စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့ပေါ်မှာ အကြမ်းဖက်စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေ တိုက်ပွဲ ၂ ကြိမ်ဖြစ်ပွားခဲ့တယ်လို့ ကြယ်နီတပ်ဦး (RSF) က ထုတ်ပြန်ထားပါတယ်။
ခင်ဦးမြို့ပေါ်မှာ ပြီးခဲ့တဲ့ အောက်တိုဘာ ၁၃ ရက် မနက်ပိုင်းက တော်လှန်ရေးပူးပေါင်းတပ်တွေနဲ့ အကြမ်းဖက်စစ်ကောင်စီတပ် အပြန်အလှန်ပစ်ခတ်မှု စတင်ဖြစ်ပွားခဲ့တာဖြစ်ပြီး မွန်းလွဲပိုင်းမှာ ဒုတိယအကြိမ် ပြန်လည်ပစ်ခတ်မှု ဖြစ်ပွားခဲ့တာပါ။
အဲ့ဒီနေ့ ညနေပိုင်းမှာတော့ တော်လှန်ရေးပူးပေါင်းတပ်တွေဟာ လက်နက်ခဲယမ်းလိုအပ်ချက်ကြောင့် ပြန်လည်ဆုတ်ခွာခဲ့ရပြီး ထိတွေ့တိုက်ပွဲ နှစ်ကြိမ်အတွင်းမှာ စစ်ကောင်စီဖက်က ထိခိုက်ကျဆုံးမှုကိုတော့ အတိအကျ မသိရသေးဘူးလို့ ကြယ်နီတပ်ဦးက ဆိုပါတယ်။
အဲ့ဒီတိုက်ပွဲ တော်လှန်ရေးပူးပေါင်းတပ်ဖက်က နှစ်ယောက် (မစိုးရိမ်ရ)ဒဏ်ရာရရှိခဲ့ပြီး အဲ့ဒီတိုက်ခိုက်မှုကို ကြယ်နီတပ်ဦး (RSF) ၊ ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA) နဲ့ အခြားတော်လှန်ရေးအဖွဲ့တွေ ပူးပေါင်းလုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။
ဓာတ်ပုံ – ကြယ်နီတပ်ဦး
0 Shares:
You May Also Like
Read More

ရွှေဘိုခရိုင် PDF အမှတ် (၉) တပ်ရင်း၏ (၄) နှစ်ပြည့် အခမ်းအနား

အမျိုးသားညီညွတ်ရေး အစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန ၊ အမှတ် (၁) စစ်ဒေသ ၊ ပြည်သူ့ကာကွယ်ရေး တပ်မတော်၊ ရွှေဘိုခရိုင်အမှတ် (၉) တပ်ရင်းရဲ့ တပ်တည်ထောင်ခြင်း (၄) နှစ်ပြည့် အခမ်းအနားကို သြဂုတ် ၈ ရက်မှာ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
Read More

ပခုက္ကူတွင် စစ်ကြောင်းထိုး အကြမ်းဖက်စစ်တပ်က ကမ္မတပ်ပေါင်းစု၏ KMDF စခန်းကို မီးရှို့ဖျက်ဆီး၊ လက်နက်ခဲယမ်း ကျပ်သိန်း ၄၀၀ ဖိုးခန့် ပျက်စီးဆုံးရှုံးခဲ့

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်မှာ စစ်ကြောင်းဝင်ရောက်လာတဲ့ အကြမ်းဖက်စစ်တပ်က ကမ္မတပ်ပေါင်းစုရဲ့ Kamma Defence Force (KMDF) စခန်းကို မီးရှို့ဖျက်ဆီးခဲ့သလို လက်ရှိအချိန်အထိ ဆက်လက်စစ်ကြောင်းထိုးနေကြောင်း မြေပြင်​တော်လှန်ရေး တပ်ဖွဲ့ဝင် ၁ ယောက်က မောင်းကို ပြောပါတယ်။
Read More

ကချင်ပြည်နယ် တိုက်ပွဲများအတွင်း ကလေးခရိုင်အမှတ် (၉) တပ်ရင်း၊ မင်းကင်း PDF တပ်ရင်း (၃) ၏ ဒုတပ်ရင်းမှူး အပါအဝင် တပ်ဖွဲ့ဝင် ၁၅ ဦး ကျဆုံးခဲ့

ကချင်ပြည်နယ်၊ ရှေ့တန်းစစ်မြေပြင်တိုက်ပွဲတွေအတွင်း ကလေးခရိုင် အမှတ် (၉) တပ်ရင်း၊ မင်းကင်း PDF တပ်ရင်း (၃) က ဒုတပ်ရင်းမှူး ၁ ယောက်နဲ့ တပ်ဖွဲ့ဝင် ၁၄ယောက် အသီးသီး ကျဆုံးထားကြောင်း အဆိုပါတပ်ရင်း တာဝန်ရှိသူက မောင်းကို ပြောပါတယ်။
Read More

သံတွဲမြို့ကို စစ်ကောင်စီက တိုက်လေယာဉ်နဲ့ ဗုံးကြဲရာ ကလေးငယ်တွေအပါ ၁၃ ယောက်ထက်မနည်းသေဆုံးပြီး ၂၃ ယောက်ထက်မနည်း ဒဏ်ရာရ

ရခိုင်ပြည်နယ်၊ သံတွဲမြို့ကို အကြမ်းဖက်စစ်ကောင်စီက တိုက်လေယာဉ်တွေနဲ့ ဗုံးတွေ ကြဲချခဲ့ရာ ကလေးငယ်တွေအပါ ပြည်သူ ၁၃ ယောက်သေဆုံးပြီး ၂၃ ယောက် ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။
Read More

ရွေးကောက်ပွဲ ပူးပေါင်းပါဝင်ရန် စစ်ကောင်စီ၏ဖိတ်ခေါ်မှု စစ်အာဏာရှင် အမြစ်ဖြတ် တော်လှန်ရေးကို အာရုံလွှဲနိုင်ပါ့မလား

စစ်ကောင်စီဟာ သူတို့ရဲ့ နိုင်ငံရေးထွက်ပေါက်လို့ ယူဆထားတဲ့ ရွေးကောက်ပွဲ ကျင်းပနိုင်ရေးအတွက် လုံးပမ်းနေပြီး အဆိုပါ အတုအယောင် ဟန်ပြရွေးကောက်ပွဲမှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) တွေ ပါဝင်လာဖို့ ကမ်းလှမ်းကြောင်း ပြောဆိုထားပါတယ်။
Read More

၇၆ နှစ်မြောက် ကရင့်တော်လှန်ရေးနေ့မှာ KNU ဌာနချုပ်ကို စစ်ကောက်စီတပ် ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်

ကရင်ပြည်နယ်၊ ကရင်အမျိုးသားအစည်းအရုံး (KNU) ဗဟို ဌာနချုပ်ရှိရာ တပ်မဟာ ၇ ရှိ စစ်ရေးပြကွင်းကို အကြမ်းဖက်စစ်ကောင်စီတပ်က ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဒေသတွင်းသတင်းရင်းမြစ်တွေဆီက သိရပါတယ်။