စစ်ကိုင်းတိုင်း မုံရွာမြို့နယ် အနောက်မြောက်တိုင်းစစ်ဌာနချုပ်ကနေ အင်အား ၁၂၀ နဲ့ စစ်ကြောင်းထွက်လာတဲ့ အကြမ်းဖက်စစ်သားတွေကို   အောက်တိုဘာ ၉ ရက်က နေ့လယ်ပိုင်းက ဘုတလင်မြို့တောင်ဘက် ကျောက်အိုးရွာအနီး ဒရုန်းနဲ့ လက်လုပ် ၁၂၀ မမ ဗုံးသီးတွေ ကြဲချတိုက်ခိုက်ခဲ့တယ်လို့ BGS Drone Force အဖွဲ့ထံက သိရပါတယ်။

တိုက်ခိုက်ခံရတဲ့ အကြမ်းဖက်စစ်သား ၁ ယောက် သေကာ ၁ ယောက် ပေါင်ပြက်ရှဒဏ်ရာ ရရှိသွားတယ်လို့ သိရပါတယ်။

အောက်တိုဘာ ၁၀ ရက် နေ့လယ်ပိုင်းမှာ အဲဒီစစ်ကြောင်းဟာ ဘုတလင်မြို့အတွင်း ဝင်ရောက်ပြီး တပ်စွဲထားတဲ့ သတင်းအရ မြဝတီခန်းမအဆောင်နဲ့ မီးသတ်စခန်းတွေကို ဒရုန်းနဲ့ လက်လုပ် ၁၂၀ မမ ၂ လုံး၊ ၆၀ မမ ၂ လုံး ထပ်မံကြဲချတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

အဲဒီတိုက်ခိုက်မှုကို  BGS & Rocket Ayadaw Drone Force၊ စွန်ရဲ Drone Force နဲ့ မုံရွာခရိုင်တပ်ရင်း (၂၀) BOB၊ တပ်ရင်း (၁၉)၊ ဒေသခံရဲဘော်တွေက ပူးပေါင်းလုပ်ဆောင်ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

ကမ္မမြို့ပေါ်ရဲစခန်းဂိတ်ကို ဒရုန်းဖြင့် ဗုံးသီးကြဲချတိုက်ခိုက် (ရုပ်/သံ)

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ ကမ္မမြို့ပေါ် ရဲစခန်းဂိတ်ကို ဒရုန်းနဲ့ ဗုံးသီးကြဲချတိုက်ခိုက်ခဲ့တယ်လို့ RED GIANT အဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။
Read More

တောင်ညိုစစ်ကြောင်းမှ ၁/၂၀၂၄ အခြေခံစစ်ပညာသင်တန်းဆင်းပွဲအခမ်းအနားကျင်းပပြီးစီး (ရုပ်/သံ)

ပြည်သူ့ကာကွယ်ရေးတပ်မတော် အမှတ် (၂) စစ်ဒေသ၊ စစ်ဒေသခွဲ အမှတ် (၃) တောင်ညိုစစ် ကြောင်းရဲ့ ၁/၂၀၂၄ အခြေခံစစ်ပညာသင်တန်းဆင်းပွဲအခမ်းအနား မှတ်တမ်းရုပ်သံကို ထုတ်ပြန် လိုက်ပါတယ်။
Read More

အောင်လံမြို့နယ်မှာ အကြမ်းဖက်စစ်သားတွေ စီးနင်းလာတဲ့ လိုက်ထရပ်ယာဉ်မိုင်းဆွဲခံရပြီး ၇ ယောက်သေကာ အများအပြားဒဏ်ရာရ (ရုပ်/သံ)

မကွေးတိုင်း အောင်လံမြို့နယ်မှာ အောက်တိုဘာ ၂၇ ရက်က အကြမ်းဖက်စစ်သား ၂၅ ယောက် လိုက်ပါစီးနင်းလာတဲ့ လိုက်ထရပ်ယာဉ်ကို ကြူဝပ်/ကျောက်ပုံကျေးရွာနဲ့ သံပုရာခုံကျေးရွာအကြားမှာ တော်လှန်ရေးအင်အားစုတွေက မိုင်းဆွဲပြီး လက်နက် ငယ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ၇ ယောက်သေပြီး အများအပြား ထိခိုက်ဒဏ်ရာရရှိသွားတယ် လို့ သရက်ခရိုင် အမှတ် - ၁ တပ်ရင်းထံက သိရပါတယ်။
Read More

မေမေနေကောင်းလား သီချင်းသီဆိုကာ ဧရာဝတီတိုင်းစစ်ဌာန ရဲဘော်များ ဒေါ်အောင်ဆန်းစုကြည့်မွေးနေ့အထိမ်းအမှတ်ဂုဏ်ပြု (ရုပ်/သံ)

ဧရာဝတီတိုင်းစစ်ဌာနရဲဘော်တွေက ဇွန်လ ၁၉ ရက်မှာ ကျရောက်မယ့် လူထုခေါင်းဆောင် ဒေါ် အောင်ဆန်းစုကြည်ရဲ့ အသက် (၈၀) ပြည့်မွေးနေ့အထိမ်းအမှတ် မေမေနေကောင်းလား သီချင်းကို သီဆိုဂုဏ်ပြုခဲ့ကြပါတယ်။
Read More

ကပစ ၁၂ အား ရှော့တိုက်ဒုန်းများ ပစ်ခတ်တိုက်ခိုက် (ရုပ်/သံ)

မကွေးတိုင်း၊ သရက်မြို့နယ်အတွင်းရှိ အကြမ်းဖက်စစ်တပ်ရဲ့ ကာကွယ်ရေးပစ္စည်းစက်ရုံကို ရှော့တိုက်ဒုန်းတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ သရက်ခရိုင် အမှတ် ၄ တပ်ရင်းက ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ဗိုလ်တထောင်မြို့နယ်တွင် လေဆင်နှာမောင်းတိုက်ခတ်မှုကြောင့် ကွန်တိန်နာယာဉ်နှင့် စျေးဆိုင်ခန်းများ ပျက်စီး (ရုပ်/သံ)

ရန်ကုန်မြို့၊ ဗိုလ်တထောင်မြို့နယ်မှာ ဒီနေ့ ဇူလိုင်လ ၂၄ရက် မနက်ပိုင်းက လေဆင်နှာမောင်းတိုက်ခတ်ခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။