မန္တလေးတိုင်း၊ တောင်သာမိတ္ထီလာလမ်းပိုင်းမှာ ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေက ၂ ရက်ကြာ လမ်းပိုင်းစစ်ဆေးရေး ပြုလုပ်ခဲ့တယ်လို့ တောင်သာမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က ထုတ်ပြန်ထားပါတယ်။

အောက်တိုဘာ ၁၀ ရက်နဲ့ ၁၁ ရက်တွေမှာ စစ်ရေးစီမံချက်နဲ့ အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ သွားလာလှုပ်ရှားမှု၊ စစ်ကောင်စီ ထုတ်ကုန်တွေ ကူးသန်းရောင်းဝယ်မှုတွေကို ဟန့်တားစီစစ်နိုင်ဖို့ တောင်သာမိတ္ထီလာလမ်းပိုင်းမှာ စစ်ဆေးဆောင်ရွက်မှုတွေ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

အဲ့ဒီလမ်းပိုင်းစစ်ဆေးမှုကို တောင်သာမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ နဲ့အတူ နေပြည်တော် ၈၀၁တပ်ရင်း၊ မိတ္ထီလာပကဖ၊ ညောင်ဦးခရိုင်တပ်ရင်း၁၊ စဥ့်ကိုင်ပကဖ၊ တောင်သာမြို့နယ် ပြည်သူ့လုံခြုံရေးအဖွဲ့၊ ကျောက်ပန်းတောင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့တို့က ပူးပေါင်းလုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

ပေါက်တွင် ပျူရွာကို လာသည့် စစ်ကြောင်း စောင့်ကြိုတိုက်ခိုက်ခံရပြီး ၅ ဦး သေ၊ ၈ ဦး ဒဏ်ရာရကာ ပြန်ဆုတ်သွား

မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ပေါက်မြို့နယ်မှာအင်အား ၂၀၀နီးပါးနဲ့ ဝင်ရောက်လာတဲ့ အကြမ်းဖက်စစ်ကြောင်းကို ခုခံတိုက်ခိုက်ရာ စစ်ကော်မရှင်တပ်သား​တွေ ထိခိုက်သေဆုံးပြီး ပြန်လည်ဆုတ်ခွာသွားတယ်လို့ ပြည်သူ့တော်လှန်ရေးတပ်ဦး (PRF) ဗဟို သတင်းနှင့်ပြန်ကြားရေးတာဝန်ခံက မောင်းကို ပြောပါတယ်။
Read More

ဗန်းမော်မြို့သိမ်းတိုက်ပွဲ ဆင်နွှဲနေချိန် KIA ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး အင်ဘန်လ ကို တရုတ်က ခေါ်ယူတွေ့ဆုံ

တရုတ်ဗဟိုအစိုးရက  ကချင်လွတ်လပ်ရေးအဖွဲ့(KIO/KIA) ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး အင်ဘန်လကို တရုတ်နိုင်ငံကခေါ်ယူလို့ ထွက်ခွာသွားတယ်လို့ သိရပါတယ်။
Read More

မုံရွာ-မန္တလေး လမ်းပိုင်းရှိ စစ်တပ်စခန်းမှ ဒုတပ်ကြပ် ၁ ဦး သေနတ် ၁ လက်နှင့်အတူ အလင်းဝင်လာ

စစ်ကိုင်းတိုင်း၊ မုံရွာ- မန္တလေး လမ်းပိုင်းမှာ တာဝန်ကျနေတဲ့ အကြမ်းဖက်စစ်ကောင်စီစခန်းမှ ဒုတပ်ကြပ် ၁ ယောက် သေနတ် ၁ လက်နဲ့အတူ အလင်းဝင်ရောက်လာတယ်လို့ Urban Hunter Force - UHF က ထုတ်ပြန်ထားပါတယ်။
Read More

ကျောက်မဲမြို့နယ် စစ်ဘေးရှောင် ပြည်သူများအတွက် SSPP/SSA စားနပ်ရိက္ခာများ ထောက်ပံ့ကူညီ

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့နယ်မှာ စစ်ဘေးရှောင်ပြည်သူတွေအတွက် စားနပ်ရိက္ခာတွေ ထောက်ပံ့ကူညီခဲ့တယ်လို့ ရှမ်းပြည်တိုးတက်ရေးပါတီ/ရှမ်းပြည်တပ်မတော် (SSPP/SSA) က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

သြဂုတ်လအတွင်း Yangon Army (YA) ၏ ၃ခုမြောက်မစ်ရှင်အဖြစ် လှည်းကူး အောင်မင်္ဂလာရပ်ကွက်ရုံးကို မိုင်းခွဲတိုက်ခိုက်

ရန်ကုန်တိုင်း၊ လှည်းကူးမြို့နယ်က အကြမ်းဖက် စစ်တပ်လက်ပါးစေတွေရှိရာ အောင်မင်္ဂလာရပ်ကွက်ရုံးကို ပြင်းအားမြင့်မိုင်းတွေနဲ့သွားရောက်ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း Yangon Army (YA) တာဝန်ရှိသူက မောင်းကို ပြောပါတယ်။
Read More

တနင်္သာရီမြို့နယ်အတွင်း စစ်ကောင်စီတပ်နှင့် တော်လှန်ရေးတပ်များ တိုက်ပွဲ ပြင်းထန်နေ၊ ပြည်သူများ စစ်ကောင်စီတပ်နှင့် ဝေးဝေးနေဖို့ သတိပေးထုတ်ပြန်…

တနင်္သာရီတိုင်း၊ မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်အတွင်း စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးတပ်တွေ တိုက်ပွဲပြင်းထန်နေတာကြောင့် ပြည်သူတွေ စစ်ကောင်စီတပ်နဲ့ ဝေးဝေးနေကြဖို့ မြိတ်ခရိုင်၊ ပြည်သူ့ကာကွယ်ရေး ပူးပေါင်းစစ်ကြောင်း (၁) က သတိပေးထုတ်ပြန်ထားပါတယ်။