ကရင်ပြည်နယ်၊ ကျုံဒိုးမြို့နယ် အတွင်း အကြမ်းဖက်စစ်ကောင်စီတပ် လက်နက်ကြီးပစ်ခတ်မှုကြောင့် အရပ်သားပြည်သူ (၁) ယောက် သေဆုံးပြီး နေအိမ် (၁) လုံးနဲ့ ကွမ်းခြံတစ်ခြံ ထိခိုက်ပျက်စီးခဲ့တယ်လို့ ကရင်အမျိုးသားအစည်အရုံး – KNU (ဗဟို) က ထုတ်ပြန်ထားပါတယ်။
အောက်တိုဘာလ (၁၈) ရက်နေ့ နေ့လည်ပိုင်းမှာ စစ်ကောင်စီရဲ့ စကခ-၁၂ လက်အောက်ခံ ခမရ-၂၃၁ တပ်ရင်းလက်အောက်ရှိ တပ်သစ်အမြှောက်ကုန်းကနေ ဟောင်ဝှစ်ဇာ လက်နက်ကြီးနဲ့ ပြည်သူလူထု နေထိုင်ရာကျေးရွာတွေအတွင်း ပစ်မှတ်ထား ပစ်ခတ်ခဲ့ရာ တောင်ကြာအင်း ကျေးရွာအတွင်း (၃) လုံးနဲ့ မြောက်ကြာအင်းကျေးရွာအတွင်း (၃) လုံး ကျရောက်ပေါက်ကွဲခဲ့တယ်လို့ သိရပါတယ်။
အဲ့ဒီလက်နက်ကြီး ကျရောက်ပေါက်ကွဲမှုကြောင့် မြောက်ကြာအင်းကျေးရွာနေ (၇၁) နှစ်အရွယ် အမျိုးသား လက်နက်ကြီးထိမှန်သေဆုံးခဲ့ပြီး မြောက်ကြာအင်းကျေးရွာအတွင်း ကျရောက် ပေါက်ကွဲတဲ့ လက်နက်ကြီးတွေကြောင့် အသက် (၇၀) အရွယ် အမျိုးသားမှာလည်း ကျည်စထိမှန် ဒဏ်ရာရရှိခဲ့သလို နေအိမ် (၁) လုံး ထိမှန်ပျက်စီးခဲ့ပြီး ကွမ်းသီးပင်တွေ ထိမှန်ပျက်စီးခဲ့တယ်လို့ သိရပါတယ်။
ဒူးပလာယာခရိုင်၊ KNU တပ်မဟာ (၆)အတွင်း တပ်စွဲထားတဲ့ အကြမ်းဖက် စစ်ကောင်စီတပ်တွေဟာ လက်နက်ကြီးနဲ့ လေယာဥ်တွေ အသုံးပြုပြီး တိုက်ပွဲမဖြစ်ပွားရင်တောင် အပြစ်မဲ့ ပြည်သူတွေ ရှိရာ ကျေးရွာတွေကို ရမ်းသမ်းပြီးရော ရည်ရွယ်ချက်ရှိရှိ ပါ ဗုံးကြဲပစ်ခတ်နေတယ်လို့ KNU က ဆိုပါတယ်။
အကြမ်းဖက် စစ်ကောင်စီတပ်ရဲ့ လူသားမဆန်တဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကြောင့် အပြစ်မဲ့ပြည်သူတွေ ထိမှန်သေဆုံး ဒဏ်ရာရခဲ့ပြီး ပြည်သူပိုင် အိုးအိမ်ပစ္စည်းတွေလည်း ထိမှန်ပျက်စီး ဆုံးရှုံးခဲ့ရတဲ့အပြင် စစ်ကောင်စီတပ် ဗုံးကြဲတိုက်ခိုက်မှုတွေကြောင့် ဆေးရုံဆေးခန်းတွေ၊ စာသင်ကျောင်းတွေနဲ့ ဘာသာရေးအဆောက်အဦးတွေလည်း ထိမှန် ပျက်စီး ခဲ့ရတယ်လို့ KNU က ထုတ်ပြန်ထားပါတယ်။
ဓာတ်ပုံ – အကြမ်းဖက် စစ်ကောင်စီတပ် ပစ်ခတ်ခဲ့တဲ့ ဟောင်ဝှစ်ဇာ လက်နက်ကြီးကြောင့် ထိမှန်သေဆုံးခဲ့သူနဲ့ ပျက်စီးခဲ့တဲ့ ပြည်သူ့နေအိမ်…
0 Shares:
You May Also Like
Read More

စစ်သည်တော် ကျင့်ဝတ်စည်းကမ်း စာစောင်များကို 96 soldiers PDF မှာ ဖြန့်ဝေ (ဓာတ်ပုံသတင်း)

