စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်၊ ပုလဲမြို့နယ်အတွင်းက အကြမ်းဖက်စစ်တပ်စခန်းတွေကို ဆရာဒေါင်းဦးဆောင်မှုနဲ့ တော်လှန်ရေး ဒရုန်းတပ်ဖွဲ့တွေ ပူးပေါင်းပြီး နေ့ရောညပါ ဒရုန်းနဲ့ ဗုံးသီးကြဲချတိုက်ခိုက်ခဲ့တယ်လို့ ဒရုန်းတပ်ဖွဲ့ တာဝန်ရှိသူတွေ ဆီက သိရပါတယ်။
အဲ့ဒီဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်မှု့ကို ဆရာဒေါင်းဦးဆောင်တဲ့ ဒေါင်းတမန်လေကြောင်းစစ်ဆင်ရေး၊Salingyi Special Task Force (SSTF)၊ ပုံတောင်တိုက်ဂါး PDF ၊ Eagle Wings Drone Force စတဲ့ တပ်ဖွဲ့ ၄ ဖွဲ့ ပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
“သီတင်းကျွတ်ကာလ အထိမ်းအမှတ်နဲ့ အကြမ်းဖက်စစ်တပ်စခန်းတွေကို ပူးပေါင်းတိုက်ခိုက်ခဲ့တာဖြစ်ပါတယ်၊ နေ့ရောညပါ တိုက်ခိုက်ခဲ့တာပါ၊ ပြည်သူတွေကို နေ့ရောညပါ အမျိုးမျိုး ဒုက္ခပေးနေတဲ့ အကြမ်းဖက်စစ်တပ်တွေကိုလည်းပြည်သူတွေခံနေရသလို သူတို့ကို ပြန်လည်ခံစားစေနိုင်ဖို့ လုပ်ဆောင်ခဲ့တာပါ” လို့ Eagle Wings Drone Force တာဝန်ခံ ကိုဇေယျာမင်းက မောင်းသတင်းဌာနကို ပြောပါတယ်။
“အကြမ်းဖက်စစ်တပ်က လေကြောင်းကနေ ပြည်သူတွေကို ဗုံးကြဲချတိုက်ခိုက်နေသလို စစ်တပ်အပေါ်လည်း ဒရုန်းစစ်ဆင်ရေးတွေ အင်တိုက်အားတိုက်နဲ့ ဆက်လက်လုပ်ဆောင်နေမှာပါ၊ အခုလက်ရှိဖော်ဆောင်တဲ့ မစ်ရှင်မှာဆိုရင်လည်း Fixed Wings ဒရုန်းအမျိုးအစား ၃ စီးပျက်စီးဆုံးရှုံးခဲ့ပါတယ်၊ နောက်ထပ်မစ်ရှင်တွေ ထပ်လုပ်ဆောင်ဖို့ရာအတွက် ပြည်သူတွေအနေနဲ့လည်း ပါဝင်လှူဒါန်းအားဖြည့်ပေးစေချင်တယ်” လို့ ဒရုန်းတာဝန်ခံ ကိုဇေယျာမင်းက ဆက်ပြောပါတယ်။
အောက်တိုဘာ ၁၈ ရက်ကလည်း အကြမ်းဖက်စစ်ကောင်စီတပ်က ပုလဲမြို့နယ်၊ ဇီးဖြူကုန်း ပျူစောထီးရွာမှာရှိတဲ့ အကြမ်းဖက်စစ်တပ်ရဲ့ ဗျူဟာကုန်းကို လာချပေးတဲ့ ရိက္ခာတွေကို Eagle Wings Drone Force တော်လှန်ရေးတပ်ဖွဲ့က ရရှိခဲ့ပါသေးတယ်။
ပုံစာ – အကြမ်းဖက်စစ်ကောင်စီတပ်စခန်းတွေကို ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်နေတဲ့ပုံ
0 Shares:
You May Also Like
Read More

သာယာဝတီမှာ ပျူစောထီးတွေကို ပြည်သူ့စစ်ဆိုပြီး ဝတ်စုံတွေ ထုတ်ပေးကာ လုံခြုံရေးယူခိုင်းနေ

