ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ ဇီးကုန်းမြို့နယ်မှာ လမ်းသွားလမ်းလာ အရပ်သားတွေကို ရိုက်နှက်နှိပ်စက်နေတဲ့ အကြမ်းဖက်စစ်အုပ်စုတွေကို သွားရောက်ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ BTZM GBK PDF ပဲခူးရိုးမအခြေပြုတပ်ဖွဲ့ရဲ့ တပ်ခွဲမှူးကိုတေဇမင်းက မောင်းသတင်းဌာနကို ပြောပါတယ်။
အောက်တိုဘာလ ၁၆ ရက်၊ ညနေပိုင်းက ဇီးကုန်းမြို့နယ်၊ ပျူဟာလမ်းပေါ်က ဘော်ဘင်ချောင်းသရက်ပင်အိုင်တံတားမှာ လမ်းသွားလမ်းလာတွေနဲ့ ဆိုင်ကယ်စီးနင်းသူတွေကို စစ်ဆေးရိုက်နှက်နေတဲ့ အကြမ်းစစ်အုပ်စုတွေကို BTZM GBK PDF ပဲခူးရိုးမအခြေပြုတပ်ဖွဲ့ နဲ့ တပ်ရင်း ၃၈၀၁၊ တပ်ခွဲ ၃ ၊ နတ်စစ်သည် အဖွဲ့တို့က သွားရောက်ပစ်ခတ်ခဲ့တာဖြစ်ပါတယ်။
အဲ့ဒီဒီပစ်ခတ်မှုမဖြစ်ခင် တစ်ရက်အလို (အောက်တိုဘာ ၁၅ရက်)ကလည်း ဇီးကုန်းမြို့နယ်၊ ဘော်ဘင်ကျေးရွာကထွက်လာတဲ့ အကြမ်းဖက်စစ်ကောင်စီနဲ့ ပျူစောထီးအဖွဲ့ဝင်တွေကို မီးကောက်ပင်ရွာထိပ်၊ ပျူဟာလမ်းပေါ်မှာ တော်လှန်ရေးအဖွဲ့တွေက မိုင်းဆွဲတိုက်ခိုက်ခဲ့သလို ဘောဘင်ချောင်းတံတားမှာပါ ထိတွေ့တိုက်ပွဲဖြစ်ခဲ့ပြီး စစ်ကောင်စီဘက်က အထိနာခဲ့တယ်လို့ သိရပါတယ်။
” စစ်သားနဲ့ပျူတွေက သရက်ပင်အိုင်တံတားပေါ်မှာ ဂိတ်ချပြီး ကားတွေ၊ ဆိုင်ကယ်တွေ၊ လူတွေကို တားပြီး ရိုက်နှက်တာတွေလုပ်နေသလိုလူငယ်ပိုင်းတွေဆို စစ်မှုထမ်းဖို့ ဖမ်းဆီးတာတွေရှိကြောင်း သတင်းရတာနဲ့ ၂ နေရာခွဲပြီး တရကြမ်းပစ်ခဲ့တာပါ။ ကျနော်တို့ဝင်ပစ်ပြီး မကြာဘူး။ ဆိုင်ကယ်တွေနဲ့ပြန်ပြေးကုန်ကြပါတယ်။” လို့ BTZM GBK PDF ပဲခူးရိုးမအခြေပြုတပ်ဖွဲ့ရဲ့ တပ်ခွဲမှူး ကိုတေဇမင်းက မောင်းသတင်းဌာနကို ပြောပါတယ်။
အဲဒီသရက်ပင်အိုင်တံတားမှာအကြမ်းဖက်စစ်အုပ်စုတွေ မကြာခဏဂိတ်ချ​လေ့ရှိပြီး ဇီးကုန်းနဲ့ဆက်စပ်နေတဲ့ ကြို့ပင်ကောက်မြို့လည်းရှိတာကြောင့် မြို့နယ်၂ခုအသွားအပြန်လုပ်တဲ့သူတွေကိုပိုပြီးစစ်ဆေးဖမ်းဆီးတယ်လို့လည်း သိရပါတယ်။
” အရင်ကလည်း ဒီလိုပိတ်ပြီး စစ်တာမျိုးရှိပေမယ့် အဲ့နေ့ကတော့ သူတို့အထိနာထားလို့ မဲပြီးလုပ်တာလည်း ပါ,ပါမယ်။ အဲ့နေကဆို ဇီးကုန်းမြို့ပေါ်ကနေပါ အင်အားဖြည့်ပေးထားတာနဲ့ဆို အင်အား ၄၀
သာသာလောက် ရှိပါတယ်။လမ်းကြောင်းထိုးပိတ်ထားတာပေါ့နော်။ သရက်ပင်အိုင်တံတားရဲ့ တစ်ဖက်ကမ်း ဇီးကုန်းဘက်မှာ သူတို့က တပ်စွဲထားတာ ၊ ကျနော်တို့က ဒီဘက်တစ်ဖက်ကမ်းကြို့ပင်ကောက်ဘက် ကုန်းပေါ်ကနေ လှမ်းပစ်တာပေါ့နော်။ ဒါကြောင့် ထိခိုက်မှုရှိမရှိတော့ မသိရသေးပါဘူး။ “လို့ BTZM GBK PDF ပဲခူးရိုးမအခြေပြုတပ်ဖွဲ့ ရဲ့တပ်ခွဲမှူး ကိုတေဇမင်းက မောင်းသတင်းဌာနကိုပြောပါတယ်။
ဒါ့အပြင် အောက်တိုဘာ ၁၇ ရက် မွန်းလွဲပိုင်းကလည်း ကြိုပင်ကောက်မြို့နယ် ကျခတ္တန်းအုပ်စု၊ ကျခတ္တန်းရွာအုပ်ချုပ်ရေးမှူးသန်းလွင်ကို တော်လှန်ရေးအဖွဲ့တွေက နေအိမ်မှာ သွားရောက်ရှင်းလင်းရာ မတွေ့ရတာကြောင့် ဆက်သွယ်ရေးမိုဘိုင်းဖုန်း ၄ လုံးကိုပဲ သိမ်းဆည်းခဲ့တယ်လို့ BTZM တပ်ခွဲမှူးက ဆိုပါတယ်။
ပုံစာ – BTZM GBK PDF ရဲဘော်များ
0 Shares:
You May Also Like
Read More

ငဖဲတွင် နှစ်လဆက် ထိတွေ့တိုက်ပွဲများဖြစ်ပြီး စစ်ကောင်စီဘက်က အယောက်၂၀ ထက်မနည်း သေဆုံးခဲ့

မကွေးတိုင်း၊ ငဖဲမြို့နယ်မှာ ဖေဖော်ဝါရီလနဲ့ မတ်လအတွင်း ဖြစ်ပွားခဲ့တဲ့ ထိတွေ့တိုက်ပွဲတွေထဲ စစ်ကောင်စီဘက်က အယောက်၂၀ ထက်မနည်း သေဆုံးပြီး အများပြားထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း လူထုတော်လှန်ရေးမဟာမိတ်အင်အားစု (PRA-Magway) က ထုတ်ပြန်ထားပါတယ်။
Read More

ပင်လည်ဘူးတိုက်ပွဲကို ခိုးကြောင်ခိုးဝှက် ပို့ဆောင်ခံရသူတွေထဲက ဗိုလ်မှူး ဖြိုးကိုကိုဦး ထပ်မံသေဆုံးကြောင်း သတင်းထွက်လာပြီးနောက် တပ်အတွင်း တင်းကျပ်မှုတွေ ပိုများလာ

ပင်လည်ဘူးမြို့ကို ပို့ဆောင်ခံရတဲ့ ဂန့်ဂေါ ခလရ ၅၀ တပ်က စစ်ကောင်စီအဖွဲ့ဝင်တွေထဲ 2IC အဆင့်ရှိသူ ဗိုလ်မှူးဖြိုးကိုကိုဦး ဆေးကုသခွင့်မရတဲ့ ဒဏ်ရာနဲ့သေဆုံးသွားကြောင်း သတင်းတွေ ထွက်ပေါ်လာပြီး တပ်တွင်းတင်းကြပ်တာတွေ ပိုမိုလုပ်ဆောင်လာတယ်လို့ ယောအလင်းတန်းအဖွဲ့ဝင် ကိုဘကောင်းက မောင်းသတင်းဌာနကို ပြောပါတယ်။
Read More

ခန္တီးမြို့နယ်တွင် စစ်ကောင်စီတပ်သား ၁ ဦး မိသားစုနှင့်အတူ အလင်းဝင်လာ

စစ်ကိုင်းတိုင်း၊ ခန္တီးမြို့နယ်အခြေစိုက် စစ်ကောင်စီတပ် ခလရ (၅၂) တပ်ရင်းမှ အကြမ်းဖက်စစ်ကောင်စီ တပ်သား (၁) ယောက် မိသားစုနဲ့အတူ အလင်းဝင်လာတယ်လို့ ဟုမ္မလင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ဖားကန့်၊ ထုံးဘိုကျေးရွာကို စစ်ကော်မရှင် ဒရုန်းဗုံးသီးဖြင့် တိုက်ခိုက်၊ ပြည်သူ ၂ ​ဦးသေပြီး ၁ ဦးဒဏ်ရာရ…

“၃ ဦးမှာ ၂ ဦး သေဆုံးခဲ့ပါတယ်။ သေဆုံးသူတွေဟာ ပလုံကောက်ရောင်းနေရတဲ့ အခြေခံလူတန်းစားတွေပါ၊ ဘာထိတွေ့မှုမှမရှိပဲ ဒီအတိုင်းရမ်းသမ်းပစ်တာပါ၊ ဒဏ်ရာရတဲ့သူကတော့ အနည်းငယ် စိုးရိမ်ရပါတယ်”လို့ ဖားကန့်နယ်ခံတစ်ယောက်က မောင်းသတင်းဌာနကို ပြောပါတယ်။
Read More

ရွှေသောင်ယံမြို့နယ်အတွင်းမှာ တိုက်ပွဲဖြစ်ပွားနေရာ အကြမ်းဖက်စစ်တပ်က လေယာဥ်နဲ့ပါ ဗုံးကြဲနေ…

ဧရာဝတီတိုင်း၊ ရွှေသောင်ယံမြို့နယ်အတွင်းမှာ ရက္ခိုင့်တပ်တော် AA ဦးဆောင်တဲ့ ပူပေါင်းတော်လှန်ရေးတပ်ဖွဲ့တွေနဲ့ အကြမ်းဖက်စစ်တပ်တို့ ဇန်နဝါရီလ ၁၆ ရက် ညနေပိုင်းက တိုက်ပွဲ ဖြစ်ပွားခဲ့ရာ အကြမ်းဖက်စစ်တပ်က လေကြောင်းကနေ ဗုံးကြဲတာတွေ လုပ်ဆောင်နေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
Read More

တစ်နိုင်ငံလုံးမှာ စစ်ဘေးရှောင် လူဦးရေ ၄ သန်းကျော်အထိ ရှိလာပြီး အရေအတွက်က နေ့စဉ်မြင့်တက်နေ

စစ်အာဏာသိမ်းထားတဲ့  ၄နှစ်တာ နီးပါးကာလအတွင်း တစ်နိုင်ငံလုံးမှာ စစ်ဘေးရှောင် လူဦးရေက  ၄သန်းကျော်အထိ ရှိလာပြီး စစ်ဘေးရှောင်ပြည်သူ အရေအတွက်က နေ့စဉ်မြင့်တက်လျက်ရှိတယ်လို့ Blood Money က ထုတ်ပြန်ပါတယ်။