ကရင်ပြည်နယ်၊ မြဝတီမြို့၊ အမှတ် (၅) ရပ်ကွက်မှာ အုပ်ချုပ်ရေးအဖွဲ့ အချင်းချင်း စကားများရာက သေနတ်ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး ရာအိမ်မှူး မြင့်စိုး (ခ) စိုးငယ်ဆိုသူမှာ နေရာမှာပဲ ပွဲချင်းပြီးသေဆုံးကာ ရာအိမ်မှူး ဝင်းကိုဆိုသူ အပြင်းထန်ဒဏ်ရာရရှိကာ အရေးပေါ်ဆေးကုသမှု ပြုလုပ်နေရတယ်လို့ မြဝ​တီမြို့ခံတွေဆီက သိရပါတယ်။
မြဝတီမြို့နယ်က စစ်ကောင်စီခန့်အုပ်ချုပ်ရေး အဖွဲ့ဝင်တွေဟာ ဖျူစောထီးအဖွဲ့ဝင်တွေ ဖြစ်ပြီး လက်နက်ကိုယ်စီ ကိုင်ဆောင်နေတာ ဖြစ်တယ်လို့ သိရပါတယ်
“ဖြစ်ပွားခဲ့တာက မနေ့ညနေ ၅နာရီကျော်လောက်ကဆိုတော့ အောက်တိုဘာလ ၁၈ ရက်နေ့ပေါ့၊ အမှတ် ၅ ရပ်ကွက် အုပ်ချုပ်ရေးအဖွဲ့ ပျူစောထီးတွေအချင်းချင်း စကားများပြီး သေနတ်ပစ်ခတ်မှုဖြစ်တာ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးဆိုတော့ ဘယ်သူကမှ သိပ်စိတ်မဝင်စားဘူးလေ၊ တစ်ယောက်သေပြီးနောက်တ​ယောက်ကတော့ မသေသေးဘူး” လို့ မြဝတီမြို့ အမှတ် ၅ ရပ်ကွက်မှာ နေထိုင်တဲ့ အမျိုးသမီး တစ်ယောက် မောင်းသတင်းဌာနကို ပြောပါတယ်။
“သူတို့က သေနတ်ကိုယ်စီ ကိုင်ထားကြတာလေ၊ သူတို့ကို ဘယ်သူကမှ မော်မကြည့်ရဲဘူး၊ အခုက အချင်းချင်း အဝေမသင့်လို့နေမှာပေါ့၊ မြဝတီမြို့မှာက သေနတ်ကိုင်တာ သိပ်မဆန်းတော့ဘူးလေ၊ စစ်သားမှန်းမသိ ပြည်သူ့စစ်မှန်းမသိ၊ အခုကတော့ ပျူစောထီး အဖွဲ့ဝင်အချင်းချင်း ရာအိမ်မှူးလည်းဖြစ်ဆိုတော့ ပိုပြီးဆိုးတာပေါ့” လို့ အဆိုပါအမျိုးသမီးက ဆက်ပြောပါတယ်။
သေနတ်ပစ်ခတ်မှု ဖြစ်ပွားပြီး သိပ်မကြာခင်မှာ သေနတ်ဒဏ်ရာနဲ့ သေဆုံးသွားတဲ့ မြင့်စိုး (ခ) စိုးငယ်ဆိုသူရဲ့ ရုပ်အလောင်းကို မြဝတီမြို့ပြည်သူ့ဆေးရုံကြီးမှာရှိတဲ့ ရင်ခွဲရုံကို ပို့ဆောင်လိုက်ပြီး ဒဏ်ရာအပြင်းအထန် ရရှိသွားတဲ့သူကိုလည်း ဆေးရုံက အရေးပေါ်ကုသဆောင် ပို့ထားရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ပုံစာ – သေဆုံးသူမြင့်စိုး (ခ) စိုးငယ်
0 Shares:
You May Also Like
Read More

ဗန်းမောက်တွင် မြေပြင်ဝေဟင် ထိုးစစ်ဆင်လာသည့် စစ်တပ်နှင့် SNA အား တော်လှန်ရေးတပ်များ ခုခံတိုက်ခိုက်၊ စစ်အုပ်စုဘက် ထိခိုက်သေဆုံးမှုများ ရှိပြီး အသေခံဒရုန်း ၃ စင်းကို တော်လှန်ရေးတပ်များ ရရှိ