ပဲခူးတိုင်း၊ သာယာဝတီခရိုင်ထဲက မြို့နယ်တွေမှာ ပြည်သူ့စစ်အမည်ခံတဲ့ လက်နက်ကိုင်ပျူစောထီးတွေကို စစ်ကောင်စီက ဝတ်စုံတွေထုတ်ပေးကာ လုံခြုံရေးယူခိုင်းတာတွေ လုပ်ဆောင်နေတယ်လို့ ဒေသခံတွေက ဆိုပါတယ်။
Read More

တော်လှန်ရေးအတွက် အချိန်အသင့်အခါသင့်ဖြစ်လို့ အောင်ပွဲရယူရမယ်လို့ TNLA အသိပေး

လက်ရှိအခြေအနေဟာ တော်လှန်ရေးအတွက် အောင်ပွဲရယူနိုင်ဖို့ အချိန်အခါအသင့်ဖြစ်တယ်လို့ တအာင်းတပ်မတော် - TNLA က အသိပေး ထုတ်ပြန်ပါတယ်။
Read More

ထိုင်းနိုင်ငံမှ ဖမ်းဆီးပြန်ပို့ခံရပြီး စစ်မှုထမ်းတပ်သားအဖြစ် စုဆောင်းခံရသည့် လူငယ် ၄ ဦး အလင်းဝင်

တနင်္သာရီတိုင်း၊ ပလောက်မြို့မှာ အပတ်စဥ် ၁၁ စစ်မှုထမ်းသင်တန်းအတွက် အဓမ္မစစ်သားစုဆောင်းခံရသူ လူငယ် ၄ ယောက်ဟာ ဘက်ပြောင်းခိုလှုံအလင်းဝင်လာတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ မြိတ်ခရိုင် အမှတ် (၁) တပ်ရင်းက ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

တောင်သာနဲ့ နွားထိုးကြီးမှာ စစ်ကောင်စီ ၃ ရက်ဆက် လေကြောင်းတိုက်ခိုက်လို့ အရပ်သား ၂ ယောက် သေဆုံး၊ အများအပြား ထိခိုက်ဒဏ်ရာရ

မန္တလေးတိုင်း၊ မြင်းခြံခရိုင်ထဲက တောင်သာနဲ့ နွားထိုးကြီးမြို့နယ်တွေမှာ အကြမ်းဖက်စစ်ကောင်စီရဲ့ ၃ရက်ဆ​က် လေကြောင်းတိုက်ခိုက်မှုတွေကြောင့် အရပ်သား ​၂ယောက်သေဆုံးပြီး ထိခိုက်ဒဏ်ရာရသူ အများအပြားရှိခဲ့တယ်လို့ ဒေသတွင်းသတင်းရင်းမြစ်တွေဆီက သိရပါတယ်။
Read More

မြို့သစ်မြို့နယ်တွင် ခလရ ၂၂၈ တပ်ရင်းမှ အပတ်စဉ် ၁ စစ်မှုထမ်းဆင်း တပ်သားသစ် ၁ ဦး အလင်းဝင်…

မကွေးတိုင်း၊ မြို့သစ်မြို့နယ်မှာ ခလရ ၂၂၈ တပ်ရင်းက အပတ်စဉ် ၁ စစ်မှုထမ်းသင်တန်းဆင်း တပ်သားသစ် ၁ ယောက် အလင်းဝင်ရောက်လာခဲ့တယ်လို့ တမူးခရိုင် ၊ အမှတ် ၂ တပ်ရင်းက ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ရွာငံတွင် စစ်အုပ်စုက အနီရောင်အဆင့်သတ်မှတ်ပြီး စစ်ကြောင်းများခွဲထိုးနေ၊ ကြံ့ခိုင်ရေးပါတီကလည်း ရွေးကောက်ပွဲအတုအတွက် စည်းရုံးရေးဆင်းဖို့ ပြင်ဆင်နေ

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုဒေသ၊ ရွာငံမြို့နယ်မှာ အကြမ်းဖက်စစ်တပ်က အင်အားထောင်ချီဖြည့်ပြီး စစ်ကြောင်းတွေထိုးနေသလို အတုအယောင် ရွေးကောက်ပွဲဝင်ရောက်မယ့် ကြံ့ခိုင်ရေးအမတ်တွေလည်း စည်းရုံးရေးဆင်းဖို့ ပြင်ဆင်နေကြောင်း ရွာငံစစ်ရေးသတင်းရင်းမြစ်က မောင်းကို ပြောပါတယ်။