နိုင်ငံတကာပါလီမန်များညီလာခံနဲ့ ဆက်စပ်အစည်းအဝေးတွေကို မြန်မာလွှတ်တော်ကိုယ်စားလှယ်အဖွဲ့ တက်ရောက်ခဲ့တယ်လို့ သိရပါတယ်။

ဆွစ်ဇာလန်နိုင်ငံ၊ ဂျနီဗာမြို့မှာ ကျင်းပလျက်ရှိတဲ့ (၁၄၉) ကြိမ်မြောက် နိုင်ငံတကာပါလီမန်များညီလာခံနဲ့ ဆက်စပ်အစည်းအဝေးတွေကို ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ် ဒေါက်တာဝင်းမြတ်အေး ဦးဆောင်တဲ့ မြန်မာလွှတ်တော်ကိုယ်စားလှယ်အဖွဲ့ ပါဝင်တက်ရောက်ခဲ့ခြင်းဖြစ်ပါတယ်။

(၁၄၉) ကြိမ်မြောက် နိုင်ငံတကာပါလီမန်များညီလာခံနဲ့ ဆက်စပ်အစည်းအဝေးတွေကို အောက်တိုဘာ ၁၃ ရက် ကနေ အောက်တိုဘာ ၁၇ ရက်အထိ ကျင်းပနေတာဖြစ်ပါတယ်။

မြန်မာလွှတ်တော် ကိုယ်စားလှယ်အဖွဲ့ က ညီလာခံအစည်းအဝေးများ၊ အမှုဆောင်ကော်မတီအစည်းအဝေးများ၊ အမြဲတမ်းကော်မတီ အစည်းအဝေးများနဲ့ ဆက်စပ်အစည်းအဝေးများကို ပါဝင်တက်ရောက်သွားမယ်လို့ သိရပါတယ်။

တက်ရောက်လာတဲ့ နိုင်ငံအလိုက်  လွှတ်တော်ကိုယ်စားလှယ်အဖွဲ့များနဲ့ သီးခြားစီ တွေ့ဆုံဆွေးနွေးသွားမယ်လို့ လည်း သိရပါတယ်။

 

ညီလာခံတက်ရောက်နေသည့် ဒေါက်တာဝင်းမြတ်အေး၏ တွေ့ဆုံဆွေးနွေးမှု ပုံရိပ်များ (ဓာတ်ပုံ PVTV)

0 Shares:
You May Also Like
Read More

မြန်မာပြည်သူတွေခံစားနေရတဲ့ ဒုက္ခကို ပြည်ပရောက်မြန်မာတွေ နိုင်တဲ့ဘက်က ကူညီပေးဖို့ သံအမတ်ကြီး ဦးကျော်မိုးထွန်းက တိုက်တွန်း

ဒုက္ခရောက်နေတဲ့ မြန်မာပြည်သူတွေ ကို ပြည်ပရောက်မြန်မာတွေက နိုင်တဲ့ဘက်ကကူညီပေးကြဖို့ သံအမတ်ကြီး ဦးကျော်မိုးထွန်းက တိုက်တွန်းပြောကြားလိုက်ပါတယ်။
Read More

ဘူတန်ဝန်ကြီးချုပ်က လူမှုကွန်ရက်မှာ တင်ထားသည့် မြန်မာစစ်ခေါင်းဆောင်နှင့် တွဲရိုက်ခဲ့သည့် ဓာတ်ပုံကို ပြန်လည်ဖယ်ရှား

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့မှာ ဧပြီလ ၄ ရက်က မြန်မာစစ်ခေါင်းဆောင် အကြမ်းဖက်မင်းအောင်လှိုင်နဲ့ တွေ့ဆုံခဲ့တဲ့ ဓာတ်ပုံတစ်ပုံကို ဘူတန်ဝန်ကြီးချုပ်က လူမှုကွန်ရက်စာမျက်နှာမှာမှာ ချီးကျူးစကားတွေ ရေးသားတင်ခဲ့ပြီးနောက် ပြန်လည်ဖယ်ရှားလိုက်တယ်လို့ သိရပါတယ်။
Read More

စစ်ကောင်စီနဲ့ MNDAA တို့အကြား ပစ်ခတ်ရပ်စဲရေးကို တရုတ်က စောင့်ကြည့်ရေးအဖွဲ့ဖြင့် စောင့်ကြည့်မည်ဟု ဆို

စစ်ကောင်စီနဲ့ MNDAA တို့အကြား ပစ်ခတ်ရပ်စဲရေးကို တရုတ်က စောင့်ကြည့်ရေးအဖွဲ့ဖြင့်ဆက်လက်စောင့်ကြည့်သွားမယ်လို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ Mr. Guo Jiakun က ပြောပါတယ်။
Read More

မင်းအောင်လှိုင် တည်းခိုရာ ဟိုတယ်အတွင်းထိ ထိုင်းကျောင်းသားတစ်ဦး သွားရောက်ဆန္ဒပြ 

ထိုင်း တက္ကသိုလ်ပထမနှစ် ကျောင်းသားတစ်ယောက်ဟာ ဒီညနေ ၄း၃၀ ခန့်အချိန်မှာ BIMSTEC အစည်းအဝေး တက်ရောက်ဖို့ ထိုင်းနိုင်ငံကို ရောက်နေတဲ့ မြန်မာစစ်အာဏာသိမ်းခေါင်းဆောင် မင်းအောင်လှိုင် တည်းခိုရာ ရှန်ဂရီလာဟော်တယ်ကို သွားရောက်ဆန္ဒပြခဲ့ပါတယ်။
Read More

သက်ဆင်ကို အာဆီယံအလွတ်တန်းအကြံပေးအဖြစ် ခန့်အပ်ကြောင်း မလေးဝန်ကြီးချုပ်ကြေညာ

မလေးရှားအနေနဲ့ လာမယ့်နှစ်မှာ အာဆီယံဥက္ကဋ္ဌအဖြစ် တာဝန်ယူချိန် ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်ကို အာဆီယံ အလွတ်တန်းအကြံပေးအဖြစ် ခန့်အပ်တယ်လို့ မလေးရှားဝန်ကြီးချုပ် Anwar Ibrahim က ဒီဇင်ဘာလ ၁၆ ရက်မှာ ပြောပါတယ်။
Read More

ကော့မြစ်ရေ ညစ်ညမ်းမှုကိစ္စ ဆွေးနွေးဖို့ ထိုင်းဒုဝန်ကြီးချုပ် မြန်မာပြည်သွားရန်စီစဉ်၊ တရုတ်နှင့် အနီးကပ်ဆက်ဆံရေးကို အသုံးချဖို့ ထိုင်းအမတ်အဆိုပြု

ကော့မြစ်အတွင်း အာဆင်းနစ်နဲ့ သတ္တုပျော်ဝင်မှုကြောင့် မြစ်ရေညစ်ညမ်းရတဲ့ ကိစ္စရပ်တွေကို ဆွေးနွေးဖို့ မြန်မာအာဏာပိုင်တွေနဲ့ တွေ့ဆုံမယ့်အကြောင်း ထိုင်းဒုဝန်ကြီးချုပ် Prasert Jantararauangtong က ပြောပါတယ်။