မကွေးတိုင်း၊ ရေစကြိုမြို့နယ်မှာ စစ်ကောင်စီစစ်ကြောင်းကို ၂ ကြိမ် မိုင်းဆွဲတိုက်ခိုက်ရာ စစ်ကောင်စီတပ်သား ၁ ယောက် သေဆုံးပြီး ၂ ယောက် ပြင်းထန်ဒဏ်ရာရရှိခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ရေစကြိုမြို့နယ်က ထုတ်ပြန်ထားပါတယ်။

အောက်တိုဘာလ ၁၄ ရက် မနေ့က ရေစကြိုမြို့နယ်က စစ်ကောင်စီရဲ့ ခလရ ၂၅၆ က ထွက်လာတဲ့ အင်အား ၆၀ ခန့်ပါ စစ်ကြောင်းကို မနက်ပိုင်းမှာပဲ ပညင်းကျေးရွာနဲ့ ကံသစ်ကျေးရွာကြားအရောက် ပြည်သူ့ကာကွယ်ရေးရဲဘော်တွေ အသင့်စောင့်ဆိုင်း မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

အဲ့ဒီနေ့ မွန်းလွဲပိုင်းမှာပဲ အဲ့ဒီအကြမ်းဖက်စစ်ကြောင်းကို ကံသစ်ကျေးရွာနဲ့ ကြည့်ကန်ကျေးရွာကြားအရောက် နောက်ထပ်တစ်ကြိမ် ထပ်မံ မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

အဲ့ဒီ ၂ ကြိမ် မိုင်းဆွဲတိုက်ခိုက်မှုကြောင့် အကြမ်းဖက်စစ်ကောင်စီတပ်သား ၁ ယောက် သေဆုံးပြီး ၂ ယောက် အပြင်းအထန် ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

မိုင်းဆွဲတိုက်ခိုက်ခံရမှုကြောင့် အထိနာသွားတဲ့ အကြမ်းဖက်စစ်သားတွေဟာ ကံသစ်ကျေးရွာက အပြစ်မဲ့ပြည်သူတွေရဲ့ နေအိမ် ၁၀ လုံးခန့်ကို မီးရှို့ဖျက်ဆီးသွားပြီးနောက် တောင်အိုတာတိုင်စစ်ဆေးရေးဂိတ်ကို ရောက်ရှိသွားပြီဖြစ်တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ရေစကြိုမြို့နယ်က ထုတ်ပြန်ထားပါတယ်။

 

စစ်ကောင်စစ်တပ်၏ မီးရှို့ဖျက်ဆီးမှုများ (ဓာတ်ပုံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့- ရေစကြိုမြို့နယ်)

0 Shares:
You May Also Like
Read More

ဗမာလွတ်မြောက်ရေးဒီမိုကရက်တစ်တပ်ဦးရဲ့ အပတ်စဥ်(၃) အခြေခံစစ်ပညာသင်တန်း ပုံရိပ်များ (ဓာတ်ပုံသတင်း)

အညာဒေသ အခြေစိုက် တော်လှန်ရေးတပ်ဖွဲ့တစ်ဖွဲ့ဖြစ်တဲ့ ဗမာလွတ်မြောက်ရေး ဒီမိုကရက်တစ်တပ်ဦး ( BLDF ) က အပတ်စဥ်(၃) အခြေခံစစ်ပညာသင်တန်း ပြုလုပ်နေတဲ့ ပုံရိပ်တွေကို ထုတ်ပြန်ဖော်ပြလာပါတယ်။
Read More

အထူးစစ်ဆင်ရေးတပ်ဖွဲ့ – SOF ကို ပြည်သူတွေ အနွေးအင်္ကျီတွေအပါ အဝတ်အထည်တွေ လှူဒါန်းထောက်ပံ့ (ဓာတ်ပုံသတင်း)

ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ တောင်ပိုင်းစစ်ဒေသ၊ အထူးစစ်ဆင်ရေးတပ်ဖွဲ့ - SOF ကို တော်လှန်ပြည်သူတွေက အနွေးအင်္ကျီအပါအဝင် အဝတ်အထည်တွေ ထောက်ပံ့လှူဒါန်းခဲ့တယ်လို့ တောင်ပိုင်းစစ်ဒေသက ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ရန်ကုန် မြို့တော်ခန်းမရှေ့ အကြမ်းဖက်စစ်တပ်လုံခြုံရေးဂိတ် ဗုံးခွဲခံရ

ရန်ကုန်မြို့လယ်ခေါင်၊ မြို့တော်ခန်းမရှေ့မှာ လုံခြုံရေးယူထားတဲ့ အကြမ်းဖက်စစ်သားတွေ ဗုံးခွဲတိုက်ခိုက်ခံရပြီး စစ်အုပ်စုက ပိတ်ဆို့ရှာဖွေမှုတွေလုပ်ဆောင်ခဲ့ကြောင်း Freeland Attack Force (FLA) က ထုတ်ပြန်ပါတယ်။
Read More

ပုလောမှာ စစ်တပ်ရဲ့ ရွေးကောက်ပွဲကို ကူညီဆောင်ရွက်နေတဲ့ စစ်တပ်မိတ်ဖက် တစညပါတီဥက္ကဋ္ဌဖြစ်သူကို ဖမ်းဆီးရာ ခုခံသဖြင့် ရှင်းလင်းခဲ့ရဟုဆို

တနင်္သာရီတိုင်း၊ ပုလောမြို့နယ်၊ ကျောက္ကာကျေးရွာနယ်မြေအတွင်း စစ်တပ်ရဲ့ ရွေးကောက်ပွဲကို ကူညီပေးနေတဲ့ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ (တစည) ဥက္ကဋ္ဌဖြစ်သူကို တော်လှန်ရေးရဲဘော်တွေက သွားရောက်ထိန်းသိမ်းဖမ်းဆီးရာ သေနတ်လုယူခုခံတာကြောင့် ပစ်ခတ်ရှင်းလင်းလိုက်ရတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ မြိတ်ခရိုင်အမှတ် (၁)တပ်ရင်းက သတင်းထုတ်ပြန်လာပါတယ်။
Read More

(၁၆) ကြိမ်မြောက် ပြည်သူ့ဂုဏ်ရည်ဆုရရှိသူ ဒေါ်အောင်ဆန်းစုကြည်ကိုယ်စား သားငယ် ကိုထိန်လင်း ဆုလက်ခံ ရယူ

အမေရိကန်ပြည်ထောင်စု၊ တက္ကဆက်ပြည်နယ်၊ ဟူစတန်မြို့က ပြည်သူ့ဂုဏ်ရည်ဆု ပေးအပ်ပွဲအခမ်းအနားမှာ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရရှိခဲ့တဲ့ ပြည်သူ့ဂုဏ်ရည်ဆုကို သားငယ်ကိုထိန်လင်း(ခ) ကင်အဲရစ်က ကိုယ်စား လက်ခံရယူခဲ့တယ်လို့ သိရပါတယ်။
Read More

ချင်းပြည်ကာကွယ်ရေးတပ်ဖွဲ့ – မတူပီရဲ့ တပ်မဟာ (၁) က ၆ လပတ်အစည်းအဝေးနဲ့ တပ်တွင်းစည်းလုံးရေး ဘောလုံးပြိုင်ပွဲ ပြုလုပ်

ချင်းပြည်နယ်အခြေစိုက် ချင်းပြည်ကာကွယ်ရေးတပ်ဖွဲ့ - မတူပီ၊ တပ်မဟာ-၁ (ဆီနိုင်းတပ်ရင်း) က ၆ လပတ်အစည်းအဝေးနဲ့ တပ်တွင်းစည်းလုံးရေးအတွက် ဆီနိုင်းတိုက်နယ် ဘောလုံးပြိုင်ပွဲကို နိုဝင်ဘာလ ၄ ရက်နဲ့ ၅ ရက်မှာ ပြုလုပ်ခဲ့တယ်လို့ အဆိုပါတပ်ရင်းက ထုတ်ပြန်ထားပါတယ်။