စစ်ကိုင်းတိုင်း၊ ကသာခရိုင်၊ ဗန်းမောက်မြို့နယ်မှာ အကြမ်းဖက်စစ်တပ်နဲ့ စစ်တပ်လက်ဝေခံ SNA တပ်တွေက လေကြောင်းကတဆင့် ဗုံးကြဲတိုက်ခိုက်ရင်း တော်လှန်ရေးတပ်တွေရှိရာနေရာအထိ တိုးကပ်လာတာကြောင့် ထိတွေ့တိုက်ပွဲတွေဖြစ်ပွားခဲ့ကြောင်း ဗန်းမောက်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ထုတ်ပြန်ထားပါတယ်။
Read More

မြိုင် နဲ့ မြင်းခြံမြို့နယ်များအတွင်းရှိ အကြမ်းဖက်စစ်တပ်ရှိရာနေရာများကို ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်

မကွေးတိုင်း၊ မြိုင်နဲ့ မန္တလေးတိုင်း မြင်းခြံမြို့နယ်များအတွင်း အကြမ်းဖက်စစ်တပ်ရှိရာနေရာများကို တော်လှန်ရေးအဖွဲ့တွေက ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ရာ ထိခိုက်သေဆုံးမှုတွေ ရှိခဲ့ကြောင်း သိရပါတယ်။
Read More

ဖားကန့်ဗျူဟာကုန်းမှ လက်နက်ကြီးပစ်ခတ်လို့ အမေဖြစ်သူ သေဆုံးပြီး သားနှင့်သမီး အရေးပေါ်လူနာဖြစ်နေ၊ အိမ်နီးချင်းအမျိုးသား ၂ ဦးလည်း ထိခိုက်ဒဏ်ရာရ

ကချင်ပြည်နယ်၊ ဖားကန့်ဗျူဟာကုန်းကနေ စစ်ကောင်စီ လက်နက်ကြီး ပစ်ခတ်ခဲ့တဲ့အတွက် ပြည်သူ ၁ယောက် သေဆုံးဟာ ၄ ယောက် ထိမှန်ဒဏ်ရာရရှိခဲ့တယ်လို့ မြို့ခံတွေဆီက သိရပါတယ်။
Read More

ဧည့်စာရင်းနှင့် လုံခြုံရေးအကြောင်းပြကာ လူငယ်လူရွယ်များကို အဖမ်းအဆီး ကြမ်းပြနေသည့် ရန်ကုန်

ရန်ကုန်မြို့မှာ ဒီဇင်ဘာလ နောက်ဆုံးပတ်အတွင်း စစ်ကောင်စီက အရပ်သားပြည်သူတွေကို အင်အားသုံးဖမ်းဆီးမှုတွေ ဆက်တိုက်ပြုလုပ်လာတယ်လို့ ရန်ကုန်မြို့ခံ တော်လှန်ရေးအဖွဲ့အစည်းတွေက အသီးသီး ထုတ်ပြန်လာပါတယ်။
Read More

ပြည်သူကို စစ်မှုထမ်းအကြောင်းပြ ငွေညှစ်နေသည့် အုပ်ချုပ်ရေးမှူး နေအိမ်အတွင်း ပစ်ခတ်ရှင်းလင်းခံရ

ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်မှာ စ​စ်ကောင်စီအတွက် တပ်သားသစ်စုဆောင်းပေးနေတဲ့ ခွက်မ အုပ်စု အုပ်ချုပ်ရေးမှူး ဆိုသူ နေအိမ်အတွင်း ပစ်ခတ်ရှင်းလင်းခံရပြီး သေဆုံးသွားကြောင်းသိရပါတယ်။
Read More

စစ်ကောင်စီတပ် လက်နက်ကြီး ပစ်ခတ်မှုကြောင့် Mobye Local PDF ရဲဘော် ၂ ဦး ပြင်းထန်ဒဏ်ရာရ၊ ဆေးကုသစဥ် ၁ ဦး ကျဆုံး

ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ Mobye Local PDF က ရဲဘော် ၂ ယောက် အကြမ်းဖက်စစ်ကောင်စီတပ် လက်နက်ကြီး ပစ်ခတ်မှုကြောင့် ပြင်းထန်ဒဏ်ရာရပြီး ၁ ယောက် ကျဆုံးသွားတယ်လို့ Mobye Local PDF က ထုတ်ပြန်ထားပါတယ်။