တော်လှန်အနုပညာရှင်တစ်ယောက်ဖြစ်တဲ့ မင်းမော်ကွန်းက သူ့ရဲ့ ပြည်ပဂီတဖျော်ဖြေပွဲကနေ ရရှိခဲ့တဲ့ ရန်ပုံငွေတွေကို CDM အနုပညာရှင်တွေဆီ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း မင်းမော်ကွန်းရဲ့ ဆိုရှယ်မီဒီယာမှာ ဖော်ပြလာပါတယ်။

မင်းမော်ကွန်း ရဲ့ သြစတေးလျနိုင်ငံ ဖျော်ဖြေပွဲ ၂ ပွဲက ရရှိတဲ့ ရန်ပုံငွေ ဘတ် ၂ သန်းကျော်ကို CDM အနုပညာရှင် မိသားစုပေါင်း ၁၀၆ စုထံ ထောက်ပို့ခဲ့တယ်လို့ ရေးသားထားပါတယ်။

တော်လှန်‌ရေးအတွက် အနုပညာလက်နက်အစီအစဉ်နဲ့ ဆစ်ဒနီ နဲ့ မဲလ်ဘုန်းမြို့တွေမှာ ပြုလုပ်ခဲ့တဲ့ ဖျော်ဖြေပွဲ ၂ ပွဲကနေ ပန်းချီလေလံ၊ လက်မှတ်ရောင်းရငွေ၊ ဆုကြေး အပါအဝင် ရရှိသမျှ ရန်ပုံငွေစုစုပေါင်း 2,140,897 THB ကို နယ်စပ်ဒေသက CDM အနုအညာရှင် မိသားစုပေါင်း ၁၀၆ စုထံ မိသားစု တစ်စုကို ဘတ် ၂ သောင်းစီ ခွဲဝေပေးပို့ပြီး ဖြစ်တယ်လို့ တော်လှန်အနုပညာရှင် မင်းမော်ကွန်းက ပြောထားပါတယ်။

ဖျော်ဖြေပွဲမှာ ပွဲလက်မှတ်ရောင်းရငွေ၊ အစားအသောက်ရောင်းရငွေနဲ့ လေလံအမှတ်တရပစ္စည်းတို့ကနေ ရရှိငွေ အပါအဝင် ပရိသတ်က ဆုချတဲ့ ဆုကြေးငွေအားလုံးကို CDM  မိသားစုဝင်တွေကို ပေးပို့ခဲ့တာလည်း ဖြစ်ပါတယ်။

ပြည်ပရောက် တော်လှန်အနုပညာရှင်တွေဟာ  ဂီတဖျော်ဖြေပွဲနဲ့ အနုပညာဖန်တီးမှုတွေကနေ ရရှိတဲ့ ဝင်ငွေတွေကို CDM ဝန်ထမ်းတွေနဲ့ တော်လှန်ရေးအင်အားစုတွေထံ မကြာခဏ ထောက်ပံ့ကူညီမှုတွေ လုပ်ဆောင်လျက်ရှိနေတာ ဖြစ်ပါတယ်။

(ဓာတ်ပုံ The Voice of Spring)
0 Shares:
You May Also Like
Read More

၅၀၅ (က) လွတ်ငြိမ်းကြောင့် မနေ့က ညနေပိုင်းအထိ အကျဥ်းထောင် ၁၆ ခုမှ အမှန်တကယ် လွတ်လာသူ ၅၄၉ ဦးသာရှိဟု အေအေပီပီ ထုတ်ပြန်

အတုအယောင်ရွေးကောက်ပွဲကို မဲပေးနိုင်ဖို့ဆိုတဲ့ အကြောင်းပြချက်နဲ့ ပုဒ်မ ၅၀၅ (က)နဲ့ ဖမ်းဆီးအကျဉ်းချထားတဲ့ အကျဉ်းသူ၊ အကျဉ်းသားတွေကို အကြမ်းဖက်စစ်တပ်က လွတ်ငြိမ်းသက်သာခွင့်ပြုကြောင်း ကြေညာခဲ့ပေမယ့် အမှန်တကယ် လွတ်မြောက်လာသူအရေအတွက်ဟာ ဖမ်းဆီးခံထားရမှုနဲ့ယှဥ်ရင် အနည်းငယ်သာရှိတယ်လို့ သိရပါတယ်။
Read More

သီပေါနဲ့ နောင်ချိုမြို့တို့မှာ စစ်ကောင်စစ်တပ်က ပေါင် (၅၀၀)ဗုံး လာရောက်ကြဲချမှုကြောင့် ဒေသခံ ၁ ယောက် သေဆုံးပြီး နေအိမ်အများအပြားပျက်စီး…

ရှမ်းပြည်နယ်မြောက်ပိုင်းက သီပေါမြို့နဲ့ နောင်ချိုမြို့တို့မှာ အကြမ်းဖက်စစ်ကောင်စစ်တပ်က ဖျက်အားပြင်း ပေါင် (၅၀၀)ဗုံး လာရောက်ကြဲချမှုကြောင့် ဒေသခံ ၁ ယောက် သေဆုံးပြီး နေအိမ်အများအပြားပျက်စီးခဲ့တယ်လို့ တအာင်းတပ်မတော် TNLA က ထုတ်ပြန်ထားပါတယ်။
Read More

ကဝမြို့နယ် ပကဖ၏ ဆေးတပ်ဖွဲ့က စိုးမိုးနယ်မြေအတွင်းရှိ တော်လှန်ရေးရဲဘော်များနှင့် ရပ်ရွာလူထုကို ကျန်းမာရေးစောင့်ရှောက်မှု ပေးနေ (ဓာတ်ပုံသတင်း)

ပဲခူးတိုင်း၊ ကဝမြို့နယ်မှာ ကဝမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ရဲ့ ဆေးတပ်ဖွဲ့က တော်လှန်ရေးရဲဘော်တွေနဲ့ ရပ်ရွာလူထုကို ဆေးဝါးကုသမှုနဲ့ ကျန်းမာရေးစောင့်ရှောက်မှုတွေ တတ်နိုင်သမျှ စဉ်ဆက်မပြတ် အခမဲ့ ပြုလုပ်ပေးနေတယ်လို့ အဆိုပါတပ်ဖွဲ့က ထုတ်ပြန်ပါတယ်။
Read More

မြင်းခြံမှာ အကြမ်းဖက် သီတာယုမွန်လက်အောက်ခံ စစ်အုပ်စုတွေက ကုန်စုံဆိုင်ပိုင်ရှင် အမျိုးသမီးတစ်ယောက်ကို ဓားပြတိုက်သတ်ဖြတ်ခဲ့

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်မှာ သီတာယုမွန် လက်အောက်ခံပျူစောထီးတွေက ကုန်စုံဆိုင်ပိုင်ရှင်အမျိုးသမီးတစ်ယောက်ကို ဓားပြတိုက်သတ်ဖြတ်ပြီး လက်ဝတ်ရတနာတွေ ယူဆောင်သွားတယ်လို့ မြင်းခြံလူထုလှုပ်ရှားမှုကော်မတီဆီက သိရပါတယ်။
Read More

အရာတော်က အမတ ၃၆၉ တပ်ရင်းကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်

စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ်ရှိ အကြမ်းဖက်စစ်ကောင်စီရဲ့ အမြောက်တပ်ရင်း အမတ ၃၆၉ တပ်ရင်းကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ Snipe Rangers Force (Local - PDF) ဆီက သိရပါတယ်။
Read More

နမ့်ခမ်းမှ ဆိုင်ကယ်သယ်ပြီး လာရောင်းသည့် အမျိုးသမီး အင်းတော်တွင် ဓားပြတိုက်ခံရ

နမ့်ခမ်းမြို့ကနေ ဆိုင်ကယ်သယ်ပြီး လာရောင်းတဲ့ အမျိုးသမီးတစ်ယောက် အင်းတော်မှာ လက်လုပ်သေနတ်နဲ့ ဓားပြတိုက်ခံခဲ့ရတယ်လို့ အင်းတော်ဒေသခံတွေဆီက သိရပါတယ်။