အာဏာကို မက်မောနေတဲ့ အကြမ်းဖက်စစ်အုပ်စုကြောင့် သီတင်းကျွတ်ကာလကို ပြည်သူတွေဟာ နိုင်ငံတဝန်း မငြိမ်းချမ်းမှု၊ လွတ်လပ်မှု ပျောက်ဆုံးခြင်းတွေနဲ့ ဖြတ်သန်းနေရတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ ယာယီသမ္မတ ဒူဝါလရှီးလက “ပြည်သူများသို့ သီတင်းကျွတ်ဆုတောင်းစကား” မှာ ထည့်သွင်းပြောကြားထားပါတယ်။
“သီတင်းကျွတ် အခါသမယဟာ ဗုဒ္ဓဘာသာဝင်တွေအတွက် မြတ်စွာဘုရားရဲ့ ဂုဏ်ကျေးဇူးအထူးကို အောက်မေ့သတိရ ပူဇော်ကြပြီး လူမျိုးဘာသာမရွေး ချစ်ခင်သူမိသားစုများ၊ မိတ်ဆွေအပေါင်းသင်းများ စုံညီစွာနဲ့ ပျော်ရွှင်နွေးထွေးစွာ ဖြတ်သန်းရတဲ့ ရက်မြတ်ချိန်ခါဖြစ်ပါတယ်။ ဒါပေမယ့်လည်း တိုင်းပြည်အကျိုးထက် အာဏာလောဘမက်မောတဲ့ စစ်အုပ်စု လူတစ်စုရဲ့ မတရားအဏာလုယူမှု၊ အကြမ်းဖက်မှုတွေကြောင့် ချစ်ခင်သူ မိသားစု၊ မိတ်ဆွေတွေ စုံညီမှုမရှိနိုင်ဘဲ ဝေးကွာနေကြရပြီး နိုင်ငံတဝန်း မငြိမ်းချမ်းမှု၊ လွတ်လပ်မှုတို့ ပျောက်ဆုံးခြင်းတို့ကို ဝမ်းနည်းစွာ ကြုံတွေ့နေကြရပါတယ်။” လို့ ယာယီသမ္မတက ပြောကြားထားပါတယ်။
ဒါ့အပြင် ယာယီသမ္မတ ဒူဝါလရှီးလက ပြည်သူတွေ ခေတ်ဆိုးက လွတ်မြောက်ပြီး မိသားစုတွေ အမြန်ဆုံစည်းနိုင်ကြဖို့ကိုလည်း ဆန္ဒပြု ဆုမွန်ကောင်း တောင်းထားပါသေးတယ်။
“ပြည်သူများအားလုံးခေတ်ဆိုး စစ်အာဏာရှင် စနစ်ဆိုးအောက်မှ အမြန်ဆုံး ကင်းလွတ်ပြီး ငြိမ်းချမ်း သာယာ စည်ပင် ဝပြောစွာဖြင့် ပူပန် ကင်းဝေး ဘေးငြိမ်းလျက် မိသားစုအပေါင်း အမြန် ဆုံစည်းနိုင်ကြစေကြောင်းလည်း ဆန္ဒမွန်ပြုလိုက်ပါတယ်။” လို့ NUG ယာယီသမ္မတက ပြောကြားထားပါတယ်။
0 Shares:
You May Also Like
Read More

ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ အမှတ် (၁၀၀၄) တပ်ရင်း၏ အခြေခံစစ်ရေးသင်တန်းဆင်းပွဲနှင့် တပ်ရင်းပြန်လည်ဖွဲ့စည်းတည်ဆောက်ခြင်း အခမ်းအနား

ရှမ်းတောင်ကယား (ကရင်နီ) တိုင်းစစ်ဌာန ၊ ရှမ်းတောင်စစ်ဒေသ စစ်နည်းဗျူဟာအမှတ် (၁၄) ကွပ်ကဲမှုအောက်မှာရှိတဲ့ ပြည်သူ့ကာကွယ်ရေးတပ် အမှတ် (၁၀၀၄) တပ်ရင်း ရဲ့ တပ်ရင်း အခြေခံစစ်ရေးသင်တန်းဆင်းပွဲ နဲ့ တပ်ရင်းပြန်လည်ဖွဲ့စည်းတည်ဆောက်ခြင်း အခမ်းအနား ပြုလုပ်ခဲ့တယ်လို့ မနေ့က ထုတ်ပြန်ပါတယ်။
Read More

တီးတိန်မြို့နယ်မှာ စိုက်ပျိုးထားတဲ့ ဘိန်းဧက ၂၀ ကျော်ကို PDF Zoland ဖျက်ဆီးခဲ့

ချင်းပြည်နယ်၊ တီးတိန်မြို့နယ်အတွင်း စိုက်ပျိုးထားတဲ့ ဘိန်းဧက ၂၀ ကျော်ကို PDF Zoland က ဖျက်ဆီးခဲ့တယ်လို့ အဆိုပါ တပ်ဖွဲ့ထံက သိရပါတယ်။
Read More

မင်းဘူးခရိုင် PDF တပ်ရင်း (၂) ရဲ့ အပတ်စဥ် (၄) အခြေခံစစ်သင်တန်းဆင်းပွဲ

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ အမှတ် (၁) စစ်ဒေသ၊ မင်းဘူးခရိုင်အမှတ် (၂) တပ်ရင်းက အပတ်စဥ် (၄) အခြေခံစစ်သင်တန်းဆင်းပွဲ ပြုလုပ်ခဲ့တယ်လို့ အဆိုပါတပ်ရင်းက ထုတ်ပြန်ထားပါတယ်။
Read More

လောင်းလုံးမှာ အကြမ်းဖက်စစ်တပ်က အရပ်သားလူငယ် ၂ ယောက်ကို PDF အဖြစ် စွပ်စွဲဖမ်းဆီးပြီး ရက်စက်စွာ လည်လှီးသတ်ခဲ့၊ စစ်တပ်စစ်ကြောင်းဝင်ရောက်မှုကြောင့် တခြားအရပ်သား ၃ ယောက်လည်း သေဆုံးခဲ့ရ

တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်မှာ အကြမ်းဖက်စစ်ကောင်စီက လူငယ် ၂ ယောက်ကို PDF အဖြစ် ဖမ်းဆီးစွပ်စွဲကာ ရက်ရက်စက်စက် လည်လှီးသတ်ဖြတ်ခဲ့ကြောင်း သိရပါတယ်။
Read More

စစ်ကောင်စီတပ်သားများ တပ်စွဲထားရာ တညောင်ဓာတ်အားခွဲရုံကို ဝင်ရောက်တိုက်ခိုက်၊ စစ်တပ် အရာရှိ ၂ ဦးနှင့် စစ်သား ၃၀ ဦးကျော် သေဆုံး

မကွေးတိုင်း၊ စလင်းမြို့နယ်မှာ အင်အား ၈၀ ခန့်နဲ့ စစ်ကောင်စီတပ် တပ်စွဲထားတဲ့ တညောင်ဓာတ်အားခွဲရုံကို ဝင်ရောက်တိုက်ခိုက်ရာ စစ်တပ်က အရာရှိ ၂ ယောက်နဲ့ စစ်သား အယောက် ၃၀ ကျော် သေဆုံးခဲ့တယ်လို့ ဗမာ့တပ်တော်က မနေ့က ညပိုင်းမှာ ထုတ်ပြန်ပါတယ်။
Read More

မတ္တရာမြို့နယ်ကို စစ်ကော်မရှင်တပ် လေကြောင်းဗုံးကြဲမှုကြောင့် ဒေသခံ ၃ ဦး သေဆုံး၊ ၃ ဦး ဒဏ်ရာရ

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်ကို အကြမ်းဖက်စစ်ကော်မရှင်တပ်က လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် အရပ်သားပြည်သူတွေ ထိခိုက်သေဆုံးမှု ရှိခဲ့တယ်လို့ Voice Of Mandalay အဖွဲ့ထံက သိရပါတယ်။