စစ်ကိုင်းမြို့၊ မင်းကွန်းဒေသမှာ လက်ဖက်ရည်ဆိုင်ထိုင်နေတဲ့ ရဲတွေပစ်ခတ်ခံရပြီးနောက် အရပ်သားထိခိုက်မှုတွေ ရှိခဲ့တာနဲ့ပတ်သက်လို့ မစ်ရှင်ဖော်ဆောင်ခဲ့တဲ့ အဖွဲ့တွေအနေနဲ့ တာဝန်ယူမှုတာဝန်ခံမှု ရှိရမယ်လို့ မင်းကွန်း PDF အဖွဲ့က ထုတ်ပြန်ထားပါတယ်။
အောက်တိုဘာ ၁၆ရက်၊ မနေ့ကမနက်အစောပိုင်းက မင်းကွန်းတိုက်နယ်၊ ကားလမ်းဘေး၊ မယ်တော်ကြီးဘုရားရှေ့ လက်ဖက်ရည်ဆိုင်မှာ ထိုင်နေကြတဲ့ ရဲတပ်ဖွဲ့ဝင်တွေကို တော်လှန်ရေးတပ်ဖွဲ့ဝင်တချို့က ဝင်ရောက်ပစ်ခတ်မှုဖြစ်ခဲ့ပြီး ရဲတပ်ဖွဲ့ဝင် ၃ယောက် သေဆုံးခဲ့ပါတယ်။
အဲ့ဒီနောက် အခင်းဖြစ်တဲ့နေရာကို အကြမ်းဖက်စစ်ကောင်စီတပ်တွေ ရောက်လာပြီး ရမ်းသမ်းပစ်ခတ်တာတွေရှိခဲ့တာကြောင့် ကလေးငယ် ၁ယောက်အပါအဝင် အရပ်သား ၄ယောက်လည်း ပစ်ခတ်မှုထဲ ထိခိုက်ဒဏ်ရာရထားတယ်လို့ သိရပါတယ်။
“ထိတဲ့အရပ်သား၄ယောက်မှာ ၂ယောက်က အသက်အန္တရာယ်စိုးရိမ်နေရတယ်။ အဲ့ထဲ ကလေးငယ်လည်းပါတယ်။” လို့ Mingun People’s Defence Force တာဝန်ရှိသူတစ်ယောက်က မောင်းကိုပြောပါတယ်။
ဒါ့အပြင် အကြမ်းဖက်စစ်ကောင်စီတပ်က အခင်းဖြစ်ပွားခဲ့တဲ့ လက်ဖက်ရည်ဆိုင်နဲ့ အနီးအနားနေအိမ်တွေကိုလည်း မီးရှို့ဖျက်ဆီးခဲ့သေးတယ်လို့ သိရပါတယ်။
အခုလို လူစည်းကားရာနေရာမှာ နယ်မြေခံအဖွဲ့အစည်းတွေကို အကြောင်းမကြားဘဲ မစ်ရှင်လုပ်ဆောင်ခဲ့တဲ့အတွက် အရပ်သားထိခိုက်မှုတွေရှိခဲ့တဲ့အပေါ် လုပ်ဆောင်ခဲ့တဲ့သက်ဆိုင်ရာအဖွဲ့တွေအနေနဲ့လည်း တာဝန်ယူမှုတာဝန်ခံမှုရှိရမယ်လို့ မင်းကွန်းPDF က ထုတ်ပြန်ထားပါတယ်။
” ပစ်ခတ်မှုဖြစ်တဲ့နေရာက လူအရမ်းစည်ပါတယ်။ ဘယ်လိုနေနေ အရပ်သားက ထိခိုက်မှာပါ။ မစ်ရှင်ကို ပြီးစလွယ်ဖော်ဆောင်ခဲ့ပြီး တာဝန်ယူမှု တာဝန်ခံမှု မရှိလို့ အခုလိုသတင်းထုတ်ပြန်တာပါ။ လုပ်ခဲ့တဲ့အဖွဲ့တွေကိုတော့ ကျနော်တို့ အခုထုတ်မပြောသေးပါဘူး။ ကျနော်တို့ဘက်က ဆက်သွယ်ထားပေမယ့် သူတို့ဘက်က ဖုန်းတွေကို ပိတ်ထားပါတယ်။ ကျနော်တို့ကတော့ သူတို့တာဝန်ယူတဲ့အထိ ဆက်သွားမှာပါ။” လို့ Mingun People’s Defence Force တာဝန်ရှိသူ ၁ယောက်က မောင်းကိုပြောပါတယ်။
ဒါ့အပြင် ဒီဖြစ်စဥ်အပေါ် NUG ရဲ့ကာကွယ်ရေးဝန်ကြီးဌာနဆီ စာပို့ပြီး ဖြေရှင်းပေးဖို့ တောင်းဆိုထားတယ်လို့လည်း Mingun People’s Defence Force က ဆိုပါတယ်။
မင်းကွန်းပုထိုးတော်ကြီးနဲ့ မြသိန်းတန်ဘုရားရှိရာ မင်းကွန်းဒေသမှာ မကြာခဏဆိုသလို ပြောက်ကျားဝင်ရောက်တိုက်ခိုက်မှုတွေရှိပြီး ပြီးခဲ့တဲ့လတွေတုန်းကလည်း လက်ဖက်ရည်ဆိုင်ထိုင်နေတဲ့စစ်အုပ်စုတွေ ပစ်ခတ်ခံခဲ့ရပါသေးတယ်။
0 Shares:
You May Also Like
Read More

KNDF တပ်ရင်းအမှတ် (၁၇) ရဲ့ (၃) နှစ်ပြည့် တပ်ရင်းမွေးနေ့အခမ်းအနား… (ဓာတ်ပုံသတင်း)

ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) တပ်ရင်းအမှတ် ( ၁၇ ) တည်ထောင်ခဲ့ခြင်း ( ၃ ) နှစ်ပြည့် တပ်ရင်းမွေးနေ့အခမ်းအနားကို နိုဝင်ဘာလ(၃၀) ရက်က ကရင်နီပြည် ၊ ရှားတောမြို့နယ် တစ်နေရာရာမှာ ကျင်းပပြုလုပ်ခဲ့တယ်လို့ အဆိုပါတပ်ရင်းက ထုတ်ပြန်ပါတယ်။
Read More

တကသများ-ရန်ကုန်နဲ့ ကျောင်းသားလက်ရုံးတပ်တော်က ယင်းမာပင်မြို့နယ်အတွင်း ကျန်းမာရေးစောင့်ရှောက်မှုပေး (ဓာတ်ပုံသတင်း)

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်မှာ ရန်ကုန်အခြေစိုက်တက္ကသိုလ်ကျောင်းသားများသမဂ္ဂ ( တကသများ-ရန်ကုန်) နဲ့ ကျောင်းသားလက်ရုံးတပ်တော်က ရွေ့လျားဆေးပေးခန်း ဖွင့်လှစ်ကာ ဒေသခံလူထုကို ကျန်းမာရေးစောင့်ရှောက်မှု ပေးခဲ့တယ်လို့ သိရပါတယ်။
Read More

ရိက္ခာပိုင်း မပြည့်မစုံဖြစ်နေသည့် အရှိုချင်းကာကွယ်ရေးတပ် (ACDF) ၏ အပတ်စဉ် (၆) အခြေခံစစ်ပညာသင်တန်း

အရှိုချင်းကာကွယ်ရေးတပ် (ACDF) ရဲ့ အပတ်စဉ် (၆) အခြေခံစစ်ပညာသင်တန်း ပြုလုပ်နေရာ ​အခြေခံစစ်ပညာသင်တန်းမှာ တက်ရောက်သင်ယူနေတဲ့ ရဲဘော်ရဲမေတွေအနေနဲ့ စစ်သင်တန်းရဲ့ ခက်ခဲကြမ်းတမ်းတဲ့ လေ့ကျင့်မှုတွေအပြင် အစားအသောက်နဲ့ ရိက္ခာပိုင်းဆိုင်ရာ မပြည့်စုံတဲ့ အခက်အခဲတွေ ရှိနေတယ်လို့ သိရပါတယ်။
Read More

မြိုင် စက်မှု (၂) ဘက် ထွက်ခွာလာသည့် စစ်အုပ်စု မိုင်းမိပြီး ထိခိုက်သူများ ရှိ

မကွေးတိုင်း၊ မြိုင် စက်မှု (၂) ဘက်ကို ထွက်ခွာလာတဲ့ စစ်ကော်မရှင်တပ်သားတွေ မိုင်းနင်းမိတဲ့အတွက် ထိခိုက်ဒဏ်ရာရသူတွေ ရှိခဲ့ကြောင်း အညာမြေတပ်ပေါင်းစုထံက သိရပါတယ်။
Read More

မင်းတုန်းမှာ သန်းခေါင်စာရင်းကောက်ဖို့ နယ်မြေရှင်းလင်းရေးလုပ်ပေးတဲ့ စစ်အုပ်စုတွေ မိုင်းဆွဲခံရပြီး ၈ ယောက်သေ

မကွေးတိုင်း၊ မင်းတုန်းမြို့နယ်မှာ သန်းခေါင်စာရင်းကောက်ယူနိုင်ဖို့ နယ်မြေရှင်းလင်းရေးလုပ်ဆောင်နေတဲ့ အကြမ်းဖက်စစ်အုပ်စုတွေ မိုင်းဆွဲတိုက်ခိုက်ခံရပြီး ၈ယောက်သေကာ ထိခိုက်ဒဏ်ရာရသူတွေလည်းရှိခဲ့တယ်လို့ သိရပါတယ်။
Read More

တောင်ခမ်းတိုက်ပွဲတစ်ခုအတွင်း ပြန်ဆုံတဲ့ ဆန့်ကျင်ဘက် ယူနီဖောင်းဝတ် ညီအစ်ကိုအရင်း

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့နယ် ၊ တောင်ခမ်းဒေသမှာ တိုက်ပွဲ အပြင်းအထန် ဖြစ်ပွားနေရာ ဖေဖော်ဝါရီ ၄ ရက် ဒီနေ့မှာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၅ ယောက်ကို ဖမ်းမိခဲ့တယ်လို့ ဓနုပြည်သူ့လွတ်မြောက်ရေးတပ်တော် (DPLF/DPLA) က သတင်းဖော်ပြထားပါတယ်။