အမျိုးသားညီညွတ်ရေးအစိုးရ၊ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနက ထုတ်ဝေတဲ့ စစ်သည်တော်ကျင့်ဝတ်စည်းကမ်း (CoC) လက်ကမ်းစာစောင်တွေကို 96 soldiers PDF တပ်ဖွဲ့မှာ ဟောပြောပို့ချကာ လေ့လာခြင်းတို့ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
Read More

ကျွန်းလှအပါ မြို့နယ် ၃ ခုက ရွာတွေကို စစ်ကြောင်းဝင်နေတဲ့ အကြမ်းဖက်စစ်အုပ်စုတွေ အရပ်သားပိုင်ပစ္စည်းတွေ ခိုးယူပြီး ကြီးပွားနေ

စစ်ကိုင်းတိုင်း၊ ကန့်ဘလူခရိုင်အတွင်းက ​ကျွန်းလှမြို့နယ်အပါအဝင် မြို့နယ်၃ခုက ကျေးရွာတွေမှာ စစ်ကြောင်းဝင်ရောက်နေတဲ့ အကြမ်းဖက်စစ်အုပ်စုတွေဟာ အရပ်သားပိုင် တန်ဖိုးကြီးပစ္စည်းတွေ ခိုးယူသယ်ဆောင်ရင်း ကြီးပွားနေကြကြောင်း ကျွန်းလှ- ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့က ပြောပါတယ်။
Read More

KNU ညောင်လေးပင်ခရိုင် လယ်ယာစိုက်ပျိုးရေးဌာနက ရေကြီးရေလျှံမှုကြောင့် ပျက်စီးခဲ့တဲ့ လယ်ယာတွေမှာ ပြန်လည်စိုက်ပျိုးမယ့် လယ်သမားတွေကို မျိုးစပါးတွေ ထောက်ပံ့ပေးအပ်

ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင်အတွင်း ကရင်အမျိုးသားအစည်းအရုံး - KNU ညောင်လေးပင်ခရိုင် လယ်ယာစိုက်ပျိုးရေးဌာနက ရေကြီးရေလျှံမှုကြောင့် ပျက်စီးခဲ့တဲ့ လယ်ယာတွေမှာ ပြန်လည်စိုက်ပျိုးမယ့် လယ်သမားတွေကို မျိုးစပါးတွေ ထောက်ပံ့ပေးအပ်ခဲ့တယ်လို့ KNU ဗဟိုက ထုတ်ပြန်ထားပါတယ်။
Read More

အုတ်တွင်းမှာ တိုက်ပွဲမဖြစ်ပွားဘဲ စစ်တပ်က လက်နက်ကြီးနှင့် ဒရုန်းများ ပစ်ခတ်တိုက်ခိုက်၊ အရပ်သားပြည်သူ ၁ ဦးသေဆုံးပြီး ၇ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရ

ပဲခူးတိုင်း၊ တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ်အတွင်းရှိ ကျေးရွာတစ်ရွာကို စစ်တပ်က တိုက်ပွဲမဖြစ်ပွားဘဲ ဒရုန်း၊ လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ရာ အရပ်သားပြည်သူ ၁ ယောက် သေဆုံးပြီး ၇ ယောက်ထက်မနည်း ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ တောင်ငူခရိုင်အမှတ် ၂ တပ်ရင်းက ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ကောလင်းမှာ စစ်ကောင်စီက ၃ ရက်ဆက် လေကြောင်းတိုက်ခိုက်လို့ အရပ်သား ၈ ယောက် သေဆုံးပြီး ကလေးငယ်အပါအဝင် အယောက် ၂၀ နီးပါး ထိခိုက်ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ကောလင်းမြို့နယ်မှာ အကြမ်းဖက်စစ်ကောင်စီရဲ့ ၃ ရက်ဆက် လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သား ၈ ယောက် သေဆုံးပြီး ကလေးငယ်အပါအဝင် အယောက် ၂၀ နီးပါး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ကောလင်းခရိုင် တပ်ရင်း ၂ ထံက သိရပါတယ်။
Read More

စစ်အာဏာသိမ်း (၄)နှစ်ကျော်အတွင်း အရပ်သား ၆၃၀၀ ကျော် စစ်ကောင်စီကြောင့် သေဆုံးခဲ့ရ

စစ်အာဏာသိမ်း (၄)နှစ်တာအတွင်း နိုင်ငံတစ်ဝန်း စစ်ကောင်စီကြောင့် အရပ်သား ခြောက်ထောင်ကျော် (၆,၃၆၄) ဦးသေဆုံးခဲ့ရပြီး ဖမ်းဆီးခံရသူ ၂၈,ဝဝဝ (၂၈,၇၁၂ ဦး) ကျော်ရှိခဲ့တယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ကထုတ်ပြန်ပါတယ်။