မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ်၊ ၈၁လမ်းနဲ့ ၈၂လမ်းကြား၊ ၂၈လမ်းမကြီးပေါ်က ဦးကိုလေး ကားပစ္စည်းအရောင်းဆိုင်မှာ ဒယ်လီ လာပို့သူတွေကနေ လုယက်ဓားပြတိုက်သွားကြောင်း မန္တလေးမြို့ခံတွေဆီက သိရပါတယ်။
မုန့်ဟင်းခါးကို ဒယ်လီနဲ့မှာစားခဲ့ရာကနေ ဒယ်လီလာပို့တဲ့ အမျိုးသား၃ယောက်က ဓားနဲ့ထောက်ပြီး ရွှေထည်ပစ္စည်းတချို့နဲ့ ကျပ်ငွေ ၃သိန်း ယူဆောင်သွားတယ်လို့ သိရပါတယ်။
“မုန့်ဟင်းခါးလာပို့တာ အမျိုးသား၃ဦး Mask တွေတပ်ထားတယ်။ ဒယ်လီလာပို့တယ်ဆိုလို့ ထွက်ယူတဲ့အချိန်မှာ ဒယ်လီလာပို့တဲ့ အမျိုးသားတစ်ဦးက ဓားရှည်တစ်ချောင်းကိုင်ထားပြီး ဆိုင်ပိုင်ရှင်အမျိုးသမီးနဲ့ သမီးဆီကနေ တစ်ကျပ်သား ဆွဲကြိုး ၁ကုံး၊ တစ်ကျပ်သား လက်ကောက်၃ကွင်းနဲ့ ငွေကျပ်၃သိန်းကို တောင်းယူပြီး ထွက်ပြေးသွားတယ်” လို့ မန္တလေးမြို့ခံ တစ်ယောက်က ပြောပါတယ်။
“ဒီနေ့ နေ့လည် ၁၂နာရီလောက်မှာ ဖြစ်သွားတာပါ။ ဓားပြတိုက်လုယက်တဲ့အဖွဲ့က ဓားနဲ့ရွယ်ပြီးအတင်းအဓမ္မ ရွှေထည်တွေချွတ်ခိုင်းတာ။ ဦးကိုလေးရဲ့အမျိုးသမီးလက်ကောက်ဝတ်မှာပါ ဓားဒဏ်ရာရရှိသွားခဲ့တယ်” လို့ အထက်ပါမြို့ခံက ဆက်ပြောပါတယ်။
ဓားပြမှုဖြစ်ပွါးပြီး သိပ်မကြာခင်မှာ အကြမ်းဖက် စစ်ကောင်စီတပ်နဲ့ ရဲတွေ ရောက်လာပြီး စစ်ဆေးမေးမြန်းမှုတွေ လုပ်ကာ ပြန်ထွက်သွားကြောင်း ဒေသခံတွေဆီက သိရပါတယ်။
(ပုံဟောင်းကို အသုံးပြုထားပါတယ်)
ဓာတ်ပုံ – CJ
0 Shares:
You May Also Like
Read More

၂၀၂၅ ခုနှစ် ၈လတာအတွင်း အကြမ်းဖက်စစ်တပ် အကြိမ် ၃၃၀၀ ကျော် လေကြောင်းတိုက်ခိုက်၊ ငလျင်အပြီး အပစ်ရပ်ထားသည့် ဧပြီလတွင် စံချိန်တင် အများဆုံး တိုက်ခိုက်ခဲ့

၂၀၂၅ ခုနှစ်ရဲ့ ၈ လတာ ကာလအတွင်း အကြမ်းဖက်စစ်တပ်က လေကြောင်းကနေ အကြိမ်‌ရေ ၃,၃၀၀ ကျော် တိုက်ခိုက်ခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က စက်တင်ဘာ ၄ ရက် ဒီနေ့မှာ ထုတ်ပြန်ပါတယ်။
Read More

ရေဦးမြို့နယ်အတွင်း စစ်ကြောင်းထိုးနေသည့် စစ်အုပ်စုကို ဒရုန်းဖြင့်ဗုံးကြဲ၊ ဗိုလ်အပါ ၅ ဦး ပြင်းထန်ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ခန္တီးမြို့ အခြေစိုက် စစ်ကောင်စီတပ်က ပြည်သူ့စစ် ၁ ယောက်ဟာ သေနတ်မပါဘဲ လက်နက်မဲ့ အလင်းဝင်ခဲ့လာတယ်လို့ ခန္တီးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) ဆီက သိရပါတယ်။
Read More

ချင်းတော်လှန်ရေးအင်အားစုတွေ အချင်ချင်း သဘောထား မတိုက်ဆိုင်ရင် လက်နက်ကိုင်ဖြေရှင်းနည်းကို အသုံးမပြုဖို့ သဘောတူညီမှုရရှိ

ချင်းတော်လှန်ရေး အင်အားစုတွေအချင်းချင်း သဘောထားချင်း မတိုက်ဆိုင်တဲ့အခါ လက်နက်ကိုင်ဖြေရှင်းနည်းကို အသုံးမပြုရန် သဘောတူညီမှုရရှိခဲ့ကြောင်း Chinland Information Centre က စက်တင်ဘာ ၂၁ ရက်မှာ အသိပေးထုတ်ပြန်ပါတယ်။
Read More

လောင်းလုံးမြို့နယ်၊ မောင်းမကန်ရဲစခန်းကို ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ရာ စစ်ကောင်စီတပ်သား ၃ ယောက် သေပြီး ၆ ယောက်ထက်မနည်း ဒဏ်ရာရ

တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်၊ မောင်းမကန်ရဲတပ်စခန်းမှာ တပ်စွဲထားတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်ကို ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ရာ စစ်တပ်က ၃ ယောက် သေပြီး ၆ ယောက်ထက်မနည်း ဒဏ်ရာရခဲ့တယ်လို့ Tavoy People Liberation Force - TPLF အဖွဲ့ဆီက သိရပါတယ်။
Read More

စစ်အာဏာရှင် အဆက်ဆက် ကျင့်သုံးအောင်မြင်ခဲ့သည့် သွေးခွဲနည်းကို ကျော်ဖြတ်နိုင်လျှင် စစ်အာဏာရှင်ကို အနိုင်ရမည်ဟု PDF အမှတ်(၂) စစ်ဆင်ရေးနယ်မြေ စစ်ဆင်ရေးမှူး ပြောကြား

စစ်အာဏာရှင် အဆက်ဆက် ကျင့်သုံးအောင်မြင်ခဲ့တဲ့ တော်လှန်ရေးဘက်တော်သား အချင်းချင်း သွေးကွဲစေမယ့် နောက်ဆုံးစည်းကို ကျော်ဖြတ်နိုင်ရင် စစ်အာဏာရှင်ကို အနိုင်ရမယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ အမှတ်(၂) စစ်ဆင်ရေးနယ်မြေ စစ်ဆင်ရေးမှူး ရဲဘော်တင်ဦးက ပြောကြားခဲ့ကြောင်း တောင်ပိုင်းစစ်ဒေသ၊ အမှတ် ၂ စစ်ဒေသခွဲက ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

နမခကို ရော့ကတ်များဖြင့် ၂ ကြိမ် တိုက်ခိုက်ခဲ့မှုတွင် အရာရှိ ၃ ဦးနှင့် စစ်သား ၅ ဦး ပွဲချင်းပြီး သေ၊ ၇ ဦး အပြင်းအထန် ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်အခြေစိုက် အနောက်မြောက်တိုင်း စစ်ဌာနချုပ် (နမခ) ကို ရော့ကတ်တွေနဲ့ နှစ်ကြိမ်ပစ်ခတ်တိုက်ခိုက်မှုမှာ အရာရှိတွေ အပါအဝင် အကြမ်းဖက်စစ်သား (၈) ယောက် သေဆုံးပြီး ထိခိုက်ဒဏ်ရာ ပြင်းထန်သူတွေလည်း ရှိခဲ့တယ်လို့ Chindwin Rocket Brothers-CRB အဖွဲ့တာဝန်ရှိသူက မောင်းကို ပြောပါတယ်။