စစ်ကိုင်းမြို့၊ မင်းကွန်းဒေသမှာ လက်ဖက်ရည်ဆိုင်ထိုင်နေတဲ့ ရဲတွေပစ်ခတ်ခံရပြီးနောက် အရပ်သားထိခိုက်မှုတွေ ရှိခဲ့တာနဲ့ပတ်သက်လို့ မစ်ရှင်ဖော်ဆောင်ခဲ့တဲ့ အဖွဲ့တွေအနေနဲ့ တာဝန်ယူမှုတာဝန်ခံမှု ရှိရမယ်လို့ မင်းကွန်း PDF အဖွဲ့က ထုတ်ပြန်ထားပါတယ်။
အောက်တိုဘာ ၁၆ရက်၊ မနေ့ကမနက်အစောပိုင်းက မင်းကွန်းတိုက်နယ်၊ ကားလမ်းဘေး၊ မယ်တော်ကြီးဘုရားရှေ့ လက်ဖက်ရည်ဆိုင်မှာ ထိုင်နေကြတဲ့ ရဲတပ်ဖွဲ့ဝင်တွေကို တော်လှန်ရေးတပ်ဖွဲ့ဝင်တချို့က ဝင်ရောက်ပစ်ခတ်မှုဖြစ်ခဲ့ပြီး ရဲတပ်ဖွဲ့ဝင် ၃ယောက် သေဆုံးခဲ့ပါတယ်။
အဲ့ဒီနောက် အခင်းဖြစ်တဲ့နေရာကို အကြမ်းဖက်စစ်ကောင်စီတပ်တွေ ရောက်လာပြီး ရမ်းသမ်းပစ်ခတ်တာတွေရှိခဲ့တာကြောင့် ကလေးငယ် ၁ယောက်အပါအဝင် အရပ်သား ၄ယောက်လည်း ပစ်ခတ်မှုထဲ ထိခိုက်ဒဏ်ရာရထားတယ်လို့ သိရပါတယ်။
“ထိတဲ့အရပ်သား၄ယောက်မှာ ၂ယောက်က အသက်အန္တရာယ်စိုးရိမ်နေရတယ်။ အဲ့ထဲ ကလေးငယ်လည်းပါတယ်။” လို့ Mingun People’s Defence Force တာဝန်ရှိသူတစ်ယောက်က မောင်းကိုပြောပါတယ်။
ဒါ့အပြင် အကြမ်းဖက်စစ်ကောင်စီတပ်က အခင်းဖြစ်ပွားခဲ့တဲ့ လက်ဖက်ရည်ဆိုင်နဲ့ အနီးအနားနေအိမ်တွေကိုလည်း မီးရှို့ဖျက်ဆီးခဲ့သေးတယ်လို့ သိရပါတယ်။
အခုလို လူစည်းကားရာနေရာမှာ နယ်မြေခံအဖွဲ့အစည်းတွေကို အကြောင်းမကြားဘဲ မစ်ရှင်လုပ်ဆောင်ခဲ့တဲ့အတွက် အရပ်သားထိခိုက်မှုတွေရှိခဲ့တဲ့အပေါ် လုပ်ဆောင်ခဲ့တဲ့သက်ဆိုင်ရာအဖွဲ့တွေအနေနဲ့လည်း တာဝန်ယူမှုတာဝန်ခံမှုရှိရမယ်လို့ မင်းကွန်းPDF က ထုတ်ပြန်ထားပါတယ်။
” ပစ်ခတ်မှုဖြစ်တဲ့နေရာက လူအရမ်းစည်ပါတယ်။ ဘယ်လိုနေနေ အရပ်သားက ထိခိုက်မှာပါ။ မစ်ရှင်ကို ပြီးစလွယ်ဖော်ဆောင်ခဲ့ပြီး တာဝန်ယူမှု တာဝန်ခံမှု မရှိလို့ အခုလိုသတင်းထုတ်ပြန်တာပါ။ လုပ်ခဲ့တဲ့အဖွဲ့တွေကိုတော့ ကျနော်တို့ အခုထုတ်မပြောသေးပါဘူး။ ကျနော်တို့ဘက်က ဆက်သွယ်ထားပေမယ့် သူတို့ဘက်က ဖုန်းတွေကို ပိတ်ထားပါတယ်။ ကျနော်တို့ကတော့ သူတို့တာဝန်ယူတဲ့အထိ ဆက်သွားမှာပါ။” လို့ Mingun People’s Defence Force တာဝန်ရှိသူ ၁ယောက်က မောင်းကိုပြောပါတယ်။
ဒါ့အပြင် ဒီဖြစ်စဥ်အပေါ် NUG ရဲ့ကာကွယ်ရေးဝန်ကြီးဌာနဆီ စာပို့ပြီး ဖြေရှင်းပေးဖို့ တောင်းဆိုထားတယ်လို့လည်း Mingun People’s Defence Force က ဆိုပါတယ်။
မင်းကွန်းပုထိုးတော်ကြီးနဲ့ မြသိန်းတန်ဘုရားရှိရာ မင်းကွန်းဒေသမှာ မကြာခဏဆိုသလို ပြောက်ကျားဝင်ရောက်တိုက်ခိုက်မှုတွေရှိပြီး ပြီးခဲ့တဲ့လတွေတုန်းကလည်း လက်ဖက်ရည်ဆိုင်ထိုင်နေတဲ့စစ်အုပ်စုတွေ ပစ်ခတ်ခံခဲ့ရပါသေးတယ်။
0 Shares:
You May Also Like
Read More

ဂွမြို့နယ် ကြွေချိုင်မှာရှိတဲ့ စစ်တပ်စခန်းကို AA သိမ်းပိုက်ပြီးနောက် အကြမ်းဖက်စစ်တပ်က လေကြောင်းဗုံးကြဲမှုတွေ လုပ်ဆောင်နေ

ရခိုင်ပြည်နယ် ဂွမြို့နယ်က အကြမ်းဖက်စစ်ကောင်စီရဲ့ ကြွေချိုင်တပ်စခန်းကို အရက္ခတပ်တော် AA က တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီး အကြမ်းဖက်စစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှုတွေလုပ်ဆောင်နေတာကြောင့် ဒေသခံတချို့ကို AA က ကယ်ထုတ်နေကြောင်း သိရပါတယ်။
Read More

ကျောက်ကြီးမြို့နယ်အတွင်း စစ်ကောင်စီတပ် ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် အရပ်သားပြည်သူ (၃) ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ဘုရားကျောင်း (၁) ကျောင်းနဲ့ နေအိမ် (၁) လုံး ထိခိုက်ပျက်စီး

ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင်၊ ကျောက်ကြီးမြို့နယ်အတွင်း အကြမ်းဖက်စစ်ကောင်စီတပ်က ပြည်သူလူထုကို ပစ်မှတ်ထားပြီး အရပ်သားနေထိုင်ရာကျေးရွာအတွင်းနဲ့ လုပ်ကိုင်စားသောက်ရာ လုပ်ငန်းခွင်တွေအတွင်း ရည်ရွယ်ချက်ရှိရှိ ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့မှုတွေကြောင့် အပြစ်မဲ့အရပ်သားပြည်သူ (၃) ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ဘုရားကျောင်း (၁) ကျောင်းနဲ့ နေအိမ် (၁) လုံးအပါအဝင် ပြည်သူလူထုပိုင်ဆိုင်တဲ့ ပစ္စည်းဥစ္စာတွေ ထိခိုက်ပျက်စီးခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး - KNU (ဗဟို) က ထုတ်ပြန်ထားပါတယ်။
Read More

မြောင်က ကျေးရွာတချို့ကို CDSOM အဖွဲ့ ကျန်းမာရေးစောင့်ရှောက်မှုပေးနေ

စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်က ကျေးရွာတချို့ကို မြောင်မြို့နယ် ပြည်သူ့ကာကွယ်ရေးနှင့် လုံခြုံရေးအဖွဲ့ (CDSOM) တပ်ဖွဲ့က ကျန်းမာရေးစောင့်ရှောက်မှုတွေ ဆောင်ရွက်ပေးနေတယ်လို့ သိရပါတယ်။
Read More

ယင်းမာပင်မြို့နယ်က ကျေးရွာတစ်ရွာမှာ တော်လှန်ရုပ်ရှင်ပြ

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်အတွင်းက ကျေးရွာတစ်ရွာမှာ သပိတ်ကော်မတီဝင်တွေနဲ့ ယင်းမာပင်ခရိုင် တပ်ရင်း ၁ ရဲဘော်တွေက ပြည်သူတွေကို တော်လှန်ရုပ်ရှင်တွေ ပြသခဲ့တယ်လို့ သိရပါတယ်။
Read More

တရုတ်ရဲ့ စေခိုင်းမှုကြောင့် ကျားဖြန့်လုပ်ငန်းနှင့် ပတ်သက်ဆက်နွယ်မှုဖြင့် အရာရှိ ၄ဦးကို စစ်ကောင်စီ ဖမ်းဆီးထား ရမခ တိုင်းမှူးအဖြစ် ခန့်အပ်ခံရမှု ၇ လခန့်သာ ရှိသေးသည့် ဗိုလ်ချုပ် မြင့်ကျော်ထွန်းလည်း ပါဝင်

ကျားဖြန့်ငွေလိမ်လုပ်ငန်းနဲ့ ပတ်သက်ဆက်နွယ်နေတယ်ဟုဆိုကာ အရှေ့မြောက်တိုင်းစစ်ဌာနချုပ် (ရမခ) တိုင်းမှူး ဗိုလ်ချုပ်မြင့်ကျော်ထွန်း အပါအဝင် အရာရှိ ၄ ယောက်ကို စစ်ကောင်စီက ဖမ်းဆီးစစ်ဆေးမှုတွေ လုပ်ဆောင်နေတယ်လို့ တပ်တွင်းသတင်းရင်းမြစ်တွေထံက သိရပါတယ်။
Read More

ရေဦးမှာ တိုင်းရင်းဆေးရုံထဲအထိုင်ချထားတဲ့ စစ်အုပ်စုပစ်လိုက်တဲ့ လက်နက်ကြီးမှန်လို့ လယ်ထဲပေါင်းနုတ်နေတဲ့ အမျိုးသမီး သေဆုံး

စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်မှာ စစ်ကောင်စီတပ် ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးထိမှန်ခဲ့လို့ ပေါင်းနုတ်နေတဲ့ အမျိုးသမီးတစ်ယောက် သေဆုံးခဲ့ကြောင်း သိရပါတယ်။