ကချင်ပြည်နယ်၊ ချီဖွေမြို့နယ်၊ ပန်ဝါဒေသ နယ်ခြားစောင့်တပ်ဌာနချုပ်ကို ကချင်လွတ်လပ်ရေးတပ်မတော် KIA က သိမ်းပိုက်ထိန်းချုပ်လိုက်ပြီဖြစ်ကြောင်း ကချင်စစ်ရေးသတင်းအရင်းအမြစ်တွေမှာ ဖော်ပြလာပါတယ်။

ပန်ဝါဒေသ လောက်ပြေကျေးရွာအနီး စစ်ကောင်စီလက်အောက်ခံ ဦးဇခုန်တိန့်ယိန်းရဲ့  အမှတ် (၁၀၀၂) နယ်ခြားစောင့်တပ်ဌာနချုပ်ကို မနေ့က အောက်တိုဘာ ၁၄ရက် ညနေပိုင်းလောက်မှာ   KIA က တိုက်ခိုက် သိမ်းပိုက်လိုက်တာပါ။

ပန်ဝါမြို့နဲ့ ငါးမိုင်ခန့်အကွာက  (၁၀၀၂) နယ်ခြားစောင့်တပ်ဌာနချုပ် (လုတ်ပြေ) အား မနေ့က အောက်တိုဘာ ၁၄ ရက် မနက်ပိုင်းလောက်မှာ ထိုးစစ်အရှိန်မြှင့် တိုက်ခိုက်ခဲ့ရာ ညနေ ၆နာရီလောက်မှာ သိမ်းပိုက်နိုင်ခဲ့ပြီး သုံ့ပန်းနှင့် လက်နက်ခဲယမ်းများ ရရှိခဲ့တယ်လို့လည်း ကချင်စစ်ရေးသတင်းအရင်းအမြစ်က ဆိုပါတယ်။

စစ်ကောင်စီက ခံစစ်အတွက် နယ်ခြားစောင့်တပ်မကျစေဖို့ ပန်ဝါဒေသကို ဂျက်ဖိုက်တာ၊ Y12 လေယာဉ်တို့ဖြင့် လေကြောင်း တိုက်ခိုက်မှုများ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

KIA ဘက်ကတော့ စခန်းသိမ်းတိုက်ပွဲနဲ့ ပတ်သက်ပြီး တရားဝင် သတင်းထုတ်ပြန်လာခြင်း မရှိသေးပါဘူး။

KIA ဟာ အောက်တိုဘာလမှစတင်ကာ ချီဖွေနှင့် ဆော့လော်မြို့များကို သိမ်းပိုက်အပြီး ပန်ဝါဒေသကို ဆက်လက်ထိုးစစ်ဆင် တိုက်ခိုက်လာခြင်းဖြစ်ပြီး နယ်ခြားစောင့်တပ်ဌာနချုပ်ကို အပြီးသတ်သိမ်းပိုက်ထိန်းချုပ်လိုက်နိုင်ပြီ ဖြစ်ပါတယ်။

ပန်ဝါမြို့၏ မြင်ကွင်းတစ်ခု (ဓာတ်ပုံ အင်တာနက်)
0 Shares:
You May Also Like
Read More

NUG စာသင်ကျောင်းတစ်ကျောင်းမှာ မတ္တရာ ပကဖ က လေကြောင်းအန္တရာယ် အသိပညာပေးမှု ပြုလုပ်ခဲ့…

အမျိုးသားညီညွှတ်ရေးအစိုးရရဲ့ မြေပြင်စာသင်ကျောင်းတစ်ကျောင်းက ကျောင်းသားလူငယ်တွေကို လေကြောင်းအန္တရာယ်အသိပညာပေးမှု ပြုလုပ်ခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးအဖွဲ့ - မတ္တရာမြို့နယ်က မနေ့က ထုတ်ပြန်ပါတယ်။
Read More

မိုးကုတ်မြို့နယ်တွင် ယနေ့မနက် အကြမ်းဖက်စစ်တပ် ပေါင် ၂၅၀ ဗုံး ၂ လုံး ကြဲချတိုက်ခိုက်

မန္တလေးတိုင်း၊ မိုးကုတ်မြို့နယ်၊ ညောင်ကုန်း(ထက်) ကျေးရွာကို တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကော်မရှင်က ဒီမနက်မှာ လေကြောင်းဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ တအာင်းတပ်မတော် (TNLA) က သတင်းထုတ်ပြန်ပါတယ်။
Read More

မုံရွာ-မန္တလေးလမ်းမပေါ်ရှိ မုံရွေးတိုးဂိတ်စခန်းကို တော်လှန်ရေးတပ်များ ဝင်ရောက်သိမ်းပိုက်မှု စစ်အုပ်စု ၈ ဦး သေပြီး၊ လက်နက် ၅ လက် ရရှိ

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ မုံရွာ-မန္တလေးလမ်းမပေါ်က အကြမ်းဖက်စစ်တပ်ရဲ့ မုံရွေးတိုးဂိတ် အထိုင်စခန်းကို တော်လှန်ရေးပူးပေါင်းတပ်တွေဝင်ရောက်တိုက်ခိုက်သိမ်းပိုက်မှုမှာ အကြမ်းဖက် စစ်သား ၈ ယောက် သေဆုံးပြီး လက်နက် ၅ လက် သိမ်းဆည်းရရှိခဲ့ကြောင်း Budalin Defense Force (BDF) တာဝန်ရှိသူက မောင်းကို ပြောပါတယ်။
Read More

လုံခြုံရေးအလွန်တင်းကျပ်ထားတဲ့ မန္တလေးမြို့ပေါ်မှာ ဒေါက်တာတေဇာစန်းနှင့်အဖွဲ့ ထပ်မံဆန္ဒပြ

စစ်ကောင်စီက လုံခြုံရေးအလွန်တင်းကျပ်ထားတဲ့ မန္တလေးတိုင်း၊ မန္တလေးမြို့ပေါ်မှာ ဒေါက်တာတေဇာစန်း ဦးဆောင်ပြီး "ဘူး" သပိတ်လှုပ်ရှားမှု အရှိန်မြှင့်လုပ်ဆောင်ဖို့အတွက် ဆန္ဒပြခဲ့တယ်လို့ သိရပါတယ်။ ပြီးခဲ့တဲ့လပိုင်းအတွင်းကလည်း မန္တလေးမြို့မှာ ဆန္ဒပြခဲ့တဲ့ ဒေါက်တာတေဇာဆန်းအနေနဲ့ တိုက်ပွဲများ နီးကပ်လာပြီး လုံခြုံရေးအထူးတင်းကျပ်နေတဲ့ မန္တလေးမြို့မှာ ယခုရက်ပိုင်းအတွင်း အခုလိုထပ်မံ ဆန္ဒပြခဲ့ခြင်းလည်း ဖြစ်ပါတယ်။
Read More

KNDF ဗဟိုကော်မတီဝင်များ KNDF တပ်ရင်း ၁ ထံတွင် လက်ရှိနိုင်ငံရေးနဲ့ စစ်ရေးအ‌ရွေ့၊ အခင်းအကျင်း လာရောက်ဆွေးနွေးခဲ့ (ဓာတ်ပုံသတင်း)

ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF)ဗဟိုကောင်မတီက တာဝန်ရှိပုဂ္ဂိုလ်တွေက KNDF အမှတ်(၁)တပ်ရင်းနဲ့အတူ လက်ရှိနိုင်ငံရေးနဲ့ စစ်ရေးအ‌ရွေ့၊အခင်းအကျင်းအပေါ် လာရောက်ချပြဆွေးနွေးတင်ပြခြင်းအစီအစဉ်တစ်ရပ်ကို အောက်တိုဘာလ ၁၈ ရက်မှာ ပြုလုပ်ခဲ့တယ်လို့ အဆိုပါတပ်ရင်းက မနေ့က ထုတ်ပြန်ပါတယ်။
Read More

ချင်းပြည်နယ်တောင်ပိုင်းတွင် စစ်ကောင်စီစစ်ကြောင်းနှင့် တော်လှန်ရေးတပ်များ တိုက်ပွဲပြင်းထန်နေ

တော်လှန်ရေးတပ်တွေ အများစု စိုးမိုးထားတဲ့ ချင်းပြည်နယ်တောင်ပိုင်းမှာ အကြမ်းဖက်စစ်ကောင်စီစစ်ကြောင်းနဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေ တိုက်ပွဲပြင်းထန်နေတယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေထံက သိရပါတယ်။