ပြည်သူ့ဒီမိုကရက်တစ်အဖွဲ့ /ပြည်သူ့ဒီမိုကရက်တစ်တပ်တော် (PDO/PDA) နဲ့ ပြည်သူ့တော်လှန်ရေးတပ်ဦး (PRF) တို့ရဲ့ တပ်ဖွဲ့ဝင်တွေ ပူးပေါင်းကာ ၂၀၂၄ နှစ်စပိုင်းမှာ စတင်ဖွဲ့စည်းခဲ့တဲ့ အမှတ်() စစ်ကြောင်း (ပထမသက်တမ်း) ပုံရိပ်တွေကို အဆိုပါစစ်ကြောင်းက ဒီနေ့မှာ ထုတ်ပြန်ဖော်ပြလာပါတယ်။

၂၀၂၄ ဧပြီလအထိ လျှို့ဝှက်စွာ စစ်ရေးလှုပ်ရှားခဲ့တဲ့ အမှတ် () စစ်ကြောင်းရဲ့ စစ်ကော်မရှင်အနေနဲ့ လူထုစည်းရုံးရေး၊ ဝါဒဖြန့်ချိရေးနဲ့ မဟာမိတ်ဆက်ဆံရေးလုပ်ငန်းတွေနဲ့ လူထုလှုပ်ရှားမှုတွေကို အကောင်အထည်ဖော်ဆောင်ရွက်သွားမယ်လို့ ဆိုပါတယ်။

အမှတ် () စစ်ကြောင်းရဲ့ စစ်ရေး လုပ်ငန်းစဥ်အဖြစ်လည်း ထိုးစစ်ဆင်တိုက်ခိုက်ခြင်း၊ လျှပ်တပြတ်စစ်ဆင်ခြင်း၊ အလစ်အငိုက်တိုက်ခိုက်ခြင်း၊ ရန်သူရဲ့ ခံစစ်နေရာတွေကို တိုက်ခိုက်ခြင်း စတဲ့ပြောက်ကျားစစ်ဆင်ရေးတွေကို စစ်ကြောင်းရဲ့ တပ်မှူးနဲ့ ဒုတပ်မှူးတို့က ဦးဆောင်သွားမယ်လို့ သိရပါတယ်။

 

အမှတ်()စစ်ကြောင်း (ပထမသက်တမ်းကာလ) က မဖော်ပြခဲ့တဲ့ မှတ်တမ်းပုံရိပ်များ (ဓာတ်ပုံ အမှတ် () စစ်ကြောင်း Facebook)

0 Shares:
You May Also Like
Read More

ညောင်လေးပင်ခရိုင်မှာ ၄ ရက်အတွင်း စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးနဲ့ ဒရုန်းပစ်ခတ်မှုအပါ စစ်ကြောင်းထိုးဝင်ရောက်မှုကြောင့် ပြည်သူ ၂,၅၀၀ ကျော် စစ်ဘေးရှောင်နေရ

ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင်မှာ ဒီဇင်ဘာလ (၅)ရက်ကနေ (၈)ရက်အထိ (၄) ရက်အတွင်း အကြမ်းဖက်စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးနဲ့ ဒရုန်းပစ်ခတ်မှုအပါ စစ်ကြောင်းထိုးဝင်ရောက်မှုကြောင့် ဒေသခံ ၁ ယောက် ထိခိုက်ဒဏ်ရာရပြီး ပြည်သူ ၂,၅၀၀ ကျော် စစ်ဘေးရှောင်နေရတယ်လို့ ကရင်အမျိုးသားအစည်အရုံး - KNU(ဗဟို) က ထုတ်ပြန်ထားပါတယ်။
Read More

နမခအတွင်းက တိုင်းစစ်ရုံးနှင့် ရဟတ်ယာဉ်ကွင်းတို့ကို ရှော့တိုက်ဒုံး ၂လုံးဖြင့် အောင်မြင်စွာ ပစ်ခတ်နိုင်ခဲ့

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ အနောက်မြောက်တိုင်း စစ်ဌာနချုပ် (နမခ) အတွင်းကို ၁၀၇ မမ ရှော့တိုက်ဒုံး ၂ လုံး အောင်မြင်စွာ ပစ်ခတ်တိုက်ခိုက်နိုင်ခဲ့တယ်လို့ Brave Warriors for Myanmar (BWM) က သတင်းထုတ်ပြန်ထားပါတယ်။ 
Read More

ကနီမြို့နယ်၊ ချောင်းမရွာ တိုက်ပွဲမှ အောင်ပွဲဖြင့် ပြန်လာသည့် BLDF ရဲဘော်များကို ပြည်သူများ ဂုဏ်ပြုကြိုဆို

စစ်ကိုင်းတိုင်း၊ ကနီမြို့နယ် ချောင်းမရွာ တိုက်ပွဲကနေ အောင်ပွဲနဲ့ ပြန်လာတဲ့ ဗမာလွတ်မြောက်ရေးဒီမိုကရက်တစ်တပ်ဦး (BLDF) ရဲဘော်တွေကို ပြည်သူတွေ ဂုဏ်ပြုကြိုဆိုခဲ့တယ်လို့ အဆိုပါတပ်ဖွဲ့က ထုတ်ပြန်ပါတယ်။
Read More

KNDF တပ်ရင်းအမှတ် (၂၂) မှ တပ်ရင်းရှိ ရဲဘော်အားလုံးအတွက် စစ်ယူနီဖောင်း တပ်ဆင်ပေးခဲ့

ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) တပ်ရင်းအမှတ် (၂၂) အနေနဲ့ တပ်တွင်းရှိ တပ်ဗိုလ်၊ တပ်မှူးတွေနဲ့ ရဲဘော်တွေ အားလုံးအတွက် စစ်ယူနီဖောင်းတွေကို တပ်ဆင်ဝေမျှပေးခဲ့တယ်လို့ ဒီနေ့မှာ ထုတ်ပြန်ပါတယ်။
Read More

သဲကုန်းမြို့အဝင်အထွက် စစ်ကောင်စီစစ်ဆေးရေးဂိတ်ကို ပေါင်းတည် PDF တိုက်ခိုက်၊ ၄ ဦး သေဆုံးဟု ဆို

ပဲခူးတိုင်း၊ သဲကုန်းမြို့ မြို့အဝင်အထွက် စစ်ကောင်စီတပ်စစ်ဆေးရေးဂိတ်ကို ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ၄ ယောက် သေဆုံးခဲ့တယ်လို့ ပြည်ခရိုင် တပ်ရင်း (၃၆၀၁ ) - ပေါင်းတည်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ထုတ်ပြန်ပါတယ်။
Read More

စလင်း ပကဖ နှင့် ပြည်သူများ ပူးပေါင်း လမ်းပြုပြင် (ဓာတ်ပုံသတင်း)

စလင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ ရဲဘော်တွေနဲ့ ဆေးတပ်သား ရဲမေတွေဟာ ပြည်သူလူထုနဲ့ ပူးပေါင်းပြီး ကျေးရွာအတွင်း အများပြည်သူ သွားလာရခက်ခဲနေတဲ့ လမ်းတွေကို ၃ ရက်ဆက်တိုက် ပြုပြင်မွမ်းမံ လမ်းပြင်လုပ်အား ဒါနပြုခဲ့တယ်လို့ စလင်းပကဖက ထုတ်ပြန်ထားပါတယ်။