)

တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ် အမှတ် ၄၀၇ တပ်ရင်းအနီးမှာ အင်အား ၁၀၀ ခန့်ရှိ စစ်ကောင်စီစစ်ကြောင်းကို တိုက်ခိုက်ခဲ့ရာ ဗိုလ်ကြီး ၂ ယောက် အပါအဝင် စစ်သားအများအပြားသေဆုံးခဲ့တယ်လို့ ဓဝယ်တပ်တော်က သတင်းထုတ်ပြန်ထားပါတယ်။