ကျောင်းသားလက်ရုံးတပ်တော် – SAF က ရဲဘော် Eric ကျဆုံးမှု အမိန့်ပြန်တမ်းဖတ်ကြားခြင်းနဲ့ သင်္ဂြိုဟ်ခြင်းအခမ်းအနားကို အောက်တ်ိုဘာလ ၁၆ ရက်‌ ဒီနေ့မှာ ပြုလုပ်ခဲ့တယ်လို့ အဆိုပါတပ်ဖွဲ့က ထုတ်ပြန်ပါတယ်။

SAF က ရဲဘော် Eric ဟာ အောက်တိုဘာလ ၁၅ ရက် မနေ့က မနက်ပိုင်းမှာ တော်လှန်ရေးတာဝန်များကို ထမ်းဆောင်ရင်း အသက်ပေးလှူကျဆုံးခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

ရဲဘော် Eric အနေနဲ့ ကျောင်းသားလက်ရုံးတပ်တော်က ပေးအပ်တဲ့ အမိန့်နဲ့ တာဝန်တွေကို ကိုယ်စွမ်း၊ ဉာဏ်စွမ်းရှိသမျှ ဇွဲ၊ လုံ့လ စိုက်ထုတ်ကာ မမှိတ်မသုန် ကျေပွန်စွာ ထမ်းဆောင်ခဲ့သူဖြစ်ပြီး  ရဲဘော် Eric ကျဆုံးခြင်းကို လေးမြတ်စွာ ဦးညွတ်အလေးပြုကြောင်း ကျောင်းသားလက်ရုံးတပ်တော်က ထုတ်ပြန်ထားပါတယ်။

 

မှတ်တမ်းဓာတ်ပုံများ (ဓာတ်ပုံ Student Armed Force – ကျောင်းသားလက်ရုံးတပ်တော်)

0 Shares:
You May Also Like
Read More

အညာမြေတပ်ပေါင်းစု စခန်းခွဲတစ်ခု လေကြောင်းတိုက်ခိုက်ခံရ၊ ရဲဘော် ၃ ဦး ကျဆုံး

အညာမြေတပ်ပေါင်းစု (MUGDF) ရဲ့ စခန်းခွဲတစ်ခုကို စက်တင်ဘာ ၂၈ ရက် မနေ့က ညနေပိုင်းမှာ အကြမ်းဖက်စစ်တပ်က လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် ရဲဘော် ၃ ယောက် ကျဆုံးခဲ့ရတယ်လို့ အညာမြေတပ်ပေါင်းစု ပြန်ကြားရေးတာဝန်ခံဆီက သိရပါတယ်။
Read More

၈၆ သိန်းကျော်အထိ အကျမရှိဘဲ တက်နေဆဲ မြန်မာ့ရွှေဈေးကွက်

မြန်မာ့ရွှေဈေးကွက်မှာ အခေါက်ရွေ တစ်ကျပ်သားကို ၈၆ သိန်းကျော်အထိ ကျဈေးမရှိဘဲ ဆက်လက်မြင့်တက်နေတယ်လို့ ရွှေကုန်သည်တွေဆီက သိရပါတယ်။ 
Read More

၂ လနီးပါး ကြာခဲ့တဲ့ ပင်လယ်ဘူးမြို့သိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီတပ်က စစ်သုံ့ပန်းတွေနဲ့ အလင်းဝင်သူတွေအပါ လက်နက် ၄၀၀ ကျော် သိမ်းဆည်းရမိ…

စစ်ကိုင်းတိုင်း၊ ပင်လည်ဘူးမြို့ကို တော်လှန်ရေးတပ်တွေ ၂ လနီးပါး ထိုးစစ်ဆင်တိုက်ခိုက်သိမ်းပိုက်ပြီးနောက် အကြမ်းဖက်စစ်ကောင်စီတပ်က စစ်သုံ့ပန်းတွေနဲ့ အလင်းဝင်သူတွေအပါ လက်နက်မျိုးစုံ ၄၀၀ ကျော် သိမ်းဆည်းရမိခဲ့တယ်လို့ စစ်ကိုင်းတိုင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့က ဒီနေ့မှာ တရားဝင်ထုတ်ပြန်ပါတယ်။
Read More

တော်လှန်ရေးတပ်များ ထိန်းချုပ်ထားပြီဖြစ်သည့် မင်းတပ်မြို့မှာ ပြန်လည်နေထိုင်မယ့် ပြည်သူများ ဘေးအန္တရာယ်ကင်းစေရန် ခွေးနှင့်ကြောင်များကို ကာကွယ်ဆေးထိုးပေး

ချင်းပြည်နယ်၊ မင်းတပ်မြို့ကို တော်လှန်ရေးတပ်တွေ အလုံးစုံထိန်းချုပ်ပြီးတဲ့နောက် ပြန်လည်နေထိုင်ကြမယ့် ပြည်သူတွေ ဘေးအန္တရာယ်ကင်းစေဖို့ ခွေးနဲ့ ကြောင်တွေကို မင်းတပ်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ကာကွယ်ဆေးထိုးနှံပေးခဲ့တယ်လို့ ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ကမ်းပါးနီ စစ်ကောင်စီစခန်းကို တော်လှန်ရေးတပ်တွေ သိမ်းပိုက်ပြီးနောက် တိုက်ပွဲ ဆက်လက်ပြင်းထန်နေ၊ ကလေး တောင်ပိုင်းက ဆေးရုံဆေးခန်းတွေကို စစ်ကောင်စီ လေကြောင်းတိုက်ခိုက်

စစ်ကိုင်းတိုင်း၊ ကလေးမြို့တောင်ပိုင်း၊ မဏိပူရ မူးမြစ်ကူးတံတားအနီးက ကမ်းပါးနီစစ်အုပ်စုစခန်းကို Chin Defense Force - KKG နဲ့ မဟာမိတ်တော်လှန်ရေးတပ်တွေ သိမ်းပိုက်ရရှိထားပြီး စစ်ကောင်စီတပ်နဲ့ ထိတွေ့တိုက်ပွဲတွေ ထပ်မံဖြစ်ပွားနေကြောင်း သိရပါတယ်။
Read More

စစ်ကိုင်းမြို့က ပျူအဖွဲ့တိုက်ခိုက်ခံရပြီး ပျူခေါင်းဆောင် နေလင်းအပါ ၇ဦး သေဆုံး

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့ပေါ်က ပျူခေါင်းဆောင် နေလင်း (ခ) ရဲဘော်ကြီးနဲ့ အပေါင်းအပါတွေ စီးနင်းလာတဲ့ယာဉ်ကို ဧပြီ ၂၀ ရက်မှာ ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ၇ ယောက်သေဆုံးသွားတယ်လို့ ယူနီကွန်း ပျောက်ကြားတပ်ဖွဲ့ထံက သိရပါတယ်။