ပဲခူးတိုင်း၊ သာယာဝတီထောင်မှာ လုံလောက်တဲ့ ဆေးဝါးကုသခွင့်မရတာကြောင့် ပုဒ်မ ၅၀ (ဂ)၊ ၅၀ (ည) တို့ နဲ့ ထောင်ဒဏ် ၁၅ နှစ်ချမှတ်ခံရထားတဲ့ နိုင်ငံရေးအကျဉ်းသား ကိုဌေးအောင်ကျော် ကျဆုံးခဲ့တယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ အကျဉ်းသားများကွန်ရက် (PPNM) က ထုတ်ပြန်ထားပါတယ်။
ကိုဌေးအောင်ကျော်ကို ပြီးခဲ့တဲ့ ၂၀၂၁၊ ဒီဇင်ဘာလ ၅ ရက်နေ့က ဘားအံမြို့မှာ ဖမ်းဆီးခံရချိန်ကနေ စတင်ပြီး စစ်ကောင်စီက ညှဉ်းပန်းနှိပ်စက်မှုတွေ လုပ်ခဲ့ပြီး ဘားအံ၊ တောင်ကလေး အကျဉ်းထောင်ကို ပို့ဆောင်းခဲ့တယ်လို့ သိရပါတယ်။
အဲဒီနောက် တောင်ကလေးအကျဉ်းထောင်ကတဆင့် ကျိုက်မရောအကျဉ်းထောင်ကို ၂၀၂၂ ခုနှစ်မှာ ပြောင်းရွှေ့ခံခဲ့ရပြီး သာယာဝတီအကျဉ်းထောင်ကို ထပ်မံ ပြောင်းရွှေ့ခံခဲ့ရပြန်ပါတယ်။
ရောဂါပြင်းထန်လာတဲ့ ကိုဌေးအောင်ကျော်ကို ၂၀၂၄၊ ဇူလိုင်လမှာ ပြင်ပဆေးရုံကို ပို့ဆောင်ပေးခဲ့ပြီး စက်တင်ဘာလမှာတော့ ပြန်လည်သက်သာလာပြီဆိုပြီး သာယာဝတီထောင်ကို ပြန်ခေါ်လာခဲ့တယ်လို့ သိရပါတယ်။
ထောင်ထဲ ပြန်ရောက်ပြီး ၂ပတ်ကျော်အကြာမှာပဲ အသဲရောဂါ ပိုမိုဆိုးရွားလာတာကြောင့် ထောင်ပြင်ပဆေးရုံမှာ ပြန်လည်ပို့ဆောင် ကုသရန်လိုအပ်တဲ့ အချိန်မှာ အချိန်မှီ ပို့ဆောင်ပေးခဲ့ခြင်းမရှိတဲ့အတွကိ အောက်တိုဘာ ၁၃ ရက် ညနေ ၆နာရီ ၂၀ မိနစ်အချိန် ပြင်ပဆေးရုံသို့ အရောက်မှာပဲ သတိလစ်မေ့မျောကာ ပြန်လည်နိုးထလာခြင်းမရှိတော့ဘဲ သေဆုံးသွားတယ်လို့ သိရပါတယ်။
၂၀၂၄ခုနှစ် ဇန်ဝနဝါရီလကနေ အောက်တိုဘာလ (၁၅) ရက်နေ့အထိ အကျဉ်းထောင်အတွင်း ဆေးဝါးစောင့်ရှောက်မှု လုံလောက်စွာမရရှိတာကြောင့် သေဆုံးခဲ့ရတဲ့ နိုင်ငံရေးအကျဉ်းသား၊ အကျဉ်းသူ အရေအတွက်ဟာ ကိုဌေးအောင်ကျော်အပါအဝင် (၁၄)ယောက်အထိ ရှိနေပြီလို့ PPNM က ထုတ်ပြန်ထားပါတယ်။
(ပုံဟောင်းကို အသုံးပြုထားပါတယ်)
0 Shares:
You May Also Like
Read More

မတ္တရာ-ဆည်တော်လမ်းပိုင်းမှာ စစ်ကောင်စီဆီက သိမ်းဆည်းရမိတဲ့ Canter ကားကို ပိုင်ရှင်ဖြစ်သူဆီ မိုး​ကြိုးစစ်ကြောင်း၊ တိုက်နယ်-၃ ၊ ပကဖ ပြန်လည်အပ်နှံ…

ရှမ်း- မန်းစစ်ဆင်ရေးအတွင်း ​အကြမ်းဖက်စစ်ကြောင်းကို ဖြတ်တောက်တိုက်ခိုက်ရာက သိမ်းဆည်းရရှိခဲ့တဲ့ Canter ကားကို မူရင်းပိုင်ရှင်ဖြစ်သူဆီ ပြန်လည်ပေးအပ်ခဲ့တယ်လို့ မိုးကြိုးစစ်ကြောင်း၊ တိုက်နယ် (၃) ပကဖ တာဝန်ခံက မောင်းသတင်းဌာနကို ပြောပါတယ်။
Read More

နောင်ချိုမြို့မှာ စစ်ကောင်စီက ဂျက်လေယာဥ်နဲ့ ဒီမနက်မှာ နှစ်ကြိမ်လာရောက်ဗုံးကြဲတိုက်ခိုက်လို့ ကလေး(၂) ယောက် အပါ (၃) ယောက် သေဆုံးပြီး (၃) ယောက် ဒဏ်ရာရ…

ရှမ်းပြည်နယ်မြောက်ပိုင်းက နောင်ချိုမြို့နယ်အတွင်း အောက်တိုဘာလ ၁၉ ရက် ဒီနေ့ မနက်ပိုင်းမှာ စစ်ကောင်စီတပ်က ဂျက်လေယာဥ်နဲ့ (၂)ကြိမ် လာရောက်ဗုံးကြဲတိုက်ခိုက်မှုကြောင့် ကလေး(၂) ယောက် အပါအဝင် (၃) ယောက် သေဆုံးပြီး (၃) ယောက် ထိခိုက်ဒဏ်ရာ အပြင်းအထန်ရရှိကာ နေအိမ်(၁၇)လုံး ထိခိုက်ပျက်စီးခဲ့တယ်လို့ တအာင်းတပ်မတော် TNLA က ထုတ်ပြန်ထားပါတယ်။
Read More

တနင်္သာရီမြို့မှ မြိတ်မြို့ကို ဒဏ်ရာရစစ်သားများ သယ်ဆောင်လာသော စစ်ကား ၂ စီးကို မိုင်းဆွဲပြီး လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်…

တနင်္သာရီတိုင်း၊ တနင်္သာရီမြို့ကနေ မြိတ်မြို့ကို ဒဏ်ရာရစစ်သားတွေ သယ်ဆောင်လာတဲ့ စစ်ကား ၂ စီးကို မိုင်းဆွဲပြီး လက်နက်ငယ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ တနင်္သာရီမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပ.က.ဖ) က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

အာဇာနည်နေ့ အထိမ်းအမှတ် စစ်ကောင်စီအထိုင်စခန်းကို ၆၀ မမ စိန်ပြောင်း၊ ၄၀ မမ ဗုံးသီးများဖြင့် ပစ်ခတ်တိုက်ခိုက် (ရုပ်/သံ)

မနေ့ကကျရောက်တဲ့ အာဇာနည်နေ့ အထိမ်းအမှတ်အဖြစ်  ပခုက္ကူမြို့နယ် အရှေ့ဘုန်းကံရွာမှာ  အထိုင်ချတပ်စွဲထားတဲ့ စစ်ကောင်စီတပ်စခန်းကို အဝေးပစ် ၆၀ မမစိန်ပြောင်းအပြင် ၄၀ မမ ဗုံးသီးများနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ Southern YSO PDF  က ဒီကနေ့ ထုတ်ပြန်ပါတယ်။
Read More

ပုသိမ်-မုံရွာလမ်းပေါ် က ၃ မိုင်ဂိတ်အနီးမှာ တိုက်ပွဲဖြစ်ရာ စစ်ကောင်စီတပ်သား ၁၀ ယောက်သေဆုံးဟုဆို…

မကွေးတိုင်း ၊ မင်းဘူးမြို့နယ်၊ ပုသိမ်-မုံရွာလမ်းပေါ်က ၃မိုင်ဂိတ်အနီးမှာ စစ်ကြောင်းထွက်လာတဲ့အကြမ်းဖက်စစ်တပ်နဲ့ ပြည်သူ့ကာကွယ်ရေးတပ်တွေထိတွေ့မှုဖြစ်ပြီး စစ်ကောင်စီတပ်သား ၁၀ ယောက် သေဆုံးခဲ့တယ်လို့ မင်းဘူးခရိုင် အမှတ် - ၆ တပ်ရင်းတာဝန်ရှိသူက မောင်းသတင်းဌာနကို ပြောပါတယ်။
Read More

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်မှာ စစ်ဘက်ဆိုင်ရာ ကျင့်ဝတ်စည်းကမ်း သင်တန်း ပို့ချ

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်မှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေနဲ့ ရပ်ရွာလူထုကို လူ့အခွင့်အရေးတာဝန်ခံ ဦးဆောင်ပြီး စစ်ဘက်ဆိုင်ရာ ကျင့်ဝတ်စည်း ကမ်းသင်တန်းကို ပို့ချပေးခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၊ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနက မနေ့က ထုတ်ပြန်ပါတယ်။