စစ်ကိုင်းတိုင်း ၊ ကောလင်းခရိုင်က ပင်လယ်ဘူးမြို့သိမ်းတိုက်ပွဲမှာ ကျဆုံးခဲ့ရတဲ့ မြောင်မြို့နယ် တော်လှန်ရေးတပ် (MRA) က ရဲဘော် ဘိုကလေးအတွက် မိခင်တပ်ဖွဲ့က ဝမ်းနည်းကြောင်း မနေ့က ထုတ်ပြန်ထားပါတယ်။
စစ်ကိုင်းခရိုင်အမှတ် (၅) တပ်ရင်း၊ မြောင်မြို့နယ် တော်လှန်ရေးတပ်က ရဲဘော် ဘိုကလေးဟာ စက်တင်ဘာ ၁၇ ရက် မနက်အစောပိုင်းမှာ ကျဆုံးခဲ့တာဖြစ်ပြီး ပင်လယ်ဘူးမြို့သိမ်းပိုက်ပြီးတဲ့ အခုချိန်မှသာ ဝမ်းနည်းကြောင်း ထုတ်ပြန်ထားပါတယ်။
ကျဆုံးရဲဘော်ဟာ ပေးအပ်တဲ့ တာဝန်ကို ကျေပွန်စွာ ထမ်း‌ဆောင်ပြီး ရွပ်ရွပ်ချွံချွံ တိုက်ပွဲဝင်ကာ အသက်ပေး စွန့်လွှတ်ခဲ့တဲ့အတွက် မြောင်မြို့နယ် တော်လှန်ရေးတပ်အနေနဲ့ ဂုဏ်ပြုဦးညွှတ်ကြောင်း သဝဏ်လွှာကို ထုတ်ပြန်ထားပါတယ်။
သြဂုတ် ၁၅ ရက်မှာ စတင်ခဲ့တဲ့ ပင်လည်ဘူးမြို့သိမ်းစစ်ဆင်ရေးဟာ ရက်ပေါင်း ၅၄ ရက်အကြာ အောက်တိုဘာ ၈ ရက်မှာတော့ ပြည်သူ့ကာကွယ်ရေးတပ်ပေါင်းစုက အလုံးစုံထိန်းချုပ်နိုင်ခဲ့တာဖြစ်ပါတယ်။
ပုံစာ – ကျဆုံးရဲဘော် ဘိုကလေး
0 Shares:
You May Also Like
Read More

စစ်တောင်းမြစ်ဝှမ်းစစ်ဆင်ရေးအတွင်း အကြမ်းဖက်စစ်ကောင်စီ စစ်သုံ့ပန်း(၂၂)ဦး နှင့် လက်နက်အများအပြားသိမ်းဆည်းရရှိ…

ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ်အတွင်း စစ်တောင်းမြစ်ဝှမ်းစစ်ဆင်ရေးမှာ အကြမ်းဖက်စစ်ကောင်စီတပ်က စစ်သား ၇ ယောက်ထက်မနည်း သေဆုံးပြီး စစ်သုံ့ပန်း ၂၂ ယောက်နဲ့ လက်နက်အများအပြား သိမ်းဆည်းရမိခဲ့တယ်လို့ SPRING WARRIORS COLUMN က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ကရင်နီက ရေဘေးသင့်ပြည်သူတွေအတွက် အမှတ် ၁၀၀၅ တပ်ရင်း (ရှမ်းတောင် PDF) ထောက်ပို့ပံ့ပိုးခဲ့

ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ အမှတ် (၁၀၀၅) တပ်ရင်း၊ ရှမ်းတောင် (SSPDF)က ရေဘေးသင့် ပြည်သူများလိုအပ်နေတဲ့ ပြည်တွင်းပြည်ပ အလှူရှင်တွေက ပေးပို့လာတဲ့ ဆန်၊ဆီ နဲ့ခေါက်ဆွဲခြောက် (စားနပ်ရိက္ခာတချို့)ကို ‌ကရင်နီဒေသအတွင်းမှာရှိတဲ့ ရေဘေးသင့်ပြည်သူတွေဆီ သွားရောက်လှူဒါန်းပေးခဲ့တယ်လို့ သိရပါတယ်။
Read More

စစ်ကြောရေး ဒဏ်ရာများဖြင့် အကျဥ်းထောင်အတွင်း ကျဆုံးခဲ့သည့် မဝတ်ရည်အောင်၏ နောက်ဆုံးခရီး

အကြမ်းဖက်စစ်ကောင်စီ မတရား ဖမ်းဆီးအကျဥ်းချထားပြီး အကျဥ်းထောင်ထဲမှာပဲ မနေ့က ကျဆုံးခဲ့တဲ့ ဒဂုံတက္ကသိုလ်ကျောင်းသားများသမဂ္ဂ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် အသက် ၂၆ နှစ်အရွယ် မဝတ်ရည်အောင်ရဲ့ စျာပနကို ဒီနေ့မှာ ကူညီပို့ဆောင်ပေးခဲ့တယ်လို့ နာရေးကူညီမှုအသင်း-ရန်ကုန်က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

မိုးကုတ်မြို့ကို စစ်ကောင်စီ လေကြောင်းဗုံးကြဲလို့ ဒေသခံ ၅ဦးထက်မနည်း သေဆုံး၊ အယောက် ၂ဝ ခန့် ဒဏ်ရာရ

“ဒဏ်ရာရတဲ့သူက ၁၅၊ ၂၀ ဝန်းကျင်လောက်ရှိတယ်။ သေဆုံးတာက လောလောဆယ်သိရတာ ၅ယောက်။ ရှာလို့မရသေးတာတွေလည်း ရှိနေသေးတယ်”လို့ မိုးကုတ်မြို့ခံတစ်ယောက်က မောင်းကို ပြောပါတယ်။
Read More

မြန်မာစစ်တပ်နှင့် ကရင်နယ်ခြားစောင့်တပ် KK Park ကို ဆက်လက်ဖောက်ခွဲနေ

မြန်မာစစ်တပ်နဲ့ ကရင်နယ်ခြားစောင့်တပ် (BGF) အဖွဲ့တွေဟာ ထိုင်း-မြန်မာနယ်စပ်မှာ ရှိတဲ့ KK Park က အဆောက်အဦးတွေကို နိုဝင်ဘာလ ၂ ရက်အထိ ဆက်လက် ဖောက်ခွဲဖျက်ဆီးနေဆဲဖြစ်ကြောင်း ထိုင်းသတင်း Khaosod မှာ ဖော်ပြထားပါတယ်။
Read More

မုံရွာ နမခကို ရော့ကတ်များ ပစ်ခတ်တိုက်ခိုက်မှု အရာရှိများအပါ စစ်အုပ်စုဘက်မှ ၁၂ ဦး သေဆုံး၊ ထိခိုက်ဒဏ်ရာရသူများလည်း ရှိ

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်က အရပ်သားပြည်သူတွေကို ရက်ရက်စက်စက် ပစ်ခတ်သတ်ဖြတ်နေတဲ့ အနောက်မြောက်တိုင်းစစ်ဌာနချုပ် (နမခ)ကို ရော့ကတ်တွေနဲ့ပစ်ခတ်တိုက်ခိုက်မှုမှာ အရာရှိတွေအပါအဝင် ၁၂ယောက်သေဆုံးပြီး ရိက္ခာဂိုဒေါင်တွေ ပျက်စီးခဲ့တယ်လို့ Chindwin Rocket Brother - C.R.B တာဝန်ရှိသူက မောင်းကို ပြောပါတယ်။