ကရင်ပြည်နယ်၊ ကရင်အမျိုးသားအစည်အရုံး – KNU တပ်မဟာ ၆ နယ်မြေ၊ ဒူးပလာယာခရိုင်မှာ အကြမ်းဖက်စစ်ကောင်စီတပ် လက်နက်ကြီးပစ်ခတ်မှုကြောင့် (၁၀) နှစ်အရွယ် မိန်းကလေး () ယောက် အပါ ပြည်သူ () ယောက် သေဆုံးပြီး () ဦး ဒဏ်ရာရရှိခဲ့တယ်လို့ KNU ဗဟိုက ထုတ်ပြန်ထားပါတယ်။

ကြာအင်းဆိပ်ကြီးမြို့နယ်၊ တခကလိုး (ခေါ်) ဝက်ဆီကုံးကျေးရွာကို အောက်တိုဘာလ (၁၂) ရက် ညပိုင်းမှာ အရှေ့တောင်တိုင်းစစ်ဌာနချုပ်လက်အောက်ခံ အခြေစိုက်စစ်ဗျူဟာ (ခလရ၂၈၄) ကြာအင်းဆိပ်ကြီး ဗျူဟာကုန်းက ၈၁ မမ လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့ရာ ကျေးရွာအတွင်း ကျရောက် ပေါက်ကွဲခဲ့တာပါ။

လက်နက်ကြီး ကျရောက်ပေါက်ကွဲမှုကြောင့် (၁၀) နှစ်အရွယ် မိန်းကလေးငယ်နဲ့ (၆၄) နှစ်အရွယ် အမျိုးသားတို့ ထိမှန်သေဆုံးခဲ့ပြီး (၁၃) နှစ်အရွယ်ကလေးငယ်ကတော့ စိုးရိမ်ဒဏ်ရာနဲ့ ဆေးကုသခံယူနေရသလို (၁၇) နှစ်အရွယ်ကလေးကတော့ ကျည်စအနည်းငယ် ထိမှန်ဒဏ်ရာတွေနဲ့ ဆေးကုမှု သခံယူနေရတယ်လို့ KNU က ဆိုပါတယ်။

ကေအဲန်ယူတပ်မဟာ ()၊ ဒူးပလာယာခရိုင်အတွင်းရှိ အကြမ်းဖက် စစ်ကောင်စီ တပ်စခန်းတွေကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (K.N.L.A)  နဲ့ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေ ဝိုင်းဝန်းပိတ်ဆို့တိုက်ခိုက်နေပြီး အကြမ်းဖက် စစ်ကောင်စီတပ်ကလည်း လက်နက်ကြီးနဲ့ လေယာဥ်တွေ အသုံးပြုကာ တိုက်ပွဲမဖြစ်ပွားတဲ့ နေရာတွေကိုပါ ရမ်းသမ်းပြီးရော ရည်ရွယ်ချက်ရှိရှိပါ ဗုံးကြဲပစ်ခတ်မှုတွေ ရှိနေတာပါ။

အကြမ်းဖက်စစ်ကောင်စီတပ်ရဲ့ ဗုံးကြဲပစ်ခတ်မှုတွေကြောင့် အပြစ်မဲ့ပြည်သူတစ်ချို့ ထိမှန်သေဆုံးဒဏ်ရာရတာတွေ ရှိသလို ပြည်သူပိုင် အိုးအိမ်ပစ္စည်းတွေအပြင် ဆေးရုံဆေးခန်းတွေ၊ စာသင်ကျောင်းတွေနဲ့ ဘာသာရေးအဆောက်အဦးတွေပါ ထိမှန်ပျက်စီးတာတွေ ရှိတယ်လို့ KNU က ထုတ်ပြန်ထားပါတယ်။

 

အကြမ်းဖက် စစ်ကောင်စီတပ် လက်နက်ကြီးပစ်ခတ်မှုကြောင့် ထိခိုက်သေဆုံးခဲ့တဲ့ အပြစ်မဲ့ အရပ်သားပြည်သူများ (ဓာတ်ပုံ KNU)

0 Shares:
You May Also Like
Read More

နောင်ချိုမြို့နယ်၊ ဆမ္မဆယ်ကျေးရွာမှာ စစ်ကောင်စီတပ် ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကြောင့် ဒေသခံ (၃) ယောက် ထိမှန်ဒဏ်ရာရ

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့နယ်၊ ဆမ္မဆယ်ကျေးရွာမှာ အကြမ်းဖက်စစ်ကောင်စီတပ်က ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကြောင့် ဒေသခံ (၃) ယောက် ထိမှန်ဒဏ်ရာရရှိခဲ့တယ်လို့ တအာင်းတပ်မတော် TNLA က သတင်းထုတ်ပြန်ထားပါတယ်။
Read More

ပေါက်ခေါင်း-အုတ်တွင်း လမ်းမှာ တိုက်ခိုက်ခံရပြီး စစ်ကား ချောက်ထဲကျ၊ ရန်ကုန်-မန္တလေး အမြန်လမ်းပေါ်မှ ရဲစခန်းများ တိုက်ခိုက်ခံရ၊ စစ်ကောင်စီတပ်ဖွဲ့ဝင် ၈ ဦး သေပြီး ၁၆ ဦးထက်မနည်း ဒဏ်ရာရ

စစ်ဆင်ရေးနယ်မြေ (၂) အတွင်း အကြမ်းဖက်စစ်ကောင်စီတပ်တွေကို ဒီရက်ပိုင်း တိုက်ခိုက်ချေမှုန်းခဲ့မှုတွေနဲ့ ပတ်သက်ပြီး အမျိုးသားညီညွတ်ရေးအစိုးရ NUG ၊ ကာကွယ်ရေးဝန်ကြီးဌာနက ဒီနေ့ မတ်လ ၂၇ ရက် (ဖက်ဆစ်တော်လှန်ရေးနေ့) မှာ ထုတ်ပြန်လာပါတယ်။
Read More

ငဖဲမြို့နယ်၊ နတ်ရေကန် လေကြောင်းရန်ကာကွယ်ရေးတပ်စခန်း၏ ကာကင်းစခန်းတစ်ခုကို တိုက်ခိုက်သိမ်းပိုက်၊ စစ်ကောင်စီတပ်က ၁ ဦးသေပြီး ၁ ဦးအရှင်ဖမ်းမိကာ လက်နက် ၆ လက် သိမ်းဆည်းရမိ…

မကွေးတိုင်း၊ ငဖဲမြို့နယ်ရှိ အကြမ်းဖက်စစ်ကောင်စီရဲ့ နတ်ရေကန် လေကြောင်းရန်ကာကွယ်ရေးတပ်စခန်းရဲ့ ကာကင်းစခန်းတစ်ခုကို တိုက်ခိုက်သိမ်းပိုက်ရာ စစ်သား ၁ ယောက် သေပြီး ၁ ယောက် အရှင်ဖမ်းမိခဲ့တယ်လို့ အရှိုချင်းကာကွယ်ရေးတပ် (ACDF) က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

လှည်းကူးရှိ ခမရ ၂၁၁ ကို လမ်းကြုံ လက်ပစ်ဗုံး ပစ်ခတ်တိုက်ခိုက်

ရန်ကုန်မြို့၊ လှည့်ကူးမြို့နယ်က စစ်ကောင်စီရဲ့ ခမရ ၂၁၁ ဂိတ်ကို လက်ပစ်ဗုံး ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ Yangon Army (YA) က သတင်းထုတ်ပြန်ထားပါတယ်။
Read More

နတ်တလင်းတွင် အကြမ်းဖက်စစ်တပ်အတွက် အလုပ်လုပ်ပေးသည့် ရာအိမ်မှူး ၁ ဦး ပစ်ခတ်ရှင်းလင်းခံရ

ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ နတ်တလင်းမြို့နယ်မှာ အကြမ်းဖက်စစ်တပ်အတွက် အလုပ်လုပ်ပေးနေတဲ့ ရာအိမ်မှူး ၁ ယောက်ကို နေအိမ်အထိ သွားရောက်ပစ်ခတ်ရှင်းလင်းခဲ့ကြောင်း သာယာဝတီခရိုင် အမှတ်-၁ တပ်ရင်း (၃၈၀၁) က သတင်းထုတ်ပြန်ထားပါတယ်။
Read More

နောင်ချိုမြို့နယ်၊ ဉာဏ်တောနှင့် ရွှေသွန်းကျေးရွာတွင် စစ်ကောင်စီတပ်နှင့် TNLAတို့ တိုက်ပွဲဆက်လက်ဖြစ်ပွားနေ

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့နယ်ရှိ ဉာဏ်တောနဲ့ ရွှေသွန်းကျေးရွာမှာ အကြမ်းဖက်စစ်ကောင်စီတပ်နဲ့ တအာင်းတပ်မတော် - TNLAတို့ တိုက်ပွဲဆက်လက်ဖြစ်ပွားနေတယ်လို့ TNLA က ဒီနေ့မနက်ပိုင်းမှာ ထုတ်ပြန်ပါတယ်။