လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီဟာ ခေတ်အဆက်ဆက် စစ်အာဏာရှင်ကိုတွန်းလှန်ဆန့်ကျင်ခဲ့တဲ့ သမိုင်းဝင် နိုင်ငံရေးပါတီတစ်ခုဖြစ်တယ်လို့  ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) က ပြောဆိုလိုက်ပါတယ်။

ပါတီတည်ထောင်ခြင်း ၃၆ နှစ်ပြည့်မြောက်ခဲ့ပြီဖြစ်တဲ့ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီကို ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) က သဝဏ်လွှာပေးပို့မှုမှာ အခုလို ဖော်ပြထားတာပါ။

ရှစ်လေးလုံး ဒီမိုကရေစီအရေးတော်ပုံနဲ့အတူ ရှင်သန်ပေါက်ဖွားခဲ့တဲ့ လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီက ဒီနေ့မှာ (၃၆)နှစ် တိုင်ခဲ့ပြီဖြစ်တဲ့အတွက် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီအနေနဲ့ ဂုဏ်ယူဝမ်းမြောက်တယ်လို့လည်း ဖော်ပြထားပါတယ်။

(ဓာတ်ပုံ DPNS)

လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီဟာ အနာဂတ်မှာ ပါတီရဲ့ ရှေ့လုပ်ငန်းစဉ်တွေ၊ မူဝါဒတွေကို ပိုမိုတိုးတက်အောင်မြင်စေဖို့ အစုအဖွဲ့အသီးသီးနဲ့ ချိတ်ဆက်ဆောင်ရွက်သွားပြီး‌ ပြည်သူလူထုနဲ့ တစ်သားတည်းရှိနေပါစေကြောင်း ဆုမွန်ကောင်းတောင်းတယ်လို့လည်း ဆိုပါတယ်။

နွေဦးတော်လှန်ရေးအတွင်း  လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီအနေနဲ့ တော်လှန်ရေးအင်အားစု အသီးသီးနဲ့အတူ တိုင်းရင်းသားပြည်သူအားလုံးရဲ့ မျှော်မှန်းချက်ပန်းတိုင်ဆီ ဟန်ချက်ညီညီ လျှောက်လှမ်းလျက်ရှိတဲ့ ပါတီတစ်ခုလို့လည်း CRPH က ရည်ညွှန်းပြောဆိုပါတယ်။

လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီအပါအဝင်  တော်လှန်ရေးအင်အားစုတွေအနေနဲ့  ပြည်သူတွေနဲ့အတူ စစ်အာဏာရှင်ကို သတိကြီးစွာ ရင်ဆိုင် ကျော်လွှားသွားနိုင်ကြဖို့ လွန်စွာ အရေးကြီးတယ်လို့လည်း ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီက သဝဏ်လွှာကနေတဆင့် အသိပေးတိုက်တွန်းလိုက်ပါတယ်။

0 Shares:
You May Also Like
Read More

စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များကို တိုက်ခိုက်၊ ၃ ဦးထက်မနည်း သေဆုံးပြီး လက်နက်ခဲယမ်းအချို့ ရရှိ

စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ ကယန်းအမျိုးသားတပ်မတော်(KNA)တို့ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က ၃ ယောက်ထက်မနည်း သေဆုံးကာ သေနတ် ၂လက်နဲ့ ခဲယမ်းတွေ ရရှိခဲ့တယ်လို့ ကယန်းအမျိုးသားတပ်မတော်(KNA) က ထုတ်ပြန်ပါတယ်။
Read More

တော်လှန်ရေး အားကောင်းတဲ့ နယ်မြေတွေမှာ စစ်ကောင်စီတပ်စခန်းတွေ လနဲ့ချီ ဖြတ်တောက်ပိတ်ဆို့ခံထားရလို့ ရိက္ခာပြတ်တဲ့ အခြေအနေနဲ့ ကြုံနေရ

တော်လှန်ရေးအားကောင်းတဲ့ နယ်မြေအများစုမှာ စစ်ကောင်စီတပ်တွေဆီ ရိက္ခာလာရာ လမ်းကြောင်းတွေ ဖြတ်တောက်တဲ့ နည်းလမ်းကို အသုံးပြုကာ အင်အားနည်းသွားတဲ့အချိန်မှာ ဝင်ရောက်တိုက်ခိုက်တဲ့ ဗျူဟာကို အသုံးပြုမှု အားကောင်းလာတယ်လို့ CDM ပြုလုပ်ထားတဲ့စစ်တပ်အရာရှိတွေကပြောပါတယ်။
Read More

တနင်္သာရီမြို့နယ်တွင် စစ်ကောင်စီတပ်စခန်း၊ စစ်ကြောင်းနှင့် ရိက္ခာယာဥ်တန်းကို ၃ ရက်ဆက် တိုက်ခိုက်

တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ်မှာ အကြမ်းဖက်စစ်ကောင်စီ တပ်စခန်း၊ အကြမ်းဖက်စစ်ကြောင်းနဲ့ ရိက္ခာယာဥ်တန်းကို ၃ ရက်ဆက် တိုက်ခိုက်ရာ စစ်ကောင်စီတပ်က ထိခိုက်သေဆုံးမှုတွေ ရှိတယ်လို့ တနင်္သာရီမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ပကဖ) က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ထိတွေ့ပစ်မှုမရှိဘဲ ရှရော်ခရွာကို စစ်ကော်မရှင်တပ် ဒရုန်းဖြင့် ဗုံးကြဲ၊ ဒေသခံ ၅ ဦး ဒဏ်ရာရ

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်ရှိ ရှရော်ခရွာထဲကို စစ်ကော်မရှင်တပ်က ထိတွေ့ပစ်ခတ်မှုတွေမရှိဘဲ ဒရုန်းနဲ့ ဗုံးသီးကြဲချခဲ့တဲ့အတွက် ထိခိုက်ဒဏ်ရာရသူတွေ ရှိခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
Read More

လုံခြုံရေးအရ အာမခံနိုင်မယ့် မဲဆန္ဒနယ် ၁၆၀ ကျော်မှာ စစ်ကောင်စီက ရွေးကောက်ပွဲလုပ်ဖို့ ပြင်ဆင်နေ

၂၀၂၅ မှာ စစ်ကောင်စီဘက်ကပြုလုပ်မယ့် ရွေးကောက်ပွဲအတွက် တစ်နိုင်ငံလုံးမှာ မဲဆန္ဒနယ် ၁၆၀ ကျော်လောက်ပြုလုပ်နိုင်မယ့် အနေအထားရှိတယ်လို့ စစ်ကောင်စီရဲ့ ဝါဒဖြန့် မီဒီယာတွေမှာ ဖော်ပြလာပါတယ်။
Read More

မင်းအောင်လှိုင် တရုတ်က ပြန်ရောက်ပြီး ရက်ပိုင်းအတွင်း နောင်ချိုနဲ့ မိုးကုတ်မှာ စစ်ကောင်စီတပ် လေကြောင်းတိုက်ခိုက်မှုကြောင့် ဒေသခံ အယောက် (၂၀) သေဆုံးပြီး (၂၄) ယောက် ထိခိုက်ဒဏ်ရာရ

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့နယ်နဲ့ မန္တလေးတိုင်း၊ မိုးကုတ်မြို့နယ်တွေမှာ အကြမ်းဖက်စစ်ကောင်စီတပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ဒေသခံ အယောက် (၂၀) သေဆုံးပြီး (၂၄) ယောက် ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ တအာင်းတပ်မတော် TNLA က ထုတ်ပြန်ထားပါတယ